ယူကေနိုင်ငံက ကူးစက်မြန်အမျိုးအစားနဲ့ မတူတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၃၀ မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီပိုးမှာ ရခိုင်ပြည်နယ် စစ်တွေမှာတွေ့ခဲ့တဲ့ ကူးစက်မြန်အမျိုးစားနဲ့ (D614G) နဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေတူညီပြီး တခြားမျိုးဗီဇပြောင်းလဲမှုတချို့ကိုပါ ယှဉ်တွဲတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ ကိုဗစ်ပိုးကို ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းက ကိုဗစ်အတည်ပြုလူနာ (၂၂) ယောက်ရဲ့ ဓါတ်ခွဲနမူနာတွေကနေ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုတွေ့တဲ့ ပိုးကတော့ ပိုးဗီဇအမျိုးအစား GH strain (D614G + Q57H ဗီဇပြောင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံတချို့မှာတွေ့တဲ့ ကူးစက်မြန်ဗီဇပြောင်းပိုးကတော့ (Lineage: B.1.1.7) ဖြစ်ပါတယ်။
အခုတွေ့ရှိမှုရလဒ်ကိုတော့ နိုင်ငံတကာအသိမှတ်ပြု (US NCBI/ NIH) database မှာတင်သွင်းထားပြီး အတည်ပြုစိစစ်မှုခံယူခဲ့ပြီးပြီလို့ သိရပါတယ်။ ဒါကြောင့် အခုအသစ်တွေ့တဲ့ ပိုးဗီဇအမျိုးစားကိုတော့ ဆေးသုတေသနဦးစီးဌာနက အသေးစိတ် ဆက်လေ့လာနေတယ်လို့ ဆိုပါတယ်။
crd
zawgyi
ယူေကႏိုင္ငံက ကူးစက္ျမန္အမ်ိဳးအစားနဲ႔ မတူတဲ့ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ကို ျမန္မာႏိုင္ငံမွာ ေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ ဒီဇင္ဘာ ၃၀ မွာ ထုတ္ျပန္လိုက္ပါတယ္။
အဲဒီပိုးမွာ ရခိုင္ျပည္နယ္ စစ္ေတြမွာေတြ႕ခဲ့တဲ့ ကူးစက္ျမန္အမ်ိဳးစားနဲ႔ (D614G) နဲ႔ မ်ိဳးဗီဇဆိုင္ရာ အခ်က္အလက္ေတြတူညီၿပီး တျခားမ်ိဳးဗီဇေျပာင္းလဲမႈတခ်ိဳ႕ကိုပါ ယွဥ္တြဲေတြ႕ရတယ္လို႔ ဆိုပါတယ္။ အဲဒီ ကိုဗစ္ပိုးကို ရန္ကုန္၊ မႏၲေလးနဲ႔ ပဲခူးတိုင္းက ကိုဗစ္အတည္ျပဳလူနာ (၂၂) ေယာက္ရဲ႕ ဓါတ္ခြဲနမူနာေတြကေန စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
အခုေတြ႕တဲ့ ပိုးကေတာ့ ပိုးဗီဇအမ်ိဳးအစား GH strain (D614G + Q57H ဗီဇေျပာင္း)၊ မ်ိဳးဗီဇႏြယ္ (Lineage: B.1.36) ျဖစ္တယ္လို႔ ဆိုပါတယ္။ ၿဗိတိန္နဲ႔ ကမာၻ႔ႏိုင္ငံတခ်ိဳ႕မွာေတြ႕တဲ့ ကူးစက္ျမန္ဗီဇေျပာင္းပိုးကေတာ့ (Lineage: B.1.1.7) ျဖစ္ပါတယ္။
အခုေတြ႕ရွိမႈရလဒ္ကိုေတာ့ ႏိုင္ငံတကာအသိမွတ္ျပဳ (US NCBI/ NIH) database မွာတင္သြင္းထားၿပီး အတည္ျပဳစိစစ္မႈခံယူခဲ့ၿပီးၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ အခုအသစ္ေတြ႕တဲ့ ပိုးဗီဇအမ်ိဳးစားကိုေတာ့ ေဆးသုေတသနဦးစီးဌာနက အေသးစိတ္ ဆက္ေလ့လာေနတယ္လို႔ ဆိုပါတယ္။
crd