ထရမ့္လက္ထက္ ယူအက္စ္လုံၿခဳံေရးေအဂ်င္စီမ်ား အတိုင္းမသိပ်က္စီးခဲ့ရဟု ဘိုင္ဒန္ဆို ( ထရမ့္က သမၼတ သက္တမ္းမကုန္ေသးဘူး သမၼတအေဟာင္းနဲ့ သမၼတေလာင္းတုိ့ စျပီး အျပစ္ဖုိ့ေနႀကျပီ….)

အေမရိကန္လုံၿခဳံေရးအတြက္ အေရးႀကီးတဲ့ေအဂ်င္စီေတြဟာ သမၼတထရမ့္လက္ထက္မွာ ဧရာမပ်က္စီးျခင္း ျဖစ္ခဲ့တယ္လို႔ အေမရိကန္သမၼတေ႐ြးေကာက္ခံ ဂ်ိဳးဘိုင္ဒန္က ေျပာဆိုလိုက္ပါတယ္။အမ်ိဳးသားလုံၿခဳံေရးနဲ႔ ႏိုင္ငံျခားေရးဆိုင္ရာ သူ႔ရဲ႕လက္ေထာက္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ဘိုင္ဒန္က အခုလိုေျပာခဲ့တာပါ။ သူ႔ရဲ႕အဖြဲ႕ဟာ အာဏာအလႊဲအေျပာင္းလုပ္ရာမွာ ကာကြယ္ေရးဌာနအပါအဝင္ လုံၿခဳံေရးဌာနေတြကေန လိုအပ္တဲ့သတင္းအခ်က္အလက္ေတြ မရရွိခဲ့ဘူးလို႔ ဘိုင္ဒန္က ေျပာဆိုခဲ့ပါတယ္။မစၥတာဘိုင္ဒန္ဟာ လာမယ့္ ဇန္နဝါရီ ၂၀ ရက္မွာ သမၼတတာဝန္ယူရမွာျဖစ္ၿပီး သမၼတထရမ့္ကလည္း ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ သူအေရးနိမ့္ခဲ့တယ္ဆိုတာကို လက္ခံဖို႔ ျငင္းဆန္ေနဆဲပါ။

ႏိုဝင္ဘာ ၃ ရက္ေ႐ြးေကာက္ပြဲအၿပီး ရက္သတၱပတ္အေတာ္ၾကာတဲ့အထိ ပုံမွန္အားျဖင့္ သမၼတအေျပာင္းအလဲကာလမွာ ရရွိရမယ့္ အဓိကေထာက္လွမ္းေရးသတင္းေတြ ရရွိဖို႔ ပိတ္ဆို႔ခံထားရပါတယ္။ဒီဇင္ဘာ ၂၈ ရက္က ဘိုင္ဒန္ရဲ႕မွတ္ခ်က္ထြက္ေပၚလာတဲ့ေနာက္ ယာယီကာကြယ္ေရးဝန္ႀကီး ခရစၥတိုဖာ မီလာက သူ႔အရာရွိေတြဟာ အကူးအေျပာင္းလႈပ္ရွားမႈေတြကို အေထာက္အကူျဖစ္ဖို႔ အစြမ္းကုန္ပ႐ိုဖက္ရွင္နယ္ပီပီသသ လုပ္ကိုင္ေနၾကတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ဘိုင္ဒန္ရဲ႕အဖြဲ႕က ကနဦးေတာင္းဆိုထားတာထက္ အမ်ားႀကီးေက်ာ္လြန္ၿပီး ကာကြယ္ေရးဌာနက ဝန္ထမ္း ၄၀၀ ေက်ာ္က ေတြ႕ဆုံမႈေပါင္း ၁၆၄ ခုမွာ ပါဝင္ခဲ့သလို စာမ်က္ႏွာ ၅၀၀၀ ေလာက္ရွိတဲ့ အေထာက္အထားေတြလည္း ပံ့ပိုးခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ပင္တဂြန္ေျပာခြင့္ရသူတစ္ဦးကလည္း ဘိုင္ဒန္အဖြ႕ဲ့နဲ႔ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဘိုင္ဒန္ကေတာ့ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ အဓိကအခ်က္ေတြကို ထြက္ခြာေတာ့မယ့္အစိုးရဆီက မရတာမို႔ ထရမ့္အစိုးရဟာ တာဝန္မဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ဘယ္လိုရႈပ္ေထြးမႈကိုမဆို အေမရိကန္ရန္သူေတြက အသုံးခ်ႏိုင္တာေၾကာင့္ ကမာၻတဝန္းက အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ အေနအထားကို မိမိတို႔ ရွင္းရွင္းလင္းလင္းသိထားဖို႔ လိုအပ္တယ္၊ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ အေရးပါတဲ့ေအဂ်င္စီ အေတာ္မ်ားမ်ားဟာ ဧရာမပ်က္စီးျခင္းေတြ ျဖစ္ေနတယ္အမႈထမ္းေရးရာ စြမ္းရည္နဲ႔ စိတ္ဓာတ္ပိုင္း အႏွစ္မဲ့ေနၾကတယ္၊ မူဝါဒ လုပ္ငန္းစဥ္ေတြ ေမွးမွိန္ေနျခင္း ဒါမွမဟုတ္ ေဘးဖယ္ခံရျခင္း ျဖစ္ေနၾကတယ္လို႔ ဘိုင္ဒန္က ေဝဖန္ခဲ့ပါတယ္။

လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ဆႏၵျပသူေတြကို ႏွိမ္နင္းဖို႔ စစ္တပ္ကို ျဖန႔္ခ်ဖို႔ ေတာင္းဆိုခဲ့တာကို သေဘာမတူခဲ့တဲ့ ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စ္ပါကို ေ႐ြးေကာက္ပြဲၿပီးတာနဲ႔ သမၼတထရမ့္က ျဖဳတ္ပစ္ခဲ့ပါတယ္။အဲဒီေနာက္ ကာကြယ္ေရးဌာနကို သစၥာခံေတြနဲ႔ အားျဖည့္ခဲ့တဲ့ ထရမ့္ရဲ႕လုပ္ရပ္ဟာ သူ႔အစိုးရသက္တမ္း ေနာက္ဆုံးသီတင္းပတ္ေတြမွာ ကေသာင္းကနင္းေတြျဖစ္ေအာင္ ႀကိဳးပမ္းမႈအျဖစ္ သူ႔ႏိုင္ငံေရးၿပိဳင္ဘက္ေတြက ရႈျမင္ၿပိး ႏိုင္ငံအတြက္လည္း စိုးရိမ္ေနၾကပါတယ္။

CRD_BBC

unicode

အမေရိကန်လုံခြုံရေးအတွက် အရေးကြီးတဲ့အေဂျင်စီတွေဟာ သမ္မတထရမ့်လက်ထက်မှာ ဧရာမပျက်စီးခြင်း ဖြစ်ခဲ့တယ်လို့ အမေရိကန်သမ္မတရွေးကောက်ခံ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ သူ့ရဲ့လက်ထောက်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဘိုင်ဒန်က အခုလိုပြောခဲ့တာပါ။ သူ့ရဲ့အဖွဲ့ဟာ အာဏာအလွှဲအပြောင်းလုပ်ရာမှာ ကာကွယ်ရေးဌာနအပါအဝင် လုံခြုံရေးဌာနတွေကနေ လိုအပ်တဲ့သတင်းအချက်အလက်တွေ မရရှိခဲ့ဘူးလို့ ဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။မစ္စတာဘိုင်ဒန်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန်ယူရမှာဖြစ်ပြီး သမ္မတထရမ့်ကလည်း နိုဝင်ဘာရွေးကောက်ပွဲမှာ သူအရေးနိမ့်ခဲ့တယ်ဆိုတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါ။

နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်အတော်ကြာတဲ့အထိ ပုံမှန်အားဖြင့် သမ္မတအပြောင်းအလဲကာလမှာ ရရှိရမယ့် အဓိကထောက်လှမ်းရေးသတင်းတွေ ရရှိဖို့ ပိတ်ဆို့ခံထားရပါတယ်။ဒီဇင်ဘာ ၂၈ ရက်က ဘိုင်ဒန်ရဲ့မှတ်ချက်ထွက်ပေါ်လာတဲ့နောက် ယာယီကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာ မီလာက သူ့အရာရှိတွေဟာ အကူးအပြောင်းလှုပ်ရှားမှုတွေကို အထောက်အကူဖြစ်ဖို့ အစွမ်းကုန်ပရိုဖက်ရှင်နယ်ပီပီသသ လုပ်ကိုင်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။ဘိုင်ဒန်ရဲ့အဖွဲ့က ကနဦးတောင်းဆိုထားတာထက် အများကြီးကျော်လွန်ပြီး ကာကွယ်ရေးဌာနက ဝန်ထမ်း ၄၀၀ ကျော်က တွေ့ဆုံမှုပေါင်း ၁၆၄ ခုမှာ ပါဝင်ခဲ့သလို စာမျက်နှာ ၅၀၀၀ လောက်ရှိတဲ့ အထောက်အထားတွေလည်း ပံ့ပိုးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပင်တဂွန်ပြောခွင့်ရသူတစ်ဦးကလည်း ဘိုင်ဒန်အဖွ့ဲ့နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဘိုင်ဒန်ကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့ အဓိကအချက်တွေကို ထွက်ခွာတော့မယ့်အစိုးရဆီက မရတာမို့ ထရမ့်အစိုးရဟာ တာဝန်မဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ဘယ်လိုရှုပ်ထွေးမှုကိုမဆို အမေရိကန်ရန်သူတွေက အသုံးချနိုင်တာကြောင့် ကမ္ဘာတဝန်းက အမေရိကန်တပ်ဖွဲ့တွေရဲ့ အနေအထားကို မိမိတို့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်တယ်၊ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါတဲ့အေဂျင်စီ အတော်များများဟာ ဧရာမပျက်စီးခြင်းတွေ ဖြစ်နေတယ်အမှုထမ်းရေးရာ စွမ်းရည်နဲ့ စိတ်ဓာတ်ပိုင်း အနှစ်မဲ့နေကြတယ်၊ မူဝါဒ လုပ်ငန်းစဉ်တွေ မှေးမှိန်နေခြင်း ဒါမှမဟုတ် ဘေးဖယ်ခံရခြင်း ဖြစ်နေကြတယ်လို့ ဘိုင်ဒန်က ဝေဖန်ခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ စစ်တပ်ကို ဖြန့်ချဖို့ တောင်းဆိုခဲ့တာကို သဘောမတူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါကို ရွေးကောက်ပွဲပြီးတာနဲ့ သမ္မတထရမ့်က ဖြုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက် ကာကွယ်ရေးဌာနကို သစ္စာခံတွေနဲ့ အားဖြည့်ခဲ့တဲ့ ထရမ့်ရဲ့လုပ်ရပ်ဟာ သူ့အစိုးရသက်တမ်း နောက်ဆုံးသီတင်းပတ်တွေမှာ ကသောင်းကနင်းတွေဖြစ်အောင် ကြိုးပမ်းမှုအဖြစ် သူ့နိုင်ငံရေးပြိုင်ဘက်တွေက ရှုမြင်ပြိး နိုင်ငံအတွက်လည်း စိုးရိမ်နေကြပါတယ်။

CRD_BBC

Leave a Reply

Your email address will not be published. Required fields are marked *