Oxford ကိုဗစ္ ကာကြယ္ေဆးကို ယူေကက ပထမဦးဆုံးအေနနဲ႔ အသိအမွတ္ျပဳၿပီ (ျမန္မာျပည္အတြက္ ဝယ္ထားတဲ့ေဆးပါ)

Oxford ကိုဗစ်ကာကွယ်ဆေးဟာ ပထမဦးဆုံးအနေနဲ့ ယူကေနိုင်ငံမှာ အသိအမှတ်ပြုရသွားပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ယူကေနိုင်ငံတစ်ဝှမ်းမှာ Oxford တက္ကသိုလ်က တီထွင်ပြီး AstraZeneca က လိုင်စင်ယူထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး AZD1222 ကို ထိုးပေးတော့မှာဖြစ်ပါမယ်။ယူကေနိုင်ငံရဲ့ Medicines and Healthcare products Regulatory Agency (MHRA) က သေချာစစ်ဆေးပြီးမှ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဈေးအသက်သာဆုံးနဲ့ အထိုက်အလျှောက်အာနိသင်ရှိကာ ဘေးအန္တရာယ်ကင်းသော ကိုဗစ်ကာကွယ်ဆေးကို မြန်မာအပါ ဝင်ငွေနည်းပါးသောနိုင်ငံများမှာ အသုံးပြုနိုင်ဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။

“The government has today accepted the recommendation from the Medicines and Healthcare products Regulatory Agency (MHRA) to authorise Oxford University/AstraZeneca’s COVID-19 vaccine for use,” လို့ ယူကေနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ကျနော့်အနေနဲ့ Oxford ကာကွယ်ဆေးကို သဘောကျပါတယ်။ ဒါပေမယ့် Oxford ကာပွယ်ဆေးရဲ့ နောက်ဆုံးစမ်းသပ်မှုရလဒ်ကို ထုတ်ပြန်ရာမှာ ဒီထက်ပိုပြီးပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ မြင်ပါတယ်။

နောက်ဆုံးအဆင့်စမ်းသပ်ရာမှာ dose မတူပဲဖြစ်သွားတာကြောင့် ၆၀% ကျော်နဲ့ ၉၀% ကျော်အာနိသင်ထိရောက်မှုဆိုပြီး ရလဒ် (၂) ခုထွက်ခဲ့ပါတယ်။ ကာကွယ်ဆေးထုတ်တဲ့ AstraZeneca က winning formula တွေ့ထားပြီဆိုပေမယ့် အာနိသင်ထက်မြက်အောင် ဘယ် dose ဆေးပမာဏဖော်မြူလာနဲ့ထိုးမလဲဆိုတာစောင့်ကြည့်ရမှာပါ။အခု Oxford ကာကွယ်ဆေးဟာ အကူးစက်မြန်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ကို ကာကွယ်နိုင်လိမ့်မယ်လို့ ဆိုထားတာကြောင့် အခုလိုအသုံးပြုခွင့်အသိအမှတ်ပြုချက်ရသွားတာကို ကြိုဆိုပါတယ်ခင်ဗျား။

မြန်မာနိုင်ငံအစိုးရက အိန္ဒိယမှာသွားဝယ်ဖို့ ညှိနှိုင်းတာက Oxford ကာကွယ်ဆေးဖြစ်မှာပါ။ နောက်အပတ်ထဲမှာ Oxford ကာကွယ်ဆေးကို အိန္ဒိယမှာ အသိအမှတ်ပြုမယ်ကြားပါတယ်။ ယူကေက အသိအမှတ်ပြုပြီဆိုတော့ အိန္ဒိယနဲ့ မြန်မာလိုနိုင်ငံတွေမှာလည်း အသိအမှတ်ပြုဖို့ လမ်းပွင့်သွားပါပြီ။ အဲ့ဒါဆိုရင်မြန်မာနိုင်ငံအတွက်လည်း နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးရဖို့ သေချာသွားပါပြီ။

Richard Myo Thant (30-12-2020)

zawgyi

Oxford ကိုဗစ္ကာကြယ္ေဆးဟာ ပထမဦးဆုံးအေနနဲ႔ ယူေကႏိုင္ငံမွာ အသိအမွတ္ျပဳရသြားၿပီ ျဖစ္ပါတယ္။ မၾကာခင္မွာ ယူေကႏိုင္ငံတစ္ဝွမ္းမွာ Oxford တကၠသိုလ္က တီထြင္ၿပီး AstraZeneca က လိုင္စင္ယူထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆး AZD1222 ကို ထိုးေပးေတာ့မွာျဖစ္ပါမယ္။ယူေကႏိုင္ငံရဲ႕ Medicines and Healthcare products Regulatory Agency (MHRA) က ေသခ်ာစစ္ေဆးၿပီးမွ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဈးအသက္သာဆုံးနဲ႔ အထိုက္အေလွ်ာက္အာနိသင္ရွိကာ ေဘးအႏၲရာယ္ကင္းေသာ ကိုဗစ္ကာကြယ္ေဆးကို ျမန္မာအပါ ဝင္ေငြနည္းပါးေသာႏိုင္ငံမ်ားမွာ အသုံးျပဳႏိုင္ဖို႔ လမ္းပြင့္သြားၿပီျဖစ္ပါတယ္။

“The government has today accepted the recommendation from the Medicines and Healthcare products Regulatory Agency (MHRA) to authorise Oxford University/AstraZeneca’s COVID-19 vaccine for use,” လို႔ ယူေကႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။က်ေနာ့္အေနနဲ႔ Oxford ကာကြယ္ေဆးကို သေဘာက်ပါတယ္။ ဒါေပမယ့္ Oxford ကာပြယ္ေဆးရဲ႕ ေနာက္ဆုံးစမ္းသပ္မႈရလဒ္ကို ထုတ္ျပန္ရာမွာ ဒီထက္ပိုၿပီးပြင့္လင္းျမင္သာမႈရွိသင့္တယ္လို႔ ျမင္ပါတယ္။

ေနာက္ဆုံးအဆင့္စမ္းသပ္ရာမွာ dose မတူပဲျဖစ္သြားတာေၾကာင့္ ၆၀% ေက်ာ္နဲ႔ ၉၀% ေက်ာ္အာနိသင္ထိေရာက္မႈဆိုၿပီး ရလဒ္ (၂) ခုထြက္ခဲ့ပါတယ္။ ကာကြယ္ေဆးထုတ္တဲ့ AstraZeneca က winning formula ေတြ႕ထားၿပီဆိုေပမယ့္ အာနိသင္ထက္ျမက္ေအာင္ ဘယ္ dose ေဆးပမာဏေဖာ္ျမဴလာနဲ႔ထိုးမလဲဆိုတာေစာင့္ၾကည့္ရမွာပါ။အခု Oxford ကာကြယ္ေဆးဟာ အကူးစက္ျမန္တဲ့ ကိုဗစ္ဗိုင္းရပ္စ္ဗီဇကြဲအသစ္ကို ကာကြယ္ႏိုင္လိမ့္မယ္လို႔ ဆိုထားတာေၾကာင့္ အခုလိုအသုံးျပဳခြင့္အသိအမွတ္ျပဳခ်က္ရသြားတာကို ႀကိဳဆိုပါတယ္ခင္ဗ်ား။

ျမန္မာႏိုင္ငံအစိုးရက အိႏၵိယမွာသြားဝယ္ဖို႔ ညႇိႏႈိင္းတာက Oxford ကာကြယ္ေဆးျဖစ္မွာပါ။ ေနာက္အပတ္ထဲမွာ Oxford ကာကြယ္ေဆးကို အိႏၵိယမွာ အသိအမွတ္ျပဳမယ္ၾကားပါတယ္။ ယူေကက အသိအမွတ္ျပဳၿပီဆိုေတာ့ အိႏၵိယနဲ႔ ျမန္မာလိုႏိုင္ငံေတြမွာလည္း အသိအမွတ္ျပဳဖို႔ လမ္းပြင့္သြားပါၿပီ။ အဲ့ဒါဆိုရင္ျမန္မာႏိုင္ငံအတြက္လည္း ႏိုင္ငံတကာအသိအမွတ္ျပဳကာကြယ္ေဆးရဖို႔ ေသခ်ာသြားပါၿပီ။

Richard Myo Thant (30-12-2020)

Leave a Reply

Your email address will not be published. Required fields are marked *