မႏၲေလးၿမိဳ႕ေတာ္ဝန္ ဆက္မလုပ္ေတာ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေဒါက္တာရဲလြင္ ေျပာျပိီ

အန္နယ္ဒီ အစိုးရရဲ႕ ဒုတိယ ၅ ႏွစ္ သက္တမ္းမွာ မႏၲေလးၿမိဳ႕ေတာ္ဝန္အေနနဲ႔ ဆက္မလုပ္ေတာ့တာနဲ႔ ပတ္သက္ၿပီး ျပည္သူေတြကို ရွင္းျပဖို႔လိုၿပီလို႔ယူဆလို႔ ဒီပိုစ့္တင္လိုက္တာပါ။

ေဖေဖာ္ဝါရီလဆန္းေလာက္က်မွ ရွင္းျပဖို႔စိတ္ကူးခဲ့ေပမယ့္ ျပည္သူေတြရဲ႕ ေတာင္းဆိုမႈမ်ားတာေၾကာင့္နဲ႔ ၊ အစိုးရအဖြဲ႕အတြင္း ျပႆနာျဖစ္ေနသလိုလို ေရးသားခ်က္အခ်ိဳ႕ေၾကာင့္ ေစာၿပီးရွင္းျပရတာပါ။ၿမိဳ႕ေတာ္ဝန္ရာထူးကို ၃ ႀကိမ္တိတိျငင္းပယ္ၿပီး ေနာက္ဆုံးနာရီပိုင္းအလိုမွ လက္ခံခဲ့တာ ျပည္သူေတြအသိပါ။ စလက္ခံကထဲက ၅ ႏွစ္ပဲလုပ္ေပးဖို႔ဆုံးျဖတ္ခဲ့တာပါ။

အေၾကာင္းရင္းေတြအမ်ားႀကီးထဲက အဓိကအက်ဆုံးက အသက္အ႐ြယ္ပါ။ ကြၽန္ေတာ့္အသက္ ၆၈ ႏွစ္ရွိပါၿပီ။ သံသရာအတြက္ ျပင္ဆင္ဖို႔လိုပါၿပီ။ ကြၽန္ေတာ္ျဖတ္သန္းခဲ့ရတဲ့ ဘဝတစ္ေလွ်ာက္လုံး မနက္ကစလို႔ ညအခ်ိန္အထိ မနားမေနလုပ္ခဲ့ရလို႔ တရားဘာဝနာနဲ႔ ကင္းေဝးခဲ့တာ အခုအခ်ိန္အထိပါ။ ထဲထဲဝင္ဝင္လုပ္ဖို႔ အခ်ိန္ေရာက္ပါၿပီ။

ေနာက္အေၾကာင္းတစ္ခ်က္က က်န္းမာေရးပါ။ ၂၀၁၂ ခုႏွစ္က အူမႀကီးထဲကအက်ိတ္ polyp ၁၁ ခု ခြဲထုတ္ခဲ့တာ အခုအခ်ိန္အထိျပန္မျပရေသးပါဘူး။ အမွန္အတိုင္းက ၆ ႏွစ္တစ္ႀကိမ္ျပရမွာပါ။ ကင္ဆာျဖစ္ႏိုင္ေျခမ်ားတဲ့ ေရာဂါပါ။ အစာအိမ္ထဲမွာပါ ရွိေနၿပီလို႔လည္း ေဝဒနာခံစားမႈအရ ယူဆထားပါတယ္။အမ်ိဳးသမီးဆုံးသြားၿပီးေနာက္ ႏိုင္ငံရပ္ျခားပိုင္ဆိုင္မႈအခ်ိဳ႕ကို ကြၽန္ေတာ္နဲ႔ သားရဲ႕ အမည္ေျပာင္းဖို႔လည္းရွိေနပါေသးတယ္။ ဒါေတြက ကိုယ္ေရးကိုယ္တာ ကိစၥေတြပါ။

အမ်ိဳးသမီးကင္ဆာစျဖစ္တုန္းကတစ္ႀကိမ္၊ Recurrence ရတုန္းကတစ္ႀကိမ္ နဲ႔ ကုသတဲ့ေဆးရဲ႕ေနာက္ဆက္တြဲဆိုက်ိဳးေၾကာင့္ အူမႀကီးေပါက္သြားတုန္းကတစ္ႀကိမ္ သုံးႀကိမ္တိတိ အလုပ္ထြက္ခြင့္တင္ျပခဲ့ေပမယ္ မေအာင္ျမင္ခဲ့ပါဘူး။

ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ စည္ပင္ဝန္ထမ္းေတြအမ်ားစုကို ေျပာင္းလဲေပးႏိုင္ခဲ့လို႔ civil service reform အခုအခ်ိန္မွာ ျပည္သူေတြရဲ႕ ေမတၱာကိုရယူေနတဲ့ အျပာဝတ္ေတြျဖစ္ေနပါၿပီ။

နည္းပညာေျပာင္းလဲမႈေတြနဲ႔ လမ္းခင္းတာ၊ မီးတိုင္စိုက္ထူတာ၊ precast drains အေသး၊ အလတ္ နဲ႔ အႀကီးေတြခင္းတာ ေတြကိုျပည္သူေတြ မ်က္ဝါးထင္ထင္ေတြ႕ျမင္ေနရပါၿပီ။လမ္းေဘးသန္႔စင္ခန္းေတြ၊ ေစ်းအသစ္တည္ေဆာက္ေပးၿပီး ေစ်းအေဟာင္းေတြ အဆင့္ျမႇင့္တာ ျပဳျပင္မြမ္းမံတာေတြပါ အမ်ားႀကီးလုပ္ေပးႏိုင္ခဲ့ပါတယ္။

SCATS မီးပြိဳင့္ အခု ၅၀ အျပင္ Individual loop sensor မီးပြိဳင့္ ၁၈ ခု၊ Fully AI ရတဲ့ HIK8600 iVMS Intellegent vehicle management system၊ လမ္းမီးအဖြင့္အပိတ္ကို ဗဟိုထိန္းခ်ဳပ္မႈစံနစ္နဲ႔ control center ကေန ထိန္းခ်ဳပ္ႏိုင္မယ့္ Lora street light control system ေတြ လုပ္ႏိုင္ခဲ့ပါတယ္။စည္ပင္ရဲ႕ ဘတ္ဂ်က္က အျခားျပည္ေထာင္စုဝန္ႀကီးဌာနေတြနဲ႔ လုံးဝမတူပါဘူး။ ႏိုင္ငံေတာ္ကပံ့ပိုးမႈ လုံးဝမရပဲ မိမိဝင္ေငြေပၚမွာသာရပ္တည္ရတဲ့ အဖြဲ႕အစည္းပါ။

အရင္ကေတာ့ စည္ပင္ပိုင္ ေျမေတြကို ေရာင္းခ်ၿပီး အသက္ဆက္ခဲ့ၾကေပမယ့္ ကြၽန္ေတာ့လက္ထက္မွာ ပုံမွန္ဝင္ေငြတိုးတက္လာေအာင္ အခြန္အေကာက္အေရအတြက္တိုးခ်ဲ႕ႏိုင္ဖို႔ data အမွန္ရရွိေရး whole city household data survey လုပ္ခဲ့တာ၊ ပုံမွန္ငွားရမ္းခေတြထက္ အမ်ားႀကီး ေလ်ာ့နည္းေနတဲ့ စည္ပင္ပိုင္ေျမ အေဆာက္အဦေတြအေပၚ လက္ရွိေပါက္ေစ်းရဲ႕ ၆၀% ရေအာင္ တစ္ဦးခ်င္းညႇိႏႈင္းတာကအစ ဘယ္တုန္းကမွမရွိခဲ့ဘူးတဲ့ fiber cables ေတြအတြက္ right of way ခေတြစတင္ေကာက္ခံႏိုင္တာအဆုံး နည္းေပါင္းစုံနဲ႔ စည္ပင္ရဲ႕ ဘတ္ဂ်က္ကို တိုးတက္ေအာင္လုပ္ခဲ့ႏိုင္လို႔ အရင္ဝင္ေငြရဲ႕ ၂ ဆေက်ာ္နဲ႔ လည္ပတ္ေနပါၿပီ။

ဝင္ေငြတိုးတက္လာတာနဲ႔အမွ် လုပ္ငန္းေတြတိုးခ်ဲ႕လုပ္ကိုင္ႏိုင္လာသလို နည္းပညာေျပာင္းလဲႏိုင္ဖို႔ အေျခခံ လိုအပ္ခ်က္ေတြျဖစ္တဲ့ ႏိုင္လြန္ကတၱရာ ႀကိဳစက္၊ Stabilized Soil Batching Plant၊ Cold Ashford Emulsion Plant၊ Precast Plant၊ laboratories ေတြ တည္ေဆာက္ႏိုင္ခဲ့သလို ေခတ္နဲ႔လိုက္ေလ်ာညီေထြရွိဖို႔ ယာဥ္စက္ယတၱရား ေပါင္းမ်ားစြာကိုလည္း အင္အားျဖည့္တင္းႏိုင္ခဲ့ပါတယ္။

အခုဘတ္ဂ်က္ထဲမွာ ႏိုင္လြန္ကတၱႀကိဳစက္အသစ္တစ္ခုနဲ႔ ႏိုင္လြန္ကတၱရာခင္းစက္တစ္စုံအျပင္ ေဗဒါဆယ္စက္တစ္ခုပါ ဝယ္မွာပါ။E government အပိုင္းနဲ႔ပတ္သက္ၿပီး မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ ၂၀၁၆ အထိ ဘာတစ္ခုမွ မယ္မယ္ရရ မလုပ္ႏိုင္ခဲ့ပါဘူး။ အခု ၄ ႏွစ္ေက်ာ္ကာလအတြင္း ျပဳျပင္ေျပာင္းလဲမႈေတြအမ်ားႀကီးလုပ္ႏိုင္ခဲ့ပါတယ္။

႐ုံးလုပ္ငန္းမ်ား၊ အထူးသျဖင့္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား၏ လုပ္ငန္းစီမံခန႔္ခြဲမႈကို အေထာက္အကူျဖစ္ေစရန္ သတင္းအခ်က္အလက္၊ ဆက္သြယ္ေရးနည္းပညာကို အသုံးျပဳၿပီး ေဆာင္႐ြက္ႏိုင္ရန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားၿပီးႏွင့္ လက္ရွိတြင္ လည္ပါတ္သုံးစြဲေနသည့္ ႐ုံးလုပ္ငန္းသုံးစနစ္ (၃၀) ရွိပါတယ္။ အခုဆိုရင္ စည္ပင္ရဲ႕ လုပ္ငန္းေတြအားလုံး အရွိန္အဟုန္နဲ႔ လည္ပတ္ေနပါၿပီ။ နည္းပညာေျပာင္းလဲမႈနဲ႔ ဝန္ထမ္းေတြရဲ႕ ေျပာင္းလဲမႈက ကြၽန္ေတာ္မလုပ္ေတာ့တဲ့ေနာက္ပိုင္း မႏၲေလးစည္ပင္ရဲ႕ တိုးတက္မႈ အရွိန္အဟုန္က ေျပာင္းလဲမႈမရွိ ဆက္လက္ေကာင္းေနမယ္လို႔ ကြၽန္ေတာ္လုံးဝ ယုံၾကည္ပါတယ္။

အခ်ဳပ္အေနနဲ႔ ဇူလိုင္လကုန္က ပါတီဝင္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲဝင္ဖို႔ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့သလို ေ႐ြးေကာက္ပြဲအၿပီး ႏိုဝင္ဘာလ ၁၀ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ထံ ေနာက္ ၅ ႏွစ္သက္တမ္းမွာ ဆက္မလုပ္ေတာ့ေၾကာင္းတင္ျပခဲ့ပါတယ္။အေရးအႀကီးဆုံးအသိေပးခ်င္တဲ့အခ်က္က ကြၽန္ေတာ္ဆက္မလုပ္ေတာ့တာ ကြၽန္ေတာ္ရဲ႕ ကိုယ္ေရးကိုယ္တာေၾကာင့္ပါ။ အန္နယ္လ္ဒီ အစိုးရအေနနဲ႔ ေ႐ြးေကာက္ပြဲဝင္ဖို႔အထိပါ ကြၽန္ေတာ့္ကို ေနရာေပးခဲ့တာပါ။ ကြၽန္ေတာ္နဲ႔ ဝန္ႀကီးခ်ဳပ္အၾကားမွာ ဘာျပႆနာမွ မျဖစ္ဖူးပါ။ ငယ္သူငယ္ခ်င္းေတြလို ရင္းရင္းႏွီးႏွီးဆက္ဆံလ်က္ပါ။

ကြၽန္ေတာ္ ပိုစ့္မတင္ျဖစ္တာက ကိုဗစ္ကာလ ဘာလုပ္ငန္းစစ္မွ လုပ္လို႔မရေအာင္ျဖစ္ေနလို႔ ပိုစ့္တင္စရာ အေၾကာင္းမရွိခ်ိန္မို႔လို႔ပါ။ ကြၽန္ေတာ္ ၿမိဳ႕ေတာ္ဝန္အျဖစ္ဆက္မလုပ္ေတာ့ေပမယ့္ ကြၽန္ေတာ္ခ်စ္တဲ့ မႏၲေလးၿမိဳ႕ကို ျပစ္မထားပါဘူး။ လုပ္ငန္းခြင္ေတြသြားၿပီး အႀကံဥာဏ္ေတြ ဆက္ေပးမွာပါ။ ၿမိဳ႕ေတာ္ဖြံၿဖိဳးေရးနဲ႔ ကိုဗစ္အတြက္ လႉလည္း ဆက္လႉသြားမွာပါ။ မႏၲေလးနဲ႔ မကင္းကြာပါဘူး။

ေဒါက္တာရဲလြင္ (မႏၲေလးၿမိဳ႕ေတာ္ဝန္)

Unicode
.
အန်နယ်ဒီ အစိုးရရဲ့ ဒုတိယ ၅ နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြဖို့လိုပြီလို့ယူဆလို့ ဒီပိုစ့်တင်လိုက်တာပါ။

ဖေဖော်ဝါရီလဆန်းလောက်ကျမှ ရှင်းပြဖို့စိတ်ကူးခဲ့ပေမယ့် ပြည်သူတွေရဲ့ တောင်းဆိုမှုများတာကြောင့်နဲ့ ၊ အစိုးရအဖွဲ့အတွင်း ပြဿနာဖြစ်နေသလိုလို ရေးသားချက်အချို့ကြောင့် စောပြီးရှင်းပြရတာပါ။

မြို့တော်ဝန်ရာထူးကို ၃ ကြိမ်တိတိငြင်းပယ်ပြီး နောက်ဆုံးနာရီပိုင်းအလိုမှ လက်ခံခဲ့တာ ပြည်သူတွေအသိပါ။ စလက်ခံကထဲက ၅ နှစ်ပဲလုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။

အကြောင်းရင်းတွေအများကြီးထဲက အဓိကအကျဆုံးက အသက်အရွယ်ပါ။ ကျွန်တော့်အသက် ၆၈ နှစ်ရှိပါပြီ။ သံသရာအတွက် ပြင်ဆင်ဖို့လိုပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေလုပ်ခဲ့ရလို့ တရားဘာဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန်အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။

နောက်အကြောင်းတစ်ချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တစ်ကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ရောဂါပါ။ အစာအိမ်ထဲမှာပါ ရှိနေပြီလို့လည်း ဝေဒနာခံစားမှုအရ ယူဆထားပါတယ်။

အမျိုးသမီးဆုံးသွားပြီးနောက် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုအချို့ကို ကျွန်တော်နဲ့ သားရဲ့ အမည်ပြောင်းဖို့လည်းရှိနေပါသေးတယ်။ ဒါတွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။

အမျိုးသမီးကင်ဆာစဖြစ်တုန်းကတစ်ကြိမ်၊ Recurrence ရတုန်းကတစ်ကြိမ် နဲ့ ကုသတဲ့ဆေးရဲ့နောက်ဆက်တွဲဆိုကျိုးကြောင့် အူမကြီးပေါက်သွားတုန်းကတစ်ကြိမ် သုံးကြိမ်တိတိ အလုပ်ထွက်ခွင့်တင်ပြခဲ့ပေမယ် မအောင်မြင်ခဲ့ပါဘူး။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စည်ပင်ဝန်ထမ်းတွေအများစုကို ပြောင်းလဲပေးနိုင်ခဲ့လို့ civil service reform အခုအချိန်မှာ ပြည်သူတွေရဲ့ မေတ္တာကိုရယူနေတဲ့ အပြာဝတ်တွေဖြစ်နေပါပြီ။

နည်းပညာပြောင်းလဲမှုတွေနဲ့ လမ်းခင်းတာ၊ မီးတိုင်စိုက်ထူတာ၊ precast drains အသေး၊ အလတ် နဲ့ အကြီးတွေခင်းတာ တွေကိုပြည်သူတွေ မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။
လမ်းဘေးသန့်စင်ခန်းတွေ၊ ဈေးအသစ်တည်ဆောက်ပေးပြီး ဈေးအဟောင်းတွေ အဆင့်မြှင့်တာ ပြုပြင်မွမ်းမံတာတွေပါ အများကြီးလုပ်ပေးနိုင်ခဲ့ပါတယ်။

SCATS မီးပွိုင့် အခု ၅၀ အပြင် Individual loop sensor မီးပွိုင့် ၁၈ ခု၊ Fully AI ရတဲ့ HIK8600 iVMS Intellegent vehicle management system၊ လမ်းမီးအဖွင့်အပိတ်ကို ဗဟိုထိန်းချုပ်မှုစံနစ်နဲ့ control center ကနေ ထိန်းချုပ်နိုင်မယ့် Lora street light control system တွေ လုပ်နိုင်ခဲ့ပါတယ်။

စည်ပင်ရဲ့ ဘတ်ဂျက်က အခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ လုံးဝမတူပါဘူး။ နိုင်ငံတော်ကပံ့ပိုးမှု လုံးဝမရပဲ မိမိဝင်ငွေပေါ်မှာသာရပ်တည်ရတဲ့ အဖွဲ့အစည်းပါ။

အရင်ကတော့ စည်ပင်ပိုင် မြေတွေကို ရောင်းချပြီး အသက်ဆက်ခဲ့ကြပေမယ့် ကျွန်တော့လက်ထက်မှာ ပုံမှန်ဝင်ငွေတိုးတက်လာအောင် အခွန်အကောက်အရေအတွက်တိုးချဲ့နိုင်ဖို့ data အမှန်ရရှိရေး whole city household data survey လုပ်ခဲ့တာ၊ ပုံမှန်ငှားရမ်းခတွေထက် အများကြီး လျော့နည်းနေတဲ့ စည်ပင်ပိုင်မြေ အဆောက်အဦတွေအပေါ် လက်ရှိပေါက်ဈေးရဲ့ ၆၀% ရအောင် တစ်ဦးချင်းညှိနှုင်းတာကအစ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ fiber cables တွေအတွက် right of way ခတွေစတင်ကောက်ခံနိုင်တာအဆုံး နည်းပေါင်းစုံနဲ့ စည်ပင်ရဲ့ ဘတ်ဂျက်ကို တိုးတက်အောင်လုပ်ခဲ့နိုင်လို့ အရင်ဝင်ငွေရဲ့ ၂ ဆကျော်နဲ့ လည်ပတ်နေပါပြီ။

ဝင်ငွေတိုးတက်လာတာနဲ့အမျှ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်နိုင်လာသလို နည်းပညာပြောင်းလဲနိုင်ဖို့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ နိုင်လွန်ကတ္တရာ ကြိုစက်၊ Stabilized Soil Batching Plant၊ Cold Ashford Emulsion Plant၊ Precast Plant၊ laboratories တွေ တည်ဆောက်နိုင်ခဲ့သလို ခေတ်နဲ့လိုက်လျောညီထွေရှိဖို့ ယာဉ်စက်ယတ္တရား ပေါင်းများစွာကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။

အခုဘတ်ဂျက်ထဲမှာ နိုင်လွန်ကတ္တကြိုစက်အသစ်တစ်ခုနဲ့ နိုင်လွန်ကတ္တရာခင်းစက်တစ်စုံအပြင် ဗေဒါဆယ်စက်တစ်ခုပါ ဝယ်မှာပါ။

E government အပိုင်းနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၆ အထိ ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပါဘူး။ အခု ၄ နှစ်ကျော်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်။

ရုံးလုပ်ငန်းများ၊ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းစီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးနှင့် လက်ရှိတွင် လည်ပါတ်သုံးစွဲနေသည့် ရုံးလုပ်ငန်းသုံးစနစ် (၃၀) ရှိပါတယ်။ အခုဆိုရင် စည်ပင်ရဲ့ လုပ်ငန်းတွေအားလုံး အရှိန်အဟုန်နဲ့ လည်ပတ်နေပါပြီ။ နည်းပညာပြောင်းလဲမှုနဲ့ ဝန်ထမ်းတွေရဲ့ ပြောင်းလဲမှုက ကျွန်တော်မလုပ်တော့တဲ့နောက်ပိုင်း မန္တလေးစည်ပင်ရဲ့ တိုးတက်မှု အရှိန်အဟုန်က ပြောင်းလဲမှုမရှိ ဆက်လက်ကောင်းနေမယ်လို့ ကျွန်တော်လုံးဝ ယုံကြည်ပါတယ်။

အချုပ်အနေနဲ့ ဇူလိုင်လကုန်က ပါတီဝင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သလို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဝန်ကြီးချုပ်ထံ နောက် ၅ နှစ်သက်တမ်းမှာ ဆက်မလုပ်တော့ကြောင်းတင်ပြခဲ့ပါတယ်။

အရေးအကြီးဆုံးအသိပေးချင်တဲ့အချက်က ကျွန်တော်ဆက်မလုပ်တော့တာ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့်ပါ။ အန်နယ်လ်ဒီ အစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အထိပါ ကျွန်တော့်ကို နေရာပေးခဲ့တာပါ။ ကျွန်တော်နဲ့ ဝန်ကြီးချုပ်အကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးပါ။ ငယ်သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးဆက်ဆံလျက်ပါ။

ကျွန်တော် ပိုစ့်မတင်ဖြစ်တာက ကိုဗစ်ကာလ ဘာလုပ်ငန်းစစ်မှ လုပ်လို့မရအောင်ဖြစ်နေလို့ ပိုစ့်တင်စရာ အကြောင်းမရှိချိန်မို့လို့ပါ။ ကျွန်တော် မြို့တော်ဝန်အဖြစ်ဆက်မလုပ်တော့ပေမယ့် ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ကို ပြစ်မထားပါဘူး။ လုပ်ငန်းခွင်တွေသွားပြီး အကြံဉာဏ်တွေ ဆက်ပေးမှာပါ။ မြို့တော်ဖွံဖြိုးရေးနဲ့ ကိုဗစ်အတွက် လှူလည်း ဆက်လှူသွားမှာပါ။ မန္တလေးနဲ့ မကင်းကွာပါဘူး။

ဒေါက်တာရဲလွင် (မန္တလေးမြို့တော်ဝန်)

Leave a Reply

Your email address will not be published. Required fields are marked *