တူရကီႏိုင္ငံက ဘဂၤလားေဒ့ရွ္ႏိုင္ငံထံ စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်သြားႏိုင္ရန္ ကမ္းလွမ္းခဲ့ျခင္း။

တူရကီအစိုးရသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တပ္မွ‌ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ ေနေသာ ကာကြယ္ေရးဆိုင္ရာ အဆင့္ျမႇင့္တင္ျခင္းႏွင့္ စစ္အင္အား တိုးခ်ဲ႕ျခင္းတို႔အတြက္ ေရးဆြဲထားသည့္ Forces Goal 2030 စီမံကိန္း ေအာင္ျမင္ေစရန္အတြက္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္ႏိုင္သမွ်အားလုံးကို ကမ္းလွမ္းခဲ့ပါတယ္။

တူရကီႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr Mevlüt Çavuşoğlu ရဲ႕ ဘဂၤလားေဒ့ရွ္ အလည္အပတ္ခရီးစဥ္အတြင္းတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အရည္အေသြးျမင့္မားေသာ စစ္လက္နက္ပစၥည္းမ်ားထုတ္လုပ္ျခင္းႏွင့္ အခ်ိန္ကာလတစ္ခုအတြင္း ေဈးႏႈန္းခ်ိဳသာစြာျဖင့္ သက္သက္သာထုတ္လုပ္သြားႏိုင္မည့္ နည္းပညာမွ်ေဝေပးျခင္းတို႔ကို ကမ္းလွမ္းခဲ့ပါတယ္။

တူရကီကုမၸဏီထုတ္ စစ္လက္နက္ပစၥည္းေတြကို ဘဂၤလားေဒ့ရွ္စစ္တပ္မွာ အသုံးျပဳ ဖို႔ကို မည္သို႔ေသာအေျခအေနမ်ိဳးမွာျဖစ္ေစ ဆြဲေဆာင္ခ်ည္ေႏွာင္ စည္း႐ုံးသြားမွာ မဟုတ္ဘူး လို႔ တူရကီအစိုးရ အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာၾကားခဲ့ပါေသးတယ္။

တူရကီ ကာကြယ္ေရးပစၥည္းထုတ္လုပ္သူကုမၸဏီေတြကေတာ့ ဘဂၤလားေဒ့ရွ္စစ္တပ္ကို ၎တို႔ထုတ္ စစ္လက္နက္ပစၥည္းမ်ားကို အရစ္က်စနစ္ျဖင့္ပင္ ေရာင္းခ်ေပးဖို႔ကမ္းလွမ္းမႈေတြျပဳ လုပ္ေန ခဲ့ပါတယ္။ဒီအခ်က္ဟာ ဘဂၤလားေဒ့ရွ္စစ္တပ္အတြက္ အခ်ိန္တိုအတြင္းမွာ စစ္လက္နက္ ပစၥည္းအမ်ားအျပားကို ပိုင္ဆိုင္သြားႏိုင္ဖို႔ အခြင့္အေရးေကာင္းတစ္ခုလည္းျဖစ္ပါတယ္။

တူရကီႏိုင္ငံထုတ္ စစ္လက္နက္ပစၥည္းေတြက NATO standard အရည္အေသြးျဖစ္ၿပီး၊ ေဈးႏႈန္းသက္သာမႈႏွင့္ယုံၾကည္စိတ္ခ်ရမႈတို႔အတြက္ ေရာင္းခ်ၿပီး ဆက္လက္ေထာက္ပံ့ ေဆာင္႐ြက္ေပးႏိုင္မည့္ အစီအမံမ်ားကိုပါ ထည့္သြင္းကမ္းလွမ္းေနျခင္းျဖစ္သည္။

တူရကီႏိုင္ငံဟာ စစ္လက္နက္ပစၥည္း လိုအပ္ခ်က္ေတြကို ၇၅ ရာခိုင္ႏႈန္းအထိ ျပည္တြင္းမွာ ထုတ္လုပ္ေနလ်က္ရွိပါတယ္။ဒါေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ၎တို႔ ကာကြယ္ေရးစက္မႈလုပ္ငန္းတိုးတက္ဖြံ႕ၿဖိဳးေရးအတြက္ နည္းပညာလႊဲေျပာင္းရယူဖို႔အတြက္ပါ အဆင္ေျပႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ဘဂၤလားေဒ့ရွ္စစ္တပ္က တူရကီႏိုင္ငံထုတ္ ေလယာဥ္၊ေမာင္းသူမဲ့ေလယာဥ္ေတြ၊ တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြ၊ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊သံခ်ပ္ကာယာဥ္ေတြ၊အေျမာက္လက္နက္စနစ္ေတြ၊အေသးစားကေန အလတ္စား စစ္ေရယာဥ္ေတြ၊ စစ္ေျမျပင္ အင္ဂ်င္နီယာသုံးပစၥည္းေတြ၊အီလက္ထေရာနစ္စစ္ဆင္ေရးသုံးစနစ္ေတြ၊ေရဒီယိုဆက္သြယ္ေရးစက္ပစၥည္းေတြ၊ခဲယမ္းနဲ႔အာ႐ုံခံကိရိယာေတြ စတာေတြကိုဝယ္ယူသြားဖို႔ စိတ္ဝင္စားေန ပါတယ္။

ဘဂၤလားေဒ့ရွ္စစ္တပ္ဟာ ROKETSAN နဲ႔ ASELSAN တို႔လို တူရကီကာကြယ္ေရး ကုမၸဏီေတြနဲ႔ အေရးပါတဲ့ စာခ်ဳပ္(၇)ခု ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးလည္းျဖစ္ပါတယ္။ဒီအထဲမွာ တာ လတ္ပစ္ ပဲ့ထိန္းေရာ့ကတ္/ဒုံးက်ည္စနစ္ေတြနဲ႔ တာလတ္ပစ္ေျမျပင္မွေဝဟင္ပစ္ ဒုံးလက္ နက္စနစ္ေတြပါ ပါဝင္တယ္လို႔ ေရးသားထားပါတယ္။ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း ဘဂၤလားေဒ့ရွ္တပ္ဖြဲ႕ဝင္ေတြကို အဆင့္ျမင့္သင္တန္းေတြေပးဖို႔ တူရကီကိုေစလႊတ္ထားခဲ့ တယ္လို႔ www.defseca.com တြင္ေရးသားထားပါတယ္။

တူရကီႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr Mevlüt Çavuşoğlu ရဲ႕ ဘဂၤလားေဒ့ရွ္ အလည္ အပတ္ခရီးစဥ္အတြင္းမွာ ဝန္ႀကီးခ်ဳပ္ Sheikh Hasina နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး AK Abdul Momen တို႔နဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ပါတယ္။

လာေရာက္ခဲ့ရတဲ့ခရီးစဥ္မွာ အသစ္ ေဆာက္လုပ္ထားတဲ့ တူရကီသံ႐ုံးကို တက္ေရာက္ဖြင့္လွစ္ေပးဖို႔ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ကာကြယ္ေရးႏွင့္ က်န္းမာေရးက႑ေတြမွာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္သြားႏိုင္ေရး လမ္းျပ ေျမပုံခ်မွတ္ႏိုင္ဖို႔ လာေရာက္ခဲ့ျခင္းလည္းျဖစ္ပါတယ္။ဘဂၤလားေဒ့ရွ္ႏွင့္တူရကီႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏကို ႏွစ္စဥ္ အနည္း ဆုံး အေမရိကန္ေဒၚလာ ၂ ဘီလီယံထိ ႏွစ္ဆတိုးျမႇင့္သြားရန္ ရည္႐ြယ္လုပ္ေဆာင္ၾက မယ္လို႔ဆိုပါတယ္။

တူရကီသမၼတ Recep Tayyip Erdoğan ဟာ လာမည့္ႏွစ္ထဲမွာ Bangabandhu Sheikh Mujibur Rahman ရဲ႕ႏွစ္တရာအထိမ္းအမွတ္ပြဲကို တက္ေရာက္ဖို႔ ဘဂၤလားေဒ့ရွ္ကိုသြားေရာက္လည္ပတ္ဖို႔ရွိေနပါေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

မႉးခိုင္

မူရင္း ေရးသားသူ ဆရာ သက္ထူးခန႔္ပိုင္ ေရနံေခ်ာင္း အား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

Unicode

တူရကီအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တပ်မှ‌ အကောင်အထည် ဖော်ဆောင်ရွက် နေသော ကာကွယ်ရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းနှင့် စစ်အင်အား တိုးချဲ့ခြင်းတို့အတွက် ရေးဆွဲထားသည့် Forces Goal 2030 စီမံကိန်း အောင်မြင်စေရန်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်သမျှအားလုံးကို ကမ်းလှမ်းခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr Mevlüt Çavuşoğlu ရဲ့ ဘင်္ဂလားဒေ့ရှ် အလည်အပတ်ခရီးစဉ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အရည်အသွေးမြင့်မားသော စစ်လက်နက်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် အချိန်ကာလတစ်ခုအတွင်း ဈေးနှုန်းချိုသာစွာဖြင့် သက်သက်သာထုတ်လုပ်သွားနိုင်မည့် နည်းပညာမျှဝေပေးခြင်းတို့ကို ကမ်းလှမ်းခဲ့ပါတယ်။

တူရကီကုမ္ပဏီထုတ် စစ်လက်နက်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အသုံးပြု ဖို့ကို မည်သို့သောအခြေအနေမျိုးမှာဖြစ်စေ ဆွဲဆောင်ချည်နှောင် စည်းရုံးသွားမှာ မဟုတ်ဘူး လို့ တူရကီအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

တူရကီ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူကုမ္ပဏီတွေကတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ၎င်းတို့ထုတ် စစ်လက်နက်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့်ပင် ရောင်းချပေးဖို့ကမ်းလှမ်းမှုတွေပြု လုပ်နေ ခဲ့ပါတယ်။

ဒီအချက်ဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် အချိန်တိုအတွင်းမှာ စစ်လက်နက် ပစ္စည်းအများအပြားကို ပိုင်ဆိုင်သွားနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်ပါတယ်။

တူရကီနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေက NATO standard အရည်အသွေးဖြစ်ပြီး၊ ဈေးနှုန်းသက်သာမှုနှင့်ယုံကြည်စိတ်ချရမှုတို့အတွက် ရောင်းချပြီး ဆက်လက်ထောက်ပံ့ ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကိုပါ ထည့်သွင်းကမ်းလှမ်းနေခြင်းဖြစ်သည်။

တူရကီနိုင်ငံဟာ စစ်လက်နက်ပစ္စည်း လိုအပ်ချက်တွေကို ၇၅ ရာခိုင်နှုန်းအထိ ပြည်တွင်းမှာ ထုတ်လုပ်နေလျက်ရှိပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၎င်းတို့ ကာကွယ်ရေးစက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာလွှဲပြောင်းရယူဖို့အတွက်ပါ အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်က တူရကီနိုင်ငံထုတ် လေယာဉ်၊မောင်းသူမဲ့လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊သံချပ်ကာယာဉ်တွေ၊အမြောက်လက်နက်စနစ်တွေ၊အသေးစားကနေ အလတ်စား စစ်ရေယာဉ်တွေ၊ စစ်မြေပြင် အင်ဂျင်နီယာသုံးပစ္စည်းတွေ၊အီလက်ထရောနစ်စစ်ဆင်ရေးသုံးစနစ်တွေ၊ရေဒီယိုဆက်သွယ်ရေးစက်ပစ္စည်းတွေ၊ခဲယမ်းနဲ့အာရုံခံကိရိယာတွေ စတာတွေကိုဝယ်ယူသွားဖို့ စိတ်ဝင်စားနေ ပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ROKETSAN နဲ့ ASELSAN တို့လို တူရကီကာကွယ်ရေး ကုမ္ပဏီတွေနဲ့ အရေးပါတဲ့ စာချုပ်(၇)ခု ချုပ်ဆိုနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ဒီအထဲမှာ တာ လတ်ပစ် ပဲ့ထိန်းရော့ကတ်/ဒုံးကျည်စနစ်တွေနဲ့ တာလတ်ပစ်မြေပြင်မှဝေဟင်ပစ် ဒုံးလက် နက်စနစ်တွေပါ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေကို အဆင့်မြင့်သင်တန်းတွေပေးဖို့ တူရကီကိုစေလွှတ်ထားခဲ့ တယ်လို့ www.defseca.com တွင်ရေးသားထားပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr Mevlüt Çavuşoğlu ရဲ့ ဘင်္ဂလားဒေ့ရှ် အလည် အပတ်ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် Sheikh Hasina နဲ့ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

လာရောက်ခဲ့ရတဲ့ခရီးစဉ်မှာ အသစ် ဆောက်လုပ်ထားတဲ့ တူရကီသံရုံးကို တက်ရောက်ဖွင့်လှစ်ပေးဖို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကာကွယ်ရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လမ်းပြ မြေပုံချမှတ်နိုင်ဖို့ လာရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နှင့်တူရကီနိုင်ငံတို့ဟာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို နှစ်စဉ် အနည်း ဆုံး အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ နှစ်ဆတိုးမြှင့်သွားရန် ရည်ရွယ်လုပ်ဆောင်ကြ မယ်လို့ဆိုပါတယ်။

တူရကီသမ္မတ Recep Tayyip Erdoğan ဟာ လာမည့်နှစ်ထဲမှာ Bangabandhu Sheikh Mujibur Rahman ရဲ့နှစ်တရာအထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်လည်ပတ်ဖို့ရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မှူးခိုင်

မူရင်း ရေးသားသူ ဆရာ သက်ထူးခန့်ပိုင် ရေနံချောင်း အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *