အမေရိကန်ပြည်ထောင်စု၌ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ၁၆၈၀၀၀ ကျော်ကူးစက်ခံရ

အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှအချက်အလက်များအရ လွန်ခဲ့ သော ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုရှိ ဗိုင်းရပ်စ်ပိုးကူးစက်မှု နှင့် သေဆုံးမှုအသစ်များသည်ရောဂါဖြစ်ပွားမှု ၁၆၈၀၀၀ ကျော်နှင့် ၁၇၁၈ ဦး သေဆုံးခဲ့သည်ဟုသိရှိရသည်။

သို့သော် တစ်ရက်တာအတွင်း အမြင့်ဆုံးကူးစက်ခံရမှုနှုန်းတော့မဟုတ်ပေ။ ပြီးခဲ့သည့် အပတ်က Hopkins University ၏ ထုတ်ပြန်ချက်အရ အများဆုံး ဖြစ်ပွားမှုသည် တစ်ရက်တာအတွင်း ၂၄၉၀၀၀ ကျော်ရှိခဲ့သည်ဟုဆိုသည်။

ယခုအခါ အမေရိကန်၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉.၃ သန်းကျော် ရှိပြီး သေဆုံးသူ ၃၃၄၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

Ref-TNPress
vrd..MyanmarNews24

zawgyi

Ref-TNPress
#MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *