ထိုင္းက စကၠဴစက္႐ုံေပါင္းကန္ထဲ ပစၥည္းဆင္းဆယ္တဲ့ ျမန္မာလုပ္သား (၃) ေယာက္ အသက္ရႈပ္ၾကပ္ေသဆုံး

ထိုင်းနိုင်ငံ၊ ချချင်းစောင်မြို့၊ ခလောင်နခွန်နေအာရပ်ကွက်က စက္ကူစက်ရုံမှာ စက္ကူမျှင်ရည်ပေါင်းကန်ထဲ ပစ္စည်းဆင်းဆယ်တဲ့ မြန်မာလုပ်သား (၃) ယောက် အသက်ရှုကြပ်သေဆုံးမှု ဒီဇင်ဘာလ (၂၉) ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
စက္ကူမျှင်ရည်တွေ ပေါင်းတဲ့ကန်ထဲ ပြုတ်ကျသွားတဲ့ ပိုက်ချောင်းကို ဆင်းဆယ်တာကနေ ပြန်တက်မလာလို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားခဲ့ကြတာလို့ သိရပါတယ်။

“အလုပ်လုပ်ရင်းနဲ့ အောက်ဆီဂျင်ပြတ်သွားတာပေါ့။ တစ်ယောက်ကတော့ သတိလစ်ပြီး အခုထိဆေးရုံမှာပဲရှိသေးတယ်။ (၃)ယောက်ကတော့ အဲဒီနေရာမှာပဲ သေဆုံးသွားတယ်။”လို့ မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက ကို ပြောပါတယ်။

သူတို့အားလုံးကို ချချင်စောင်ခရိုင်၊ ဖွတ်ဌစိုထွန်ဆေးရုံကို ပို့ဆောင်ထားပြီး အလုပ်သမားတွေဟာ တရားဝင် အလုပ်သမားတွေဖြစ်တယ်လို့လည်း သိရပါတယ်

Photo: Kyaw Ye Aung
crd..Omedia #Covid19 #Myanmar #Thailand #Oxygen #KHA
zawgyi

ထိုင္းႏိုင္ငံ၊ ခ်ခ်င္းေစာင္ၿမိဳ႕၊ ခေလာင္နခြန္ေနအာရပ္ကြက္က စကၠဴစက္႐ုံမွာ စကၠဴမွ်င္ရည္ေပါင္းကန္ထဲ ပစၥည္းဆင္းဆယ္တဲ့ ျမန္မာလုပ္သား (၃) ေယာက္ အသက္ရႈၾကပ္ေသဆုံးမႈ ဒီဇင္ဘာလ (၂၉) ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ ျမန္မာအလုပ္သမားအေရး ကူညီေပးေနသူေတြဆီက သိရပါတယ္။
စကၠဴမွ်င္ရည္ေတြ ေပါင္းတဲ့ကန္ထဲ ျပဳတ္က်သြားတဲ့ ပိုက္ေခ်ာင္းကို ဆင္းဆယ္တာကေန ျပန္တက္မလာလို႔ တစ္ေယာက္ၿပီးတစ္ေယာက္ ဆင္းသြားခဲ့ၾကတာလို႔ သိရပါတယ္။

“အလုပ္လုပ္ရင္းနဲ႔ ေအာက္ဆီဂ်င္ျပတ္သြားတာေပါ့။ တစ္ေယာက္ကေတာ့ သတိလစ္ၿပီး အခုထိေဆး႐ုံမွာပဲရွိေသးတယ္။ (၃)ေယာက္ကေတာ့ အဲဒီေနရာမွာပဲ ေသဆုံးသြားတယ္။”လို႔ ျမန္မာလုပ္သားအေရးကူညီေပးေနတဲ့ AAC အဖြဲ႕က ကိုရဲမင္းက O Media ကို ေျပာပါတယ္။သူတို႔အားလုံးကို ခ်ခ်င္ေစာင္ခ႐ိုင္၊ ဖြတ္ဌစိုထြန္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး အလုပ္သမားေတြဟာ တရားဝင္ အလုပ္သမားေတြျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo: Kyaw Ye Aung
#Omedia #Covid19 #Myanmar #Thailand #Oxygen #KHA

Leave a Reply

Your email address will not be published. Required fields are marked *