အမေရိကန်ပြည်ထောင်စု California ရှိ အသက် ၄၅ နှစ်ရှိသူ Mr Matthew W. ဆိုတဲ့ သူနာပြုဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါသတဲ့။
စုစုပေါင်း ဆေး dose ပမာဏ 0.3 mL စီနဲ့ ၂၁ ရက်ခွာပြီးနှစ်ကြိမ်ထိုးရမှာပါ။ သူဟာ ကိုဗစ်ရောဂါသည်တွေရှိတဲ့ လူနာဆောင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ ၆ ရက်အကြာ ဒီဇင်ဘာ ၂၄ ရက်နေ့ညနေမှာ ချမ်းဖျားဖျားပြီး ကြွက်သားတွေနာကာ ပင်ပန်ူနွမ်းနယ်မှုဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကိုဗစ် Positive ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ဘာဖြစ်လို့ကာကွယ်ဆေးထိုးထားပါရဲ့နဲ့ကိုဗစ်ရောဂါဖြစ်ခဲ့တာလဲ..လူရဲ့ကိုယ်ခန္ဓာဟာ antibodies တုန့်ပြန်မှုအတွက် အနည်းဆုံး ၁၀ ရက်ကနေ ၁၄ ရက်အချိန်စောင့်ရပါတယ်လို့ ကူးစက်ရောဂါကျွမ်းကျင်သူ Dr Christian Ramers ကပြောပါတယ်။
ပထမအကြိမ်ကာကွယ်ဆေးတစ်လုံးထိုးလိုက်ချိန်မှာ ရောဂါကာကွယ်နိုင်မှု ၅၀% ရာနှုန်းပဲ ပေးအုံးမှာပါ။ ဒုတိယအကြိမ်ကာကွယ်ဆေး booster dose ထိုးလိုက်ပြီးမှ ၉၅ % အထိကာကွယ်မှုပေးမှာပါ။ ဒါတောင် ရာနှုန်းပြည့် ၁၀၀% ကာကွယ်မှုမပေးသေးပါဘူး။ဒါကြောင့်ကာကွယ်ဆေးကို လူများများမှာထိုးနိုင်သလောက်ထိုးလေ ပိုပြီးကာကွယ်မှုရှိလေပါပဲ။ စုပေါင်းကာကွယ်မှုဟာ ပိုပြီးအင်အားရှိစေပါတယ်။
ဒါ့ကြောင့် ကာကွယ်ဆေးဟာ တကယ့်ကိုကာကွယ်မှုပေးပါလိမ့်မယ်။ သို့သော်အချိန်စောင့်ရပါတယ်။ လူများများမှာ မြန်မြန်ထိုးပေးနိုင်ဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် Mask လုံအောင်တပ်ခြင်း၊ လက်သေချာဆေးခြင်း၊ တဦးနဲ့ တဦး ခပ်ခွာခွာနေထိုင်ခြင်း စည်းကမ်းတွေကို တစ်နိုင်ငံလုံး ရောဂါခုခံအား Herd Immunity ရတဲ့အချိန်အထိ ဆက်လက်လိုက်နာဖို့လိုပါတယ်။
source : Richard Myo Thant
zawgyi
အေမရိကန္ျပည္ေထာင္စု California ရွိ အသက္ ၄၅ ႏွစ္ရွိသူ Mr Matthew W. ဆိုတဲ့ သူနာျပဳဟာ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ Pfizer ရဲ႕ ကိုဗစ္ကာကြယ္ေဆးကို ပထမအႀကိမ္ထိုးခဲ့ပါသတဲ့။
စုစုေပါင္း ေဆး dose ပမာဏ 0.3 mL စီနဲ႔ ၂၁ ရက္ခြာၿပီးႏွစ္ႀကိမ္ထိုးရမွာပါ။ သူဟာ ကိုဗစ္ေရာဂါသည္ေတြရွိတဲ့ လူနာေဆာင္မွာ အလုပ္လုပ္ခဲ့ပါတယ္။ ၆ ရက္အၾကာ ဒီဇင္ဘာ ၂၄ ရက္ေန႔ညေနမွာ ခ်မ္းဖ်ားဖ်ားၿပီး ႂကြက္သားေတြနာကာ ပင္ပႏ္ူႏြမ္းနယ္မႈျဖစ္ခဲ့ပါတယ္။ ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ ကိုဗစ္ Positive ျဖစ္ေၾကာင္းသိခဲ့ရပါတယ္။
ဘာျဖစ္လို႔ကာကြယ္ေဆးထိုးထားပါရဲ႕နဲ႔ကိုဗစ္ေရာဂါျဖစ္ခဲ့တာလဲ..လူရဲ႕ကိုယ္ခႏၶာဟာ antibodies တုန႔္ျပန္မႈအတြက္ အနည္းဆုံး ၁၀ ရက္ကေန ၁၄ ရက္အခ်ိန္ေစာင့္ရပါတယ္လို႔ ကူးစက္ေရာဂါကြၽမ္းက်င္သူ Dr Christian Ramers ကေျပာပါတယ္။
ပထမအႀကိမ္ကာကြယ္ေဆးတစ္လုံးထိုးလိုက္ခ်ိန္မွာ ေရာဂါကာကြယ္ႏိုင္မႈ ၅၀% ရာႏႈန္းပဲ ေပးအုံးမွာပါ။ ဒုတိယအႀကိမ္ကာကြယ္ေဆး booster dose ထိုးလိုက္ၿပီးမွ ၉၅ % အထိကာကြယ္မႈေပးမွာပါ။ ဒါေတာင္ ရာႏႈန္းျပည့္ ၁၀၀% ကာကြယ္မႈမေပးေသးပါဘူး။ဒါေၾကာင့္ကာကြယ္ေဆးကို လူမ်ားမ်ားမွာထိုးႏိုင္သေလာက္ထိုးေလ ပိုၿပီးကာကြယ္မႈရွိေလပါပဲ။ စုေပါင္းကာကြယ္မႈဟာ ပိုၿပီးအင္အားရွိေစပါတယ္။
ဒါ့ေၾကာင့္ ကာကြယ္ေဆးဟာ တကယ့္ကိုကာကြယ္မႈေပးပါလိမ့္မယ္။ သို႔ေသာ္အခ်ိန္ေစာင့္ရပါတယ္။ လူမ်ားမ်ားမွာ ျမန္ျမန္ထိုးေပးႏိုင္ဖို႔ လိုပါတယ္။ ကာကြယ္ေဆးထိုးၿပီးရင္ Mask လုံေအာင္တပ္ျခင္း၊ လက္ေသခ်ာေဆးျခင္း၊ တဦးနဲ႔ တဦး ခပ္ခြာခြာေနထိုင္ျခင္း စည္းကမ္းေတြကို တစ္ႏိုင္ငံလုံး ေရာဂါခုခံအား Herd Immunity ရတဲ့အခ်ိန္အထိ ဆက္လက္လိုက္နာဖို႔လိုပါတယ္။
source : Richard Myo Thant