ေတာင္တ႐ုတ္ပင္လယ္အတြင္းအိႏၵိယေရတပ္ႏွင့္ဗီယက္နမ္ ေရတပ္တို႔ PASSEX ေလ့က်င့္ခန္းျပဳလုပ္ ( ထုံးစံအတုိင္း ေတာင္တရုတ္ပင္လယ္ထဲမွာ သာေကာတုိ့ စစ္အင္အားတုိးခဲ့်လာမူႀကာင့္ ေလ့က်င့္ခန္းလုပ္ရတာပါ…)

၂၀၂၀ ျပည့္ႏွစ္၊ဒီဇင္ဘာလ၂၆ ရက္ေန႔တြင္ေတာင္တ႐ုတ္ပင္ လယ္အတြင္းအိႏၵိယေရတပ္ႏွင့္ဗီယက္နမ္ေရတပ္တို႔ေရတပ္ ေလ့က်င့္ခန္း PASSEX(Passage Exercise)အားေဆာင္႐ြက္ခဲ့ေၾကာင္းသိရွိရပါသည္။ေလ့က်င့္ခန္းေဆာင္႐ြက္မႈသည္ေတာင္တ႐ုတ္ပင္လယ္အတြင္းတ႐ုတ္၏စစ္အင္အားတို႔ခ်ဲ႕လာမႈေၾကာင့္ကမာၻလုံးဆိုင္ရာပဋိပကၡျဖစ္ပြားလာႏိုင္သည့္အေနအထားေရာက္ရွိေနခ်ိန္ႏွင့္တိုက္ဆိုင္ေနသည္။အိႏၵိယေရတပ္ကမူမိတ္ဘက္ႏွစ္ႏိုင္ငံအ ၾကားေရတပ္ဆိုင္ရာထိေတြ႕ဆက္ဆံမႈႏွင့္ပူးေပါင္းေဆာင္႐ြက္ မႈျမႇင့္တင္ရန္သာရည္႐ြယ္ပါေၾကာင္းျဖင့္သတင္းထုတ္ျပန္ခဲ့သည္။

ေရႀကီးမႈႀကဳံေတြ႕ခဲ့ရသည့္ဗီယက္နမ္အလယ္ပိုင္းသို႔ကယ္ဆယ္ေရးပစၥည္းမ်ားေထာက္ပံ့ရန္အတြက္အိႏၵိယေရတပ္အေနျဖင့္စစ္ေရယာဥ္ INS Kiltan အားေစလႊတ္ခဲ့ျခင္းျဖစ္ၿပီးခရီးစဥ္ အျပန္တြင္အဆိုပါ PASSEX ေလ့က်င့္ခန္းအားေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။အိႏၵိယစစ္ေရယာဥ္ INS Kiltan သည္ဒီဇင္ဘာလ ၂၂ ရက္ေန႔တြင္ဗီယက္နမ္ႏိုင္ငံ၊ဟိုခ်ီမင္းစီးတီးရွိ ha Rhang ဆိပ္ကမ္းသို႔ေရာက္ရွိခဲ့ၿပီးေရေဘးဒုကၡႀကဳံေတြ႕ခဲ့သည့္ဗီယက္နမ္အလယ္ ပိုင္းရွိေဒသခံျပည္သူမ်ားအတြက္ ၁၅ တန္ေက်ာ္ရွိသည့္ကယ္ ဆယ္ေရးပစၥည္းမ်ားေပးအပ္ခဲ့သည္။

ထို႔ေနာက္ေရတပ္ေလ့က်င့္ခန္းေဆာင္႐ြက္ရန္အတြက္ INS Kiltan သည္ဗီယက္နမ္စစ္ ေရယာဥ္မ်ားႏွင့္အတူဟိုခ်ီမင္းစီးတီးဆိပ္ကမ္းမွေတာင္တ႐ုတ္ပင္လယ္သို႔ထြက္ခြာခဲ့သည္။ယခုႏွစ္ေအာက္တိုဘာ-ႏိုဝင္ဘာလအတြင္းဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းတြင္ေရႀကီးမႈေၾကာင့္လူ ၂၃၀ ဦးထက္မနည္းေသဆုံးမႈမ်ားႀကဳံေတြ႕ခဲ့ရသည္။

Source: Defense Aviation Post

CRD_A Naval Officer

unicode

၂၀၂၀ ပြည့်နှစ်၊ဒီဇင်ဘာလ၂၆ ရက်နေ့တွင်တောင်တရုတ်ပင် လယ်အတွင်းအိန္ဒိယရေတပ်နှင့်ဗီယက်နမ်ရေတပ်တို့ရေတပ် လေ့ကျင့်ခန်း PASSEX(Passage Exercise)အားဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။လေ့ကျင့်ခန်းဆောင်ရွက်မှုသည်တောင်တရုတ်ပင်လယ်အတွင်းတရုတ်၏စစ်အင်အားတို့ချဲ့လာမှုကြောင့်ကမ္ဘာလုံးဆိုင်ရာပဋိပက္ခဖြစ်ပွားလာနိုင်သည့်အနေအထားရောက်ရှိနေချိန်နှင့်တိုက်ဆိုင်နေသည်။အိန္ဒိယရေတပ်ကမူမိတ်ဘက်နှစ်နိုင်ငံအ ကြားရေတပ်ဆိုင်ရာထိတွေ့ဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရန်သာရည်ရွယ်ပါကြောင်းဖြင့်သတင်းထုတ်ပြန်ခဲ့သည်။

ရေကြီးမှုကြုံတွေ့ခဲ့ရသည့်ဗီယက်နမ်အလယ်ပိုင်းသို့ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန်အတွက်အိန္ဒိယရေတပ်အနေဖြင့်စစ်ရေယာဉ် INS Kiltan အားစေလွှတ်ခဲ့ခြင်းဖြစ်ပြီးခရီးစဉ် အပြန်တွင်အဆိုပါ PASSEX လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အိန္ဒိယစစ်ရေယာဉ် INS Kiltan သည်ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းစီးတီးရှိ ha Rhang ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီးရေဘေးဒုက္ခကြုံတွေ့ခဲ့သည့်ဗီယက်နမ်အလယ် ပိုင်းရှိဒေသခံပြည်သူများအတွက် ၁၅ တန်ကျော်ရှိသည့်ကယ် ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့သည်။

ထို့နောက်ရေတပ်လေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် INS Kiltan သည်ဗီယက်နမ်စစ် ရေယာဉ်များနှင့်အတူဟိုချီမင်းစီးတီးဆိပ်ကမ်းမှတောင်တရုတ်ပင်လယ်သို့ထွက်ခွာခဲ့သည်။ယခုနှစ်အောက်တိုဘာ-နိုဝင်ဘာလအတွင်းဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင်ရေကြီးမှုကြောင့်လူ ၂၃၀ ဦးထက်မနည်းသေဆုံးမှုများကြုံတွေ့ခဲ့ရသည်။

Source: Defense Aviation Post

CRD_A Naval Officer

Leave a Reply

Your email address will not be published. Required fields are marked *