ျမန္မာ့လက္ဖက္ေျခာက္ ေစ်းကြက္ကို ေပါက္ေဖာ္တို႔ ဝင္ေႏွာက္လိုက္ျပန္ပါၿပီ.. ( သာေကာတုိ့ ေမွာင္ခုိ တင္သြင္းလာတဲ့ လက္ဖက္အခ်ဳိေျခာက္ေတြေႀကာင့္ ျမန္မာဘက္က လက္ဖက္ေျခာက္စက္႐ုံေပါင္း ၁၂၀ နီးပါး ပိတ္သိမ္း ခဲ့ရပါျပီ )

တ႐ုတ္ႏိုင္ငံမွ ေမွာင္ခိုတင္သြင္းသည့္ လက္ဖက္အခ်ိဳေျခာက္မ်ားအား မယွဥ္ၿပိဳင္ႏိုင္သျဖင့္ ျပည္တြင္းလက္ဖက္အခ်ိဳေျခာက္မ်ား ေဈးကြက္ေပ်ာက္ဆုံးလာေၾကာင္း လက္ဖက္ေျခာက္ လုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။တ႐ုတ္ႏိုင္ငံမွ လက္ဖက္ေျခာက္မ်ားကို တရားမဝင္ ေမွာင္ခိုတင္သြင္းေနၾကသျဖင့္ ၂၀၁၀ ခုႏွစ္မွစ၍ ယခုအခ်ိန္အထိ ပေလာင္ေဒသ လက္ဖက္ေျခာက္ထုတ္လုပ္မႈ စီးပြားေရးလုပ္ငန္းမ်ားကို ဆိုး႐ြားစြာထိခိုက္လာေနၿပီး ျမန္မာလက္ဖက္ေျခာက္မ်ား အေနျဖင့္အရည္အေသြးပိုင္း မယွဥ္ၿပိဳင္ႏိုင္သည့္အတြက္ ေဈးကြက္အတြင္း တျဖည္းျဖည္းေနရာေပ်ာက္ဆုံးလာလ်က္ ရွိေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံ လက္ဖက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းနာယက ကိုေက်ာ္သီဟက “အခုထိ ခ်င္းေ႐ႊေဟာ္ဘက္ ေမွာင္ခိုလမ္းကေန တ႐ုတ္အခ်ိဳေျခာက္ေတြ သြင္းေနၾကတယ္ ။ အဓိကကေတာ့ အခ်ိဳေျခာက္ေပါ့ ။ ဒီကေတာင္သူေတြက သူတို႔ရဲ႕ စိုက္ပ်ိဳးမႈပုံစံလည္း မယွဥ္ႏိုင္ဘူး ။ တ႐ုတ္ႏိုင္ငံနဲ႔ စိုက္ခင္းစနစ္က တစ္ဧကကို ရွစ္ေထာင္တစ္ေသာင္းေလာက္ရွိတယ္ ။ ဒီမွာက တစ္ဧကကို လက္ဖက္အပင္ သုံးေထာင္ေက်ာ္ေလာက္ပဲရွိတယ္ ။ အရည္အေသြးလည္း မယွဥ္ႏိုင္တာက အမ်ားႀကီးပဲ” ဟု ေျပာပါတယ္။

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံထုတ္ လက္ဖက္အခ်ိဳေျခာက္မ်ားမွာ ျမန္မာႏိုင္ငံသို႔ တစ္လလွ်င္ တန္ ၁၀၀ ခန႔္ တစ္ႏွစ္လွ်င္ တန္ ၁,၀၀၀ ေက်ာ္ဝန္းက်င္ ဝင္ေရာက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္ လက္ဖက္အခ်ိဳေျခာက္ေဈးကြက္၏ ၈၅ ရာခိုင္ႏႈန္းခန႔္အား တ႐ုတ္လက္ဖက္ေျခာက္မ်ား လႊမ္းမိုးလ်က္ရွိေနေၾကာင္း သိရပါတယ္။

တ႐ုတ္က လက္ဖက္အခ်ိဳေျခာက္ေတြ လစဥ္တန္နဲ႔ခ်ီၿပီး ဝင္ေနၿပီး သူတို႔ကို အရည္အေသြးပိုင္းမွာ မယွဥ္ႏိုင္လို႔ ေဈးကြက္မွာလည္း ျမန္မာလက္ဖက္ေျခာက္ေတြ တျဖည္းျဖည္း ေနရာေပ်ာက္လာၿပီျဖစ္ပါတယ္။ ပေလာင္ေဒသမွာရွိတဲ့ လက္ဖက္စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်တဲ့ ေတာင္သူေတြကို SME ေခ်းေငြေတြ ရရွိေအာင္ ႏိုင္ငံေတာ္က ပံ့ပိုးကူညီေပးဖို႔လည္း လိုအပ္ေနပါတယ္။တ႐ုတ္ႏိုင္ငံမွ ဝင္ေရာက္လာသည့္ လက္ဖက္အခ်ိဳေျခာက္မ်ားေၾကာင့္ ျမန္မာႏိုင္ငံ ျပည္တြင္းလက္ဖက္ေျခာက္စက္႐ုံမ်ားမွာ ထုတ္လုပ္မႈႏွင့္ အရည္အေသြးပိုင္းတြင္ မယွဥ္ၿပိဳင္ႏိုင္သည့္အတြက္ ၁၀ ႏွစ္ခန႔္အတြင္းမွာပဲ လက္ဖက္ေျခာက္စက္႐ုံေပါင္း ၁၂၀ နီးပါး ပိတ္သိမ္း ရပ္နားသြားခဲ့ေၾကာင္း သိရသည္။

crd….

unicode

တရုတ်နိုင်ငံမှ မှောင်ခိုတင်သွင်းသည့် လက်ဖက်အချိုခြောက်များအား မယှဉ်ပြိုင်နိုင်သဖြင့် ပြည်တွင်းလက်ဖက်အချိုခြောက်များ ဈေးကွက်ပျောက်ဆုံးလာကြောင်း လက်ဖက်ခြောက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။တရုတ်နိုင်ငံမှ လက်ဖက်ခြောက်များကို တရားမဝင် မှောင်ခိုတင်သွင်းနေကြသဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ယခုအချိန်အထိ ပလောင်ဒေသ လက်ဖက်ခြောက်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများကို ဆိုးရွားစွာထိခိုက်လာနေပြီး မြန်မာလက်ဖက်ခြောက်များ အနေဖြင့်အရည်အသွေးပိုင်း မယှဉ်ပြိုင်နိုင်သည့်အတွက် ဈေးကွက်အတွင်း တဖြည်းဖြည်းနေရာပျောက်ဆုံးလာလျက် ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနာယက ကိုကျော်သီဟက “အခုထိ ချင်းရွှေဟော်ဘက် မှောင်ခိုလမ်းကနေ တရုတ်အချိုခြောက်တွေ သွင်းနေကြတယ် ။ အဓိကကတော့ အချိုခြောက်ပေါ့ ။ ဒီကတောင်သူတွေက သူတို့ရဲ့ စိုက်ပျိုးမှုပုံစံလည်း မယှဉ်နိုင်ဘူး ။ တရုတ်နိုင်ငံနဲ့ စိုက်ခင်းစနစ်က တစ်ဧကကို ရှစ်ထောင်တစ်သောင်းလောက်ရှိတယ် ။ ဒီမှာက တစ်ဧကကို လက်ဖက်အပင် သုံးထောင်ကျော်လောက်ပဲရှိတယ် ။ အရည်အသွေးလည်း မယှဉ်နိုင်တာက အများကြီးပဲ” ဟု ပြောပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် လက်ဖက်အချိုခြောက်များမှာ မြန်မာနိုင်ငံသို့ တစ်လလျှင် တန် ၁၀၀ ခန့် တစ်နှစ်လျှင် တန် ၁,၀၀၀ ကျော်ဝန်းကျင် ဝင်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်အချိုခြောက်ဈေးကွက်၏ ၈၅ ရာခိုင်နှုန်းခန့်အား တရုတ်လက်ဖက်ခြောက်များ လွှမ်းမိုးလျက်ရှိနေကြောင်း သိရပါတယ်။

တရုတ်က လက်ဖက်အချိုခြောက်တွေ လစဉ်တန်နဲ့ချီပြီး ဝင်နေပြီး သူတို့ကို အရည်အသွေးပိုင်းမှာ မယှဉ်နိုင်လို့ ဈေးကွက်မှာလည်း မြန်မာလက်ဖက်ခြောက်တွေ တဖြည်းဖြည်း နေရာပျောက်လာပြီဖြစ်ပါတယ်။ ပလောင်ဒေသမှာရှိတဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ တောင်သူတွေကို SME ချေးငွေတွေ ရရှိအောင် နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့လည်း လိုအပ်နေပါတယ်။တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက်အချိုခြောက်များကြောင့် မြန်မာနိုင်ငံ ပြည်တွင်းလက်ဖက်ခြောက်စက်ရုံများမှာ ထုတ်လုပ်မှုနှင့် အရည်အသွေးပိုင်းတွင် မယှဉ်ပြိုင်နိုင်သည့်အတွက် ၁၀ နှစ်ခန့်အတွင်းမှာပဲ လက်ဖက်ခြောက်စက်ရုံပေါင်း ၁၂၀ နီးပါး ပိတ်သိမ်း ရပ်နားသွားခဲ့ကြောင်း သိရသည်။

crd….

Leave a Reply

Your email address will not be published. Required fields are marked *