အိႏၵိယက BARAK-8 တာလတ္ပစ္မစ္ဇိုင္းေတြကို INS VIKRANTေလယာဥ္တင္သေဘၤာအပါအဝင္ စစ္သေဘၤာမ်ားတြင္ ပိုမိုတပ္ျဖန႔္သြားရန္စဥ္းစားေန ( သာေကာနဲ့ လာခ္ေဒသမွာ ျပသနာတက္ျပီးေနာက္ပုိင္း BARAK-8 တာလတ္ပစ္မစ္ဇိုင္းေတြေ ၊ S-400ေတြပါ ထုတ္သုံးလာတဲ့ အိႏၵိယ )

Barak-8 တာလတ္ပစ္ေလေၾကာင္းရန္ကာကြယ္ေရး မစ္ဇိုင္းဒုံးက်ည္ေတြဟာဆိုရင္ Barak-1ေတြအေပၚမွာ အေျခခံၿပီး အစၥေရးနဲ႔ အိႏၵိယတို႔က ပူးတြဲထုတ္လုပ္ထားတဲ့ တာလတ္ပစ္ဒုံးက်ည္အမ်ိဳးအစားေတြဘဲျဖစ္ပါတယ္။Barak- 2လို႔ လူသိမ်ားတဲ့ ဒီဒုံးက်ည္ေတြကို ၂၀၁၄ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ အခုလက္ရွိအခ်ိန္ထိ Barak-8ဒုံးက်ည္ေတြကို အိႏၵိယ၊ အစၥေရး၊ အဇာဘိုင္ဂ်န္နတို႔မွာ အသုံးျပဳလ်က္ရွိပါတယ္။

အိႏၵိယဘက္က Barak-8ေတြကို S-400ေတြနဲ႔အတူ သူတို႔အေပၚ ေလေၾကာင္းက်ဴးေက်ာ္လာႏိုင္မႈေတြကို ကာကြယ္သြားဘို႔ရွိေနပါတယ္။အထူးသျဖင့္ လာခ္ေဒသမွာ တ႐ုတ္နဲ႔တင္းမာမႈေတြျဖစ္ၿပီးေနာက္ပိုင္း Barak-8ေတြကို ပိုမိုစိတ္ဝင္စားလာတာျဖစ္ပါတယ္။ အေစာပိုင္းမွာ Barak-8ဒုံးက်ည္ေတြဟာ အေလးခ်ိန္ ၆၀ကီလိုဂရမ္ရွိ ထိပ္ဖူးကိုသယ္ေဆာင္ၿပီး အကြာအေဝးအေနနဲ႔ ၇၀ကီလိုမီတာ အကြာအေဝးထိေရာက္ေအာင္ပစ္ခတ္ႏိုင္ပါတယ္။

Mach-2ႏႈန္းနဲ႔ ပ်ံသန္းတဲ့ ဒီမစ္ဇိုင္းေတြကို ေနာက္ပိုင္းမွာေတာ့ အကြာအေဝးအေနနဲ႔ ၁၀၀ကီလိုမီတာအထိေရာက္ေအာင္ အဆင့္ျမႇင့္တင္ထားတယ္လို႔သိရပါတယ္။ အိႏၵိယႏိုင္ငံဟာ Barak-8 Missile ေတြကို ကာလကတၱားအတန္းစား စစ္သေဘၤာေတြမွာ တပ္ဆင္အသုံးျပဳလ်က္ရွိၿပီး ေနာက္ပိုင္းမွာေတာ့ Vikrantေလယာဥ္သေဘၤာအပါအဝင္ ဖ်တ္သေဘၤာနဲ႔ ဖရီးဂိတ္ေတြအထိပါ တပ္ဆင္အသုံးျပဳသြားဘို႔ ရွိပါတယ္။အစၥေရးကေတာ့ ဂ်ာမန္ေတြဆီကေန ဝယ္ယူထားတဲ့ Sa’ar 5 Classအတန္းစား ေကာ္ဗက္ေတြေပၚမွာ တပ္ဆင္အသုံးျပဳသြားဘို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

CRD_ေမာင္ဉာဏ္မင္း (ဆားလင္းႀကီး)

unicode

Barak-8 တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေး မစ်ဇိုင်းဒုံးကျည်တွေဟာဆိုရင် Barak-1တွေအပေါ်မှာ အခြေခံပြီး အစ္စရေးနဲ့ အိန္ဒိယတို့က ပူးတွဲထုတ်လုပ်ထားတဲ့ တာလတ်ပစ်ဒုံးကျည်အမျိုးအစားတွေဘဲဖြစ်ပါတယ်။Barak- 2လို့ လူသိများတဲ့ ဒီဒုံးကျည်တွေကို ၂၀၁၄ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိ Barak-8ဒုံးကျည်တွေကို အိန္ဒိယ၊ အစ္စရေး၊ အဇာဘိုင်ဂျန်နတို့မှာ အသုံးပြုလျက်ရှိပါတယ်။

အိန္ဒိယဘက်က Brak-8တွေကို S-400တွေနဲ့အတူ သူတို့အပေါ် လေကြောင်းကျူးကျော်လာနိုင်မှုတွေကို ကာကွယ်သွားဘို့ရှိနေပါတယ်။အထူးသဖြင့် လာခ်ဒေသမှာ တရုတ်နဲ့တင်းမာမှုတွေဖြစ်ပြီးနောက်ပိုင်း Barak-8တွေကို ပိုမိုစိတ်ဝင်စားလာတာဖြစ်ပါတယ်။ အစောပိုင်းမှာ Barak-8ဒုံးကျည်တွေဟာ အလေးချိန် ၆၀ကီလိုဂရမ်ရှိ ထိပ်ဖူးကိုသယ်ဆောင်ပြီး အကွာအဝေးအနေနဲ့ ၇၀ကီလိုမီတာ အကွာအဝေးထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။

Mach-2နှုန်းနဲ့ ပျံသန်းတဲ့ ဒီမစ်ဇိုင်းတွေကို နောက်ပိုင်းမှာတော့ အကွာအဝေးအနေနဲ့ ၁၀၀ကီလိုမီတာအထိရောက်အောင် အဆင့်မြှင့်တင်ထားတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ Barak-8 Missile တွေကို ကာလကတ္တားအတန်းစား စစ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုလျက်ရှိပြီး နောက်ပိုင်းမှာတော့ Vikrantလေယာဉ်သင်္ဘောအပါအဝင် ဖျတ်သင်္ဘောနဲ့ ဖရီးဂိတ်တွေအထိပါ တပ်ဆင်အသုံးပြုသွားဘို့ ရှိပါတယ်။အစ္စရေးကတော့ ဂျာမန်တွေဆီကနေ ဝယ်ယူထားတဲ့ Sa’ar 5 Classအတန်းစား ကော်ဗက်တွေပေါ်မှာ တပ်ဆင်အသုံးပြုသွားဘို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

CRD_မောင်ဉာဏ်မင်း (ဆားလင်းကြီး)

Leave a Reply

Your email address will not be published. Required fields are marked *