အိႏၵိယႏိုင္ငံမွာလည္း ဗီယက္နမ္လို ဆန္ထုတ္တဲ့ ATM စက္ေတြ တပ္ဆင္မယ္

ဗီယက်နမ်နိုင်ငံမှာ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ ATM စက်နဲ့ ဆန်ထုတ်ပေးတဲ့စနစ်ကို အိန္ဒိယနိုင်ငံကလည်း လိုက်ကျင့်သုံးတော့မယ်လို့ သိရပါတယ်။ ဆန်ထုတ်ပေးတဲ့ ATM စက်တွေ ပထမဆုံးတပ်ဆင်မယ့် နေရာကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် အန်ဂါလူရူမှာဖြစ်ပြီး စမ်းသပ်မှုပြီးတာနဲ့ ဒုတိယအဆင့်အဖြစ် မဟာရက်ရှ်သရာ၊ ကာနာတာကာ၊အက်တာရာခန်း၊ ဟာယာနာ၊ အက်တာပရာဒက်ရှ်ပြည်နယ်တွေ စက်တွေတပ်ဆင်သွားမယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ပူပေါင်းလုပ်ဆောင်နေတဲ့ Annapurti စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။အခုအစီအစဉ်အတွက် အဓိကဖြန့်ဖြူးမယ့် ပြည်သူ့အသိုင်းအဝိုင်း စနစ်(PDS) ကို ပြန်လည်ဖွဲ့စည်း ပြင်ဆင်နေပြီး ဘယ်လိုနေရာတွေမှာ ဆန်ထုတ်တဲ့ ATM စက်တွေကို ထားရှိမလဲဆိုတာ စစ်တမ်းကောက်ယူနေတယ်လို့ သိရပါတယ်။

ATM ကတ်ထည့်လိုက်တာနဲ့ စက်ထဲက ဆန်တွေ သတ်မှတ်ပမာဏအတိုင်း ကျလာစေမယ့်စက်ကို နှစ်မျိုး၊နှစ်စား ခွဲထားပြီးစက်က တစ်မိနစ်ကို ဆန် (၂၅) ကီလိုဂရမ်ထွက်မှာဖြစ်မှာ တစ်ရာကီလိုဂရမ်အထိ ထုတ်လို့ရမယ့်စက်၊ (၁၅၀) ကီလိုဂရမ်အထိ ထုတ်လို့ရမယ့် စက်နှစ်မျိုး တပ်ဆင်မယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံက ဆင်းရဲသား လက်လုပ်လက်စားတွေအနေနဲ့ အချိန်ပေးပြီး ဆန်ဆိုင်တွေမှာ တန်းစီဝယ်ယူနိုင်ဖို့ အချိန်မရှိတဲ့အတွက် ဒီစီမံကိန်းကို အကောင်အထည် ဖော်နေတာဖြစ်ပြီး (၂၄) နာရီစလုံး ထုတ်လို့ရမယ်လို့လည်း ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဒီစနစ်ကို စသုံးခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် နိုင်ငံအတော် များများက ဒီစနစ်ကို လုပ်ဆောင်ဖို့ လေ့လာမှုတွေ လုပ်နေကြပြီလို့လည်း သိရပါတယ်။
Ref : Vietnamnet
Photo : Bangkok Post
crd…Omedia #ATM #Rice #India #TZ

zawgyi

ဗီယက္နမ္ႏိုင္ငံမွာ ေအာင္ေအာင္ျမင္ျမင္ ျပဳလုပ္ႏိုင္ခဲ့တဲ့ ATM စက္နဲ႔ ဆန္ထုတ္ေပးတဲ့စနစ္ကို အိႏၵိယႏိုင္ငံကလည္း လိုက္က်င့္သုံးေတာ့မယ္လို႔ သိရပါတယ္။ ဆန္ထုတ္ေပးတဲ့ ATM စက္ေတြ ပထမဆုံးတပ္ဆင္မယ့္ ေနရာကေတာ့ အိႏၵိယႏိုင္ငံေတာင္ပိုင္း ကာနာတာကာျပည္နယ္ အန္ဂါလူ႐ူမွာျဖစ္ၿပီး စမ္းသပ္မႈၿပီးတာနဲ႔ ဒုတိယအဆင့္အျဖစ္ မဟာရက္ရွ္သရာ၊ ကာနာတာကာ၊အက္တာရာခန္း၊ ဟာယာနာ၊ အက္တာပရာဒက္ရွ္ျပည္နယ္ေတြ စက္ေတြတပ္ဆင္သြားမယ္လို႔ သိရပါတယ္။

အဲဒီစီမံကိန္းဟာ အိႏၵိယအစိုးရရဲ႕ ကုလသမဂၢ ကမာၻ႔ စားနပ္ရိကၡာ အစီအစဥ္ (WFP) တို႔ပူေပါင္းလုပ္ေဆာင္ေနတဲ့ Annapurti စီမံကိန္းရဲ႕ တစ္စိတ္တစ္ေဒသ ျဖစ္ပါတယ္။အခုအစီအစဥ္အတြက္ အဓိကျဖန႔္ျဖဴးမယ့္ ျပည္သူ႔အသိုင္းအဝိုင္း စနစ္(PDS) ကို ျပန္လည္ဖြဲ႕စည္း ျပင္ဆင္ေနၿပီး ဘယ္လိုေနရာေတြမွာ ဆန္ထုတ္တဲ့ ATM စက္ေတြကို ထားရွိမလဲဆိုတာ စစ္တမ္းေကာက္ယူေနတယ္လို႔ သိရပါတယ္။

ATM ကတ္ထည့္လိုက္တာနဲ႔ စက္ထဲက ဆန္ေတြ သတ္မွတ္ပမာဏအတိုင္း က်လာေစမယ့္စက္ကို ႏွစ္မ်ိဳး၊ႏွစ္စား ခြဲထားၿပီးစက္က တစ္မိနစ္ကို ဆန္ (၂၅) ကီလိုဂရမ္ထြက္မွာျဖစ္မွာ တစ္ရာကီလိုဂရမ္အထိ ထုတ္လို႔ရမယ့္စက္၊ (၁၅၀) ကီလိုဂရမ္အထိ ထုတ္လို႔ရမယ့္ စက္ႏွစ္မ်ိဳး တပ္ဆင္မယ္လို႔ ဆိုပါတယ္။ အိႏၵိယႏိုင္ငံက ဆင္းရဲသား လက္လုပ္လက္စားေတြအေနနဲ႔ အခ်ိန္ေပးၿပီး ဆန္ဆိုင္ေတြမွာ တန္းစီဝယ္ယူႏိုင္ဖို႔ အခ်ိန္မရွိတဲ့အတြက္ ဒီစီမံကိန္းကို အေကာင္အထည္ ေဖာ္ေနတာျဖစ္ၿပီး (၂၄) နာရီစလုံး ထုတ္လို႔ရမယ္လို႔လည္း ဆိုပါတယ္။ဗီယက္နမ္ႏိုင္ငံမွာ ဒီစနစ္ကို စသုံးခဲ့ရာမွာ ေအာင္ျမင္ခဲ့တာေၾကာင့္ ႏိုင္ငံအေတာ္ မ်ားမ်ားက ဒီစနစ္ကို လုပ္ေဆာင္ဖို႔ ေလ့လာမႈေတြ လုပ္ေနၾကၿပီလို႔လည္း သိရပါတယ္။
Ref : Vietnamnet
Photo : Bangkok Post
crd…Omedia #ATM #Rice #India #TZ

Leave a Reply

Your email address will not be published. Required fields are marked *