၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၂၈ ရက္တြင္ ထုတ္ျပန္ေသာသတင္းထုတ္ျပန္ခ်က္အရ အစၥေရးကုမၸဏီ Rafael Advanced Defense Systems Ltd. က ေတာ္၀င္ထိုင္းၾကည္းတပ္(RTA) သည္ Rafael ၏ SPIKE MR တင့္ဖ်က္စနစ္မ်ားကို လက္ခံရရွိခဲ့ေၾကာင္းသိရွိရသည္။ထိုင္းၾကည္းတပ္အေနျဖင့္ အကဲျဖတ္မႈအမ်ိဳးမ်ိဳးျပဳလုပ္ၿပီးသည့္ေနာက္ SPIKE MR (Medium Range) စနစ္မ်ားကို ေ႐ြးခ်ယ္ခဲ့ကာ အဆိုပါစနစ္မ်ားကို အမွတ္ ၆ ေျခလ်င္တပ္မအတြက္ အသုံးျပဳမည္ျဖစ္သည္ဟု ဆိုသည္။
SPIKE MR စနစ္သည္ Electro-optical Fire & Forget ဒုံးက်ည္အမ်ိဳးအစားျဖစ္ၿပီး ၂.၅ ကီလိုမီတာအမ်ားဆုံးေရာက္ရွိႏိုင္မည္ျဖစ္သည္။ ရာေဖးလ္ထုတ္ စပိုက္စနစ္မ်ားတြင္ (SR, MR, LR2, ER2, NLOS) ဟူ၍ မ်ိဳးကြဲမ်ားရွိသည္။ အေဝးဆုံးအကြာအေဝးပစ္ခတ္ႏိုင္မႈသည္ ၃၂ ကီလိုမီတာျဖစ္သည္ဟု သိရွိရသည္လက္ရွိတြင္ SPIKE MR စနစ္မ်ားကို ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံသို႔ေရာင္းခ်ထားၿပီး ျဖစ္ကာ ေနတိုးႏိုင္ငံေပါင္း ၁၉ ႏိုင္ငံလည္းပါဝင္ေပသည္။ SPIKE ဒုံးက်ည္စနစ္ကို ၾကည္း၊ေရ၊ေလရွိ ယာဥ္စနစ္အမ်ိဳးမ်ိဳး၌တပ္ဆင္အသုံးျပဳလ်က္ရွိၿပီးလည္း ျဖစ္သည္။
Rafael ၏ Precision Tactical Weapon Systems ၫႊန္ၾကားမႈ ဦးစီးဌာန၏ ေစ်းကြက္ရွာေဖြေရးႏွင့္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဒါ႐ိုက္တာ Mr. Roman Palarya က “ေတာ္၀င္ထိုင္းၾကည္းတပ္က SPIKE ဒုံးက်ည္ကို ေ႐ြးခ်ယ္တဲ့အေပၚ ကြၽန္ေတာ္တို႔အရမ္းဂုဏ္ယူပါတယ္။ SPIKE ကိုအာရွမွာႏွစ္ ၂၀ ေက်ာ္အသုံးျပဳေနၿပီးလည္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရွိရသည္။
CRD_MyanmarNews24
unicode
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်အရ အစ္စရေးကုမ္ပဏီ Rafael Advanced Defense Systems Ltd. က တော်ဝင်ထိုင်းကြည်းတပ်(RTA) သည် Rafael ၏ SPIKE MR တင့်ဖျက်စနစ်များကို လက်ခံရရှိခဲ့ကြောင်းသိရှိရသည်။ထိုင်းကြည်းတပ်အနေဖြင့် အကဲဖြတ်မှုအမျိုးမျိုးပြုလုပ်ပြီးသည့်နောက် SPIKE MR (Medium Range) စနစ်များကို ရွေးချယ်ခဲ့ကာ အဆိုပါစနစ်များကို အမှတ် ၆ ခြေလျင်တပ်မအတွက် အသုံးပြုမည်ဖြစ်သည်ဟု ဆိုသည်။
SPIKE MR စနစ်သည် Electro-optical Fire & Forget ဒုံးကျည်အမျိုးအစားဖြစ်ပြီး ၂.၅ ကီလိုမီတာအများဆုံးရောက်ရှိနိုင်မည်ဖြစ်သည်။ ရာဖေးလ်ထုတ် စပိုက်စနစ်များတွင် (SR, MR, LR2, ER2, NLOS) ဟူ၍ မျိုးကွဲများရှိသည်။ အဝေးဆုံးအကွာအဝေးပစ်ခတ်နိုင်မှုသည် ၃၂ ကီလိုမီတာဖြစ်သည်ဟု သိရှိရသည်လက်ရှိတွင် SPIKE MR စနစ်များကို နိုင်ငံပေါင်း ၃၅ နိုင်ငံသို့ရောင်းချထားပြီး ဖြစ်ကာ နေတိုးနိုင်ငံပေါင်း ၁၉ နိုင်ငံလည်းပါဝင်ပေသည်။ SPIKE ဒုံးကျည်စနစ်ကို ကြည်း၊ရေ၊လေရှိ ယာဉ်စနစ်အမျိုးမျိုး၌တပ်ဆင်အသုံးပြုလျက်ရှိပြီးလည်း ဖြစ်သည်။
Rafael ၏ Precision Tactical Weapon Systems ညွှန်ကြားမှု ဦးစီးဌာန၏ ဈေးကွက်ရှာဖွေရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒါရိုက်တာ Mr. Roman Palarya က “တော်ဝင်ထိုင်းကြည်းတပ်က SPIKE ဒုံးကျည်ကို ရွေးချယ်တဲ့အပေါ် ကျွန်တော်တို့အရမ်းဂုဏ်ယူပါတယ်။ SPIKE ကိုအာရှမှာနှစ် ၂၀ ကျော်အသုံးပြုနေပြီးလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။
CRD_MyanmarNews24