တင့္ကား ၂၀၀၀ ေက်ာ္ပိုင္ဆိုင္သည့္ ေတာင္ကိုရီးယားၾကည္း တပ္က K2 BLACK PANTHER ပင္မတိုက္ပြဲ ဝင္တင့္မ်ား ထပ္မံဝယ္ယူ

လြန္ခဲ့ေသာ ၂၀၁၀ ျပည့္ႏွစ္က ေတာင္ကိုရီးယားကုမၸဏီတစ္ခုျဖစ္သည့္ Hyundai Rotem သည္ ေတာင္ကိုရီးယားၾကည္းတပ္အတြက္ K2 Black Panther ပင္မတိုက္ပြဲဝင္တင့္ကားမ်ားကို စတင္ထုတ္လုပ္ေပးရန္ အမွာစာ ရရွိခဲ့ၿပီးေနာက္ စုစုေပါင္း အစီးေရ ၁၀၀ စီးေရထုတ္လုပ္ေပးခဲ့ကာ ၂၀၁၅ ခုႏွစ္၌အၿပီးသတ္တင္ပို႔ႏိုင္ခဲ့ပါသည္။ဒုတိယအသုတ္အျဖစ္မူ K2 Black Panther အစီးေရ ၁၀၆ စီးကို ၂၀၁၄ ခုႏွစ္မွ စတင္ကာ ထပ္မံထုတ္လုပ္ေနၿပီး ၂၀၂၁ ခုႏွစ္၌ အၿပီး သတ္ေပးပို႔မည္ျဖစ္သည္ဟုဆိုသည္။

Military Balance 2020 အရ ေတာင္ကိုရီးယားၾကည္းတပ္၌ ပင္မတိုက္ပြဲဝင္တင့္ စုစုေပါင္းအစီးေရ ၂၂၂၁ စီးရွိၿပီး ၎တို႔ထဲတြင္ K1/K1E1 ၁၀၀၀ စီး၊ K1A1/K1A2 ၄၈၄ စီး၊ K2 ၁၀၀ စီး၊ M48A5 ၅၉၇ စီးႏွင့္ T-80U ၄၀ စီးတို႔ အသီးသီးပါဝင္သည္။K2 Black Panther MBT ကို ၂၀၀၉ ခုႏွစ္ ေအာက္တိုဘာလက Seoul Airport ၌က်င္းပျပဳလုပ္ခဲ့ေသာ Defense Exhibition ADEX ၌ ပထမဆုံး အႀကိမ္အျဖစ္ထုတ္ေဖာ္ျပသခဲ့သည္။ ၎တင့္ကားမ်ားကို အေမရိကန္ထုတ္ M48 Patton MBT မ်ားေနရာ၌ အစားထိုးအသုံးျပဳရန္အတြက္ ထုတ္လုပ္ခဲ့ျခင္းလည္းျဖစ္သည္။

K2 Black Panther တြင္ အဓိကလက္နက္အျဖစ္ ဂ်ာမဏီထုတ္ Rheinmetall 120-mm/ L55 Smoothbore Gun ကိုတပ္ဆင္ထားၿပီး ၎စနစ္သည္ ေတာင္ကိုရီးယား၌ လိုင္စင္ယူထုတ္လုပ္ထားျခင္းလည္းျဖစ္သည္။အလိုအေလ်ာက္က်ည္ထိုးစနစ္ကိုအသုံးျပဳထားသျဖင့္ မညီညာေသာေျမမ်က္ ႏွာသြင္၌ ယာဥ္ေ႐ြ႕လ်ားေနစဥ္ပင္ က်ည္ထိုးမႈကို ေသခ်ာမႈရွိေစမည္ျဖစ္သည္။K2 MBT ၏ ဖြဲ႕စည္းပုံသည္ သမာ႐ိုးက်ဆန္သည္။ တင့္တပ္ဖြဲ႕ဝင္ ၃ ဦးလိုက္ပါတာဝန္ထမ္းေဆာင္ႏိုင္ၿပီး ယာဥ္ေမာင္းသည္ တင့္ကိုယ္ထည္၏ အေရွ႕ပိုင္း၌ရွိၿပီး တင့္တိုက္ယာဥ္မႉးႏွင့္ပစ္ခတ္သူသည္ ဆုံလည္၌ရွိသည္။

K2 Black Panther တြင္ယခင္က MT 833 ဒီဇယ္အင္ဂ်င္စနစ္မ်ားကို တပ္ဆင္အသုံးျပဳထားေသာ္လည္း ယခုေနာက္ဆုံးထုတ္အမ်ိဳးအစားတြင္ လိုင္စင္ယူတည္ေဆာက္ထားသည့္ ဂ်ာမဏီထုတ္ MTU 883 ဒီဇယ္အင္ဂ်င္မ်ားကို တပ္ဆင္အသုံးျပဳထားသည္။K2 သည္ အျမန္ဆုံးႏႈန္း ေျမျပန႔္အေပၚတြင္ တစ္နာရီ ၇၀ ကီလိုမီတာ၊ လမ္းၾကမ္းအေပၚတြင္ တစ္နာရီ ၄၈ ကီလိုမီတာႏႈန္းေမာင္းႏွင္ႏိုင္ၿပီး အေဝးဆုံး ေမာင္းႏွင္ႏိုင္မႈသည္ ၄၅၀ ကီလိုမီတာျဖစ္သည္။

CRD_MyanmarNews24

unicode

လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်က တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Hyundai Rotem သည် တောင်ကိုရီးယားကြည်းတပ်အတွက် K2 Black Panther ပင်မတိုက်ပွဲဝင်တင့်ကားများကို စတင်ထုတ်လုပ်ပေးရန် အမှာစာ ရရှိခဲ့ပြီးနောက် စုစုပေါင်း အစီးရေ ၁၀၀ စီးရေထုတ်လုပ်ပေးခဲ့ကာ ၂၀၁၅ ခုနှစ်၌အပြီးသတ်တင်ပို့နိုင်ခဲ့ပါသည်။ဒုတိယအသုတ်အဖြစ်မူ K2 Black Panther အစီးရေ ၁၀၆ စီးကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ထပ်မံထုတ်လုပ်နေပြီး ၂၀၂၁ ခုနှစ်၌ အပြီး သတ်ပေးပို့မည်ဖြစ်သည်ဟုဆိုသည်။

Military Balance 2020 အရ တောင်ကိုရီးယားကြည်းတပ်၌ ပင်မတိုက်ပွဲဝင်တင့် စုစုပေါင်းအစီးရေ ၂၂၂၁ စီးရှိပြီး ၎င်းတို့ထဲတွင် K1/K1E1 ၁၀၀၀ စီး၊ K1A1/K1A2 ၄၈၄ စီး၊ K2 ၁၀၀ စီး၊ M48A5 ၅၉၇ စီးနှင့် T-80U ၄၀ စီးတို့ အသီးသီးပါဝင်သည်။K2 Black Panther MBT ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလက Seoul Airport ၌ကျင်းပပြုလုပ်ခဲ့သော Defense Exhibition ADEX ၌ ပထမဆုံး အကြိမ်အဖြစ်ထုတ်ဖော်ပြသခဲ့သည်။ ၎င်းတင့်ကားများကို အမေရိကန်ထုတ် M48 Patton MBT များနေရာ၌ အစားထိုးအသုံးပြုရန်အတွက် ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။

K2 Black Panther တွင် အဓိကလက်နက်အဖြစ် ဂျာမဏီထုတ် Rheinmetall 120-mm/ L55 Smoothbore Gun ကိုတပ်ဆင်ထားပြီး ၎င်းစနစ်သည် တောင်ကိုရီးယား၌ လိုင်စင်ယူထုတ်လုပ်ထားခြင်းလည်းဖြစ်သည်။အလိုအလျောက်ကျည်ထိုးစနစ်ကိုအသုံးပြုထားသဖြင့် မညီညာသောမြေမျက် နှာသွင်၌ ယာဉ်ရွေ့လျားနေစဉ်ပင် ကျည်ထိုးမှုကို သေချာမှုရှိစေမည်ဖြစ်သည်။K2 MBT ၏ ဖွဲ့စည်းပုံသည် သမာရိုးကျဆန်သည်။ တင့်တပ်ဖွဲ့ဝင် ၃ ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်ပြီး ယာဉ်မောင်းသည် တင့်ကိုယ်ထည်၏ အရှေ့ပိုင်း၌ရှိပြီး တင့်တိုက်ယာဉ်မှူးနှင့်ပစ်ခတ်သူသည် ဆုံလည်၌ရှိသည်။

K2 Black Panther တွင်ယခင်က MT 833 ဒီဇယ်အင်ဂျင်စနစ်များကို တပ်ဆင်အသုံးပြုထားသော်လည်း ယခုနောက်ဆုံးထုတ်အမျိုးအစားတွင် လိုင်စင်ယူတည်ဆောက်ထားသည့် ဂျာမဏီထုတ် MTU 883 ဒီဇယ်အင်ဂျင်များကို တပ်ဆင်အသုံးပြုထားသည်။K2 သည် အမြန်ဆုံးနှုန်း မြေပြန့်အပေါ်တွင် တစ်နာရီ ၇၀ ကီလိုမီတာ၊ လမ်းကြမ်းအပေါ်တွင် တစ်နာရီ ၄၈ ကီလိုမီတာနှုန်းမောင်းနှင်နိုင်ပြီး အဝေးဆုံး မောင်းနှင်နိုင်မှုသည် ၄၅၀ ကီလိုမီတာဖြစ်သည်။

CRD_MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *