ကိုဗစ္ေၾကာင့္ ေသဆုံးသူမ်ားသလို ဘီလ်ံနာမ်ားလည္း တိုးပြား၊ တ႐ုတ္မွ အမ်ားဆုံးပါဝင္

တ႐ုတ္ျပည္ဝူဟန္ၿမိဳ႕မွာ စျဖစ္ခဲ့တဲ့ ကိုဗစ္ဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔ကမာၻမွာ ေသဆုံးသူေပါင္း (၁.၇) သန္းရွိေနၿပီျဖစ္သ လို ဘီလ်ံနာအသစ္ေတြလည္း တိုးလာပါတယ္။

ကိုဗစ္ေၾကာင့္ ကမာၻမွာ ဘီလ်ံနာအသစ္ျဖစ္လာတဲ့ ဆရာဝန္နဲ႔ ေဆးဘက္ဆိုင္ရာပညာရွင္ အေယာက္ (၅၀) ထပ္တိုးလာခဲ့တယ္လို႔ အေမရိကန္ ဘ႑ာေရးနဲ႔ စီးပြားေရးစစ္တမ္းအဖြဲ႕ Forbes က ဒီဇင္ဘာ (၂၈) ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံအသီးသီးက အစိုးရေတြဟာ ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ဖို႔အတြက္ ေငြေၾကးေတြသုံးစြဲၿပီး ေဆးဘက္ဆိုင္ရာ ပညာရွင္ေတြဘက္ကို ပုံေအာ သုံးစြဲမႈေတြလုပ္ခဲ့တာကေန ဘီလ်ံနာအေယာက္ (၅၀) ထပ္တိုးလာတာျဖစ္ပါတယ္။ အဲဒီအထဲမွာ တ႐ုတ္ႏိုင္ငံက (၂၈) ေယာက္ ပါဝင္ေနပါတယ္။

ဘီလ်ံနာအသစ္ စာရင္းထဲဝင္လာတဲ့ စာရင္းထဲ့မွာ အထင္ရွားဆုံးကေတာ့ BioNTech ကုမၸဏီပူးတြဲထူေထာင္သူ တူရကီဖြားဂ်ာမန္သား ေအာ္ရွာဟင္နဲ႔ မက္ဆာခ်ဴးဆက္အေျခစိုက္ Moderna ကုမၸဏီစီအီးအို စတက္ဖနီဘန္ဆယ္ တို႔ပဲ ျဖစ္ပါတယ္။

ရွာဟင္ရဲ႕ႂကြယ္ဝမႈက ဇန္နဝါရီလေနာက္ ပိုင္းကတည္းက တစ္ရိပ္ရိပ္တက္လာၿပီး ေဒၚလာ (၄.၂) ဘီလီယံအထိ ရွိလာခဲ့ပါတယ္။ BioNTech ကုမၸဏီက ထုတ္တဲ့ေဆး ေအာင္ျမင္မႈေၾကာင့္ သူတို႔ကုမၸဏီရွယ္ယာေဈးႏႈန္းဟာ (၁၆၀) ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္မွာ Moderna စီအီးအိုျဖစ္လာတဲ့ ျပင္သစ္ႏိုင္ငံသား ဘန္ဆယ္ဟာလည္း မတ္လက သူပိုင္တဲ့ရွယ္ယာအစု တစ္သန္းေက်ာ္ကို စေတာ့ရွယ္ယာေဈးကြက္တင္ ေရာင္းခ်ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ သူတို႔ကုမၸဏီထုတ္လုပ္တဲ့ ကိုဗစ္ကာကြယ္ေဆးက ေအာင္ျမင္ေတာ့မွာျဖစ္တဲ့အတြက္ ရွယ္ယာေဈးဟာ (၅၅၀) ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့တာေၾကာင့္ ဘီလ်ံနာစာရင္းဝင္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ေနာက္ထပ္ ေျပာစမွတ္တြင္တဲ့ ဘီလီယံနာအသစ္ ျဖစ္လာသူကေတာ့ တ႐ုတ္ႏိုင္ငံသူ ယြမ္လီပင္းပဲ ျဖစ္ပါတယ္။ သူမဟာ ဇြန္လက ခင္ပြန္းဒူဝီးမင္နဲ႔ ကြာရွင္းလိုက္တုန္းကရရွိတဲ့ စရိတ္ထဲက (၂၄) ရာခိုင္ႏႈန္းကို Pfizer ေဆးထုတ္လုပ္တဲ့ ကုမၸဏီရွယ္ယာထဲ ထည့္သြင္းထားတဲ့အတြက္ သူ႔ရဲ႕ ႂကြယ္ဝမႈဟာ ေဒၚလာ (၄.၁) ဘီလီယံအထိ တိုးျမင့္သြားခဲ့ၿပီး ကေနဒါႏိုင္ငံရဲ႕ အခ်မ္းသာဆုံးအမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Pfizer-BioNTech ကိုဗစ္ ကာကြယ္ေဆးကို အေမရိကန္၊ ယူႏိုက္တက္ကင္းဒမ္း အပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အေရးေပၚကာကြယ္ေဆးအျဖစ္ စတင္အသုံးျပဳေနၾကၿပီ ျဖစ္ပါတယ္။

Unicode

တရုတ်ပြည်ဝူဟန်မြို့မှာ စဖြစ်ခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဒီနေ့ကမ္ဘာမှာ သေဆုံးသူပေါင်း (၁.၇) သန်းရှိနေပြီဖြစ်သလို ဘီလျံနာအသစ်တွေလည်း တိုးလာပါတယ်။

ကိုဗစ်ကြောင့် ကမ္ဘာမှာ ဘီလျံနာအသစ်ဖြစ်လာတဲ့ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာပညာရှင် အယောက် (၅၀) ထပ်တိုးလာခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားရေးစစ်တမ်းအဖွဲ့ Forbes က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံအသီးသီးက အစိုးရတွေဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ငွေကြေးတွေသုံးစွဲပြီး ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဘက်ကို ပုံအော သုံးစွဲမှုတွေလုပ်ခဲ့တာကနေ ဘီလျံနာအယောက် (၅၀) ထပ်တိုးလာတာဖြစ်ပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံက (၂၈) ယောက် ပါဝင်နေပါတယ်။

ဘီလျံနာအသစ် စာရင်းထဲဝင်လာတဲ့ စာရင်းထဲ့မှာ အထင်ရှားဆုံးကတော့ BioNTech ကုမ္ပဏီပူးတွဲထူထောင်သူ တူရကီဖွားဂျာမန်သား အော်ရှာဟင်နဲ့ မက်ဆာချူးဆက်အခြေစိုက် Moderna ကုမ္ပဏီစီအီးအို စတက်ဖနီဘန်ဆယ် တို့ပဲ ဖြစ်ပါတယ်။

ရှာဟင်ရဲ့ကြွယ်ဝမှုက ဇန်နဝါရီလနောက် ပိုင်းကတည်းက တစ်ရိပ်ရိပ်တက်လာပြီး ဒေါ်လာ (၄.၂) ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ BioNTech ကုမ္ပဏီက ထုတ်တဲ့ဆေး အောင်မြင်မှုကြောင့် သူတို့ကုမ္ပဏီရှယ်ယာဈေးနှုန်းဟာ (၁၆၀) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ Moderna စီအီးအိုဖြစ်လာတဲ့ ပြင်သစ်နိုင်ငံသား ဘန်ဆယ်ဟာလည်း မတ်လက သူပိုင်တဲ့ရှယ်ယာအစု တစ်သန်းကျော်ကို စတော့ရှယ်ယာဈေးကွက်တင် ရောင်းချခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့ကုမ္ပဏီထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးက အောင်မြင်တော့မှာဖြစ်တဲ့အတွက် ရှယ်ယာဈေးဟာ (၅၅၀) ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာကြောင့် ဘီလျံနာစာရင်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် ပြောစမှတ်တွင်တဲ့ ဘီလီယံနာအသစ် ဖြစ်လာသူကတော့ တရုတ်နိုင်ငံသူ ယွမ်လီပင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဇွန်လက ခင်ပွန်းဒူဝီးမင်နဲ့ ကွာရှင်းလိုက်တုန်းကရရှိတဲ့ စရိတ်ထဲက (၂၄) ရာခိုင်နှုန်းကို Pfizer ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီရှယ်ယာထဲ ထည့်သွင်းထားတဲ့အတွက် သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ (၄.၁) ဘီလီယံအထိ တိုးမြင့်သွားခဲ့ပြီး ကနေဒါနိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ Pfizer-BioNTech ကိုဗစ် ကာကွယ်ဆေးကို အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း အပါအဝင် နိုင်ငံတော်တော်များများက အရေးပေါ်ကာကွယ်ဆေးအဖြစ် စတင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *