လသာတုန်း ဗိုင်းငင်သင့်ပြီလား၊ ဂျပန်ကုမ္ပဏီ ၁၇၀၀ ကျော် တရုတ်ကနေထွက်ခွါဖို့ပြင်ဆင် ( သာကောတို့အလုပ်လက်မဲ့ဖြစ်မှာတွေးပူပြီး ထွက်မသွားဖို့ မြူဆွယ်နေရပြီ….)

ဂျပန်အစိုးရက တရုတ်ကထွက်မယ့်စက်ရုံတွေကို ပြောင်းရွှေ့ကြေး ကန်ဒေါ်လာသန်းပေါင်း ၂၃၅၀ ကူညီထောက်ပံ့ပေးသွားမှာကို လာလျှောက်သူ ၁၇၀၀ ကျော်ခဲ့ပြီမို့ တရုတ်အစိုးရဟာ စတင်ပြီး စိုးရိမ်လာနေရပါပြီ။

ဂျပန်စက်ရုံတွေကို အခွန်အတုပ်တွေလျှော့ချသလို၊ တချို့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအားလုံးကို တရုတ်ပြည်ထုတ်ဂျပန်ကားတွေပဲ ဝယ်စီးကြဖို့အမိန့်ထုတ်ကာ ထွက်မသွားဖို့ ပြန်မြူဆွယ်နေရပါသတဲ့။

တရုတ်အစိုးရမီဒီယာကတော့ ထွက်ကုန်တာတွေဟာ အသေးစားကနေ အလတ်စား ကျန်းမာရေးပစ္စည်း ကုန်ထုတ်စက်ရုံတွေလို့ဆိုပေမယ့် ဂျပန်စက်ရုံတွေအဓိကအခြေစိုက်တဲ့ တောင်ပိုင်းပြည်နယ် (၃) ခုကတော့ သူတို့ပြည်နယ်ထုတ်ကုန်တန်ဖိုးအကြီးအကျယ်ကျမှာနဲ့ အလုပ်လက်မဲ့ဖြစ်လာမှာတွေအတွက် တွေးပူနေကြရပါပြီ။

ဂျပန်အစိုးရကတော့ ပြောင်းလာမယ့်စက်ရုံတွေကို ဂျပန်၊ အင်ဒိုနီးရှား၊ ဗီယက် နမ်နဲ့ အခြားအာဆီယံနိုင်ငံတွေကို ထောက်ခံအားပေးထားပါတယ်။ မြန်မာပြည်ဟာ ပြောင်းလာမယ့်ဂျပန်စက်ရုံတွေကို လက်ခံနိုင်ဖို့ အခြေခံအဆောက်အအုံတွေ အမြန်တည်ဆောက်ကြရပါလိမ့်မည်။

CRD : ZinMinNyein

zawgyi





CRD : ZinMinNyein

Leave a Reply

Your email address will not be published. Required fields are marked *