အမေရိကန်က ဒေါ်လာ ၂ ဘီလီယံကမ်းလှမ်းသော်လည်း အင်ဒိုနီးရှား ထိပ် တန်းလွှတ်တော်အမတ်တစ်ဦးက သူ၏တိုင်းပြည်သည် အစ္စရေးနှင့်ပုံမှန် ဆက်ဆံရေးကိုဘယ်တော့မျှ ပုံမှန်ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။အင်ဒိုနီးရှားအောက်လွှတ်တော်အတွင်း ပါလီမန်များအကြား ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာကော်မတီဥက္ကဌ Fadli Zon ကမူ အမေရိကန်သည် အစ္စရေး နှင့်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်အတွက် ၎င်းတို့နိုင်ငံ၏ စီးပွားရေးအခြေ အနေများ တိုးတက်ကောင်းမွန်လာစေရန် ဖိအားများစွာ ပေးခဲ့သည်ဟုဆိုသည်။
Parliamentarians for Jerusalem Association မှကျင်းပသော အစည်းအ ဝေးတွင် Zon က အစ္စရေးအပေါ်ထားရှိသော အမေရိကန်၏ ဘက်လိုက်မှုနှင့် ပါလက်စတိုင်းတို့၏အခွင့်အရေးများကို လျစ်လျူရှုခြင်းတို့ကြောင့် ပါလက်စ တိုင်းတို့၏အခြေအနေမှာ ဆိုးရွားသွားသည်ဟုပြောကြားခဲ့သည်။
Zon က အမေရိကန်သည် အစ္စရေးနှင့်ဆက်ဆံရေးပုံမှန်ဖြစ်အောင် အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများအပေါ် ဖိအားပေးခဲ့သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့ပြီး အင်ဒိုနီးရှားသမ္မတ၊ နိုင်ငံခြားရေး ၀ န်ကြီးနှင့် ပါလီမန်တို့သည် အစ္စရေးနှင့် အတူ ပုံမှန်ဖြစ်ရန်ဟူသော အယူအဆကိုရှင်းရှင်းလင်းလင်း ဆန့်ကျင်ပါ သည်ဟုလည်းဆိုသည်။
အစ္စရေးသည် ပါလက်စတိုင်းနယ်မြေကိုသိမ်းပိုက်ထားသည့် အတွက် ၎င်းနှင့် ဆက်နွယ်မှုများပုံမှန်ဖြစ်ခြင်းသည် အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟုပြောဆိုထားသည်။ယခုကမ်းလှမ်းမှုကို သဘောတူညီလိုက်ပါက အစ္စရေး၏ ပါလက်စတိုင်းများ အပေါ် ချိုးဖောက်မှုများကို ဆက်လက်အားဖြည့်ရန်နှင့် အခြေချ တည်ဆောက် မှုကို တိုးမြှင့်ရန်အားပေးသကဲ့သို့ ဖြစ်တည်စေသည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။အစ္စရေးနှင့်ပါလက်စတိုင်းအကြား ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းရန်လည်း နိုင်ငံတကာအဖွဲ့အစည်းများကို ဆောင်ရွက်ပေးစေချင်သည်ဟုလည်း ၎င်းကပြောဆိုခဲ့ကြောင်းသိရှိရသည်။
Ref-TNPress
crd…..
zawgyi
အေမရိကန္က ေဒၚလာ ၂ ဘီလီယံကမ္းလွမ္းေသာ္လည္း အင္ဒိုနီးရွား ထိပ္ တန္းလႊတ္ေတာ္အမတ္တစ္ဦးက သူ၏တိုင္းျပည္သည္ အစၥေရးႏွင့္ပုံမွန္ ဆက္ဆံေရးကိုဘယ္ေတာ့မွ် ပုံမွန္ျပဳလုပ္လိမ့္မည္ မဟုတ္ေၾကာင္း ေျပာၾကား ခဲ့သည္။အင္ဒိုနီးရွားေအာက္လႊတ္ေတာ္အတြင္း ပါလီမန္မ်ားအၾကား ပူးေပါင္း ေဆာင္ ႐ြက္မႈဆိုင္ရာေကာ္မတီဥကၠဌ Fadli Zon ကမူ အေမရိကန္သည္ အစၥေရး ႏွင့္ဆက္ဆံေရးကို ပုံမွန္ျဖစ္ေစရန္အတြက္ ၎တို႔ႏိုင္ငံ၏ စီးပြားေရးအေျခ အေနမ်ား တိုးတက္ေကာင္းမြန္လာေစရန္ ဖိအားမ်ားစြာ ေပးခဲ့သည္ဟုဆိုသည္။
Parliamentarians for Jerusalem Association မွက်င္းပေသာ အစည္းအ ေဝးတြင္ Zon က အစၥေရးအေပၚထားရွိေသာ အေမရိကန္၏ ဘက္လိုက္မႈႏွင့္ ပါလက္စတိုင္းတို႔၏အခြင့္အေရးမ်ားကို လ်စ္လ်ဴရႈျခင္းတို႔ေၾကာင့္ ပါလက္စ တိုင္းတို႔၏အေျခအေနမွာ ဆိုး႐ြားသြားသည္ဟုေျပာၾကားခဲ့သည္။
Zon က အေမရိကန္သည္ အစၥေရးႏွင့္ဆက္ဆံေရးပုံမွန္ျဖစ္ေအာင္ အာရပ္ႏွင့္ အစၥလာမၼစ္ႏိုင္ငံမ်ားအေပၚ ဖိအားေပးခဲ့သည္ဟုလည္း ၎ကဆက္လက္ ေျပာၾကားခဲ့ၿပီး အင္ဒိုနီးရွားသမၼတ၊ ႏိုင္ငံျခားေရး ၀ န္ႀကီးႏွင့္ ပါလီမန္တို႔သည္ အစၥေရးႏွင့္ အတူ ပုံမွန္ျဖစ္ရန္ဟူေသာ အယူအဆကိုရွင္းရွင္းလင္းလင္း ဆန႔္က်င္ပါ သည္ဟုလည္းဆိုသည္။
အစၥေရးသည္ ပါလက္စတိုင္းနယ္ေျမကိုသိမ္းပိုက္ထားသည့္ အတြက္ ၎ႏွင့္ ဆက္ႏြယ္မႈမ်ားပုံမွန္ျဖစ္ျခင္းသည္ အင္ဒိုနီးရွားဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္ေနသည္ဟုေျပာဆိုထားသည္။ယခုကမ္းလွမ္းမႈကို သေဘာတူညီလိုက္ပါက အစၥေရး၏ ပါလက္စတိုင္းမ်ား အေပၚ ခ်ိဳးေဖာက္မႈမ်ားကို ဆက္လက္အားျဖည့္ရန္ႏွင့္ အေျခခ် တည္ေဆာက္ မႈကို တိုးျမႇင့္ရန္အားေပးသကဲ့သို႔ ျဖစ္တည္ေစသည္ဟု ထပ္ေလာင္းေျပာၾကား ခဲ့သည္။အစၥေရးႏွင့္ပါလက္စတိုင္းအၾကား ျပႆနာမ်ားကို ဝိုင္းဝန္းေျဖရွင္းရန္လည္း ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားကို ေဆာင္႐ြက္ေပးေစခ်င္သည္ဟုလည္း ၎ကေျပာဆိုခဲ့ေၾကာင္းသိရွိရသည္။
Ref-TNPress
crd…..