အမေရိကန်က အီရတ်ရှိ အစိမ်းရောင်ဇုန်လုံခြုံရေးအတွက် လက်နက်တပ်ဆင်ထားသော ကျည်ကာယာဉ် ၃၀ စီးပေးပို့ခဲ့

ဘဂ္ဂဒက်အလယ်ပိုင်းရှိ Green Zone လုံခြုံရေးအတွက် လက်နက်တပ်ဆင်ထားတဲ့ ကျည်ကာယာဉ် ၃၀ စီးကို ပေးပို့ခဲ့တယ်လို့ ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးက ယနေ့ပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါယာဉ်တွေကို အီရတ်တပ်ဖွဲ့တွေက အသုံးပြုမှာလည်းဖြစ်ပါတယ်။

ထိုသို့လုပ်ဆောင်ချက်ဟာ အီရတ်နဲ့ ဘဂ္ဂဒက်လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် အီရတ်ကြည်းတပ်ကို ကူညီတာဖြစ်တယ်လို့လည်း ဆိုပါတယ်။အမေရိကန်အနေနဲ့ Al-Asad လေတပ်စခန်းမှာရှိတဲ့ အထူးစစ်ဌာနချုပ်ကို ပေးအပ်ခဲ့တာဖြစ်သလို အီရတ်စစ်တပ်ကကင်းလှည့်မှုမှာအသုံးပြုလိမ့်မယ်လို့လည်း သံအမတ်က ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဒီလှူဒါန်းမှုဟာ US-Iraqi Army Security Cooperation Office အတွက် ထောက်ပံ့တဲ့အစိတ်အပိုင်းကြီးထဲက တစ်ခုပဲရှိသေးတယ်လို့ဆိုပါတယ်။အမေရိကန်သံရုံးက “အီရတ်ပြည်သူတွေ တည်ငြိမ်ပြီး လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ဖန်တီးနိုင်အောင် ကျွန်တော်တို့အတူတကွလုပ်ဆောင်သွားမှာပါ” ဟုထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

CRD : Myanmarnews24

zawgyi




CRD : Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *