အင္ဒိုနီးရွားက Pfizer နဲ႔ AstraZeneca ေဆးဝါးကုမၸဏီတို႔ထံမွ covid-19 ကာကြယ္ေဆးဝယ္ယူေရး အၿပီးသတ္ေဆြးေႏြးမႈ လုပ္ေန

အင်ဒိုနီးရှားနိုင်ငံဟာ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Pfizer နဲ့ AstraZeneca ထံမှ Covid-19 ကာကွယ်ဆေး သန်း ၅၀ ရရှိဖို့ အပြီးသတ် ဆွေးနွေညှိနှိုင်းမှု ပြုလုပ်နေကြောင်း ကျန်းမာရေးဝန်ကြီးက အင်္ဂါနေ့ ( ဒီဇင်ဘာ ၂၉ ) မှာ ပြောကြားခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် AstraZeneca ကုမ္ပဏီနဲ့ ညှိနှိုင်းမှုကို ယခုနှစ်ကုန်မတိုင်ခင် အပြီးသတ်သွားမှာဖြစ်ပြီး Pfizer ကုမ္ပဏီကတော့ လာမယ့်ဇန်နဝါရီလ ပထမသီတင်းပတ်မှာ ကာကွယ်ဆေး ရောင်းချရေး သဘောတူညီချက် လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ Budi Gunadi Sadikin က ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးကို ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းက ပထမဦးစားပေးအနေနဲ့ ရရှိမှာဖြစ်ပါတယ်။ကျန်းမာရေစောင့်ရှောက်မှု ဝန်ထမ်း ၅၀၀ ခန့်ဟာ covid-19 ကြောင့် သေဆုံးနေကြောင်း၊ ၎င်းတို့ဟာ ကူးစက်ရောဂါကို တိုက်ဖျက်ရာမှာ အရေးကြီးဆုံး အဖွဲဖြစ်ကြောင်း Budi က ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စတုတ္တမြောက် လူဦးရေအများဆုံးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၇၂၀၀၀၀ ဦး နီးပါး၊ သေဆုံးသူ ၂၁၅၀၀ ဦးထိ ရှိနေပြီး အာရှမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်း

တွေဟာ ဇန်နဝါရီလမှ ဧပြီလအထိအတွင်း ပထမအကျော့ ကာကွယ်ဆေး ထိုးနှံခြင်း အစီအမံမှာ ပါဝင်သွားမှာဖြစ်ပြီး ဒုတိယအကျော့ ကာကွယ်ဆေးထိုးနှံခြင်းကိုတော့ “ အနီရောင်အဆင့်” ကူးစက်မှု ဧရိယာတွေမှ ပြည်သူ့ဝန်ထမ်းတွေကို ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခြားနိုင်ငံတွေက သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးနှံကြပေမယ့် အင်ဒိုနီးရှားကတော့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထိုးနှံပြီးရင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား အရွယ်ရှိ အလုပ်သမားတွေကို ထိုးနှံပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံထုတ် Sinovac ကုမ္ပဏီမှ ကာကွယ်ဆေး ၁၂၅ သန်း၊ Novavax ကုမ္ပဏီမှ ကာကွယ်ဆေး သန်း ၅၀ နဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ပရိုဂရမ် COVAX မှ ၅၄ သန်းအပါအဝင် ကာကွယ်ဆေး စုစုပေါင်း ၃၂၉ သန်း ဝယ်ယူရရှိဖို့ ရှိနေတယ်လို့ သိရပါတAstraZebeca ရဲ့ ကာကွယ်ဆေးကတော့ ၂၀၂၁ ခုနှစ် ဒုတိယ လေးလပတ်မှာ ရရှိနိုင်မှာဖြစ်ပြီး Pfizer ရဲ့ ကာကွယ်ဆေးကိုတော့ တတိယလေးလပတ်မှာ ရရှိဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

crd..cna.com

zawgyi

အင္ဒိုနီးရွားႏိုင္ငံဟာ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီေတြျဖစ္တဲ့ Pfizer နဲ႔ AstraZeneca ထံမွ Covid-19 ကာကြယ္ေဆး သန္း ၅၀ ရရွိဖို႔ အၿပီးသတ္ ေဆြးေႏြညႇိႏႈိင္းမႈ ျပဳလုပ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးက အဂၤါေန႔ ( ဒီဇင္ဘာ ၂၉ ) မွာ ေျပာၾကားခဲ့ပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအတြက္ AstraZeneca ကုမၸဏီနဲ႔ ညႇိႏႈိင္းမႈကို ယခုႏွစ္ကုန္မတိုင္ခင္ အၿပီးသတ္သြားမွာျဖစ္ၿပီး Pfizer ကုမၸဏီကေတာ့ လာမယ့္ဇန္နဝါရီလ ပထမသီတင္းပတ္မွာ ကာကြယ္ေဆး ေရာင္းခ်ေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးသြားမွာ ျဖစ္တယ္လို႔ Budi Gunadi Sadikin က ေျပာၾကားခဲ့ပါတယ္။

ကာကြယ္ေဆးကို ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္း ၁.၃ သန္းက ပထမဦးစားေပးအေနနဲ႔ ရရွိမွာျဖစ္ပါတယ္။က်န္းမာေရေစာင့္ေရွာက္မႈ ဝန္ထမ္း ၅၀၀ ခန႔္ဟာ covid-19 ေၾကာင့္ ေသဆုံးေနေၾကာင္း၊ ၎တို႔ဟာ ကူးစက္ေရာဂါကို တိုက္ဖ်က္ရာမွာ အေရးႀကီးဆုံး အဖြဲျဖစ္ေၾကာင္း Budi က ေျပာၾကားခဲ့ပါတယ္။ ကမာၻ႔စတုတၱေျမာက္ လူဦးေရအမ်ားဆုံးႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္လူနာ ၇၂၀၀၀၀ ဦး နီးပါး၊ ေသဆုံးသူ ၂၁၅၀၀ ဦးထိ ရွိေနၿပီး အာရွမွာ ဗိုင္းရပ္စ္ကူးစက္မႈ အျမင့္ဆုံးႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ေနတယ္လို႔ သိရပါတယ္။ ေဆးဘက္ဆိုင္ရာ က်န္းမာေရး ဝန္ထမ္း

ေတြဟာ ဇန္နဝါရီလမွ ဧၿပီလအထိအတြင္း ပထမအေက်ာ့ ကာကြယ္ေဆး ထိုးႏွံျခင္း အစီအမံမွာ ပါဝင္သြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ ကာကြယ္ေဆးထိုးႏွံျခင္းကိုေတာ့ “ အနီေရာင္အဆင့္” ကူးစက္မႈ ဧရိယာေတြမွ ျပည္သူ႔ဝန္ထမ္းေတြကို ထိုးႏွံေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အျခားႏိုင္ငံေတြက သက္ႀကီး႐ြယ္အိုေတြကို ကာကြယ္ေဆး ဦးစားေပး ထိုးႏွံၾကေပမယ့္ အင္ဒိုနီးရွားကေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ဝန္ထမ္းေတြနဲ႔ ျပည္သူ႔ဝန္ထမ္းေတြကို ထိုးႏွံၿပီးရင္ အသက္ ၁၈ ႏွစ္မွ ၅၉ ႏွစ္ၾကား အ႐ြယ္ရွိ အလုပ္သမားေတြကို ထိုးႏွံေပးသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကုမၸဏီမွ ကာကြယ္ေဆး ၁၂၅ သန္း၊ Novavax ကုမၸဏီမွ ကာကြယ္ေဆး သန္း ၅၀ နဲ႔ ကမာၻလုံးဆိုင္ရာ ကာကြယ္ေဆး ပ႐ိုဂရမ္ COVAX မွ ၅၄ သန္းအပါအဝင္ ကာကြယ္ေဆး စုစုေပါင္း ၃၂၉ သန္း ဝယ္ယူရရွိဖို႔ ရွိေနတယ္လို႔ သိရပါတAstraZebeca ရဲ႕ ကာကြယ္ေဆးကေတာ့ ၂၀၂၁ ခုႏွစ္ ဒုတိယ ေလးလပတ္မွာ ရရွိႏိုင္မွာျဖစ္ၿပီး Pfizer ရဲ႕ ကာကြယ္ေဆးကိုေတာ့ တတိယေလးလပတ္မွာ ရရွိဖို႔ ခန႔္မွန္းထားေၾကာင္း သိရပါတယ္။

crd..cna.com

Leave a Reply

Your email address will not be published. Required fields are marked *