အေမရိကန္ကို သစၥာေဖာက္ခဲ့သည့္ ဂ်ဴးသူလွ်ိဳကို အစၥေရးက ေသာင္းေသာင္းဖ်ဖ်ႀကိဳဆို

အမေရိကန်ရေတပ်မှာ အလုပ်လုပ်ပြီး စစ်ဖက်လျှို့ဝှက်ချက်တွေကို အစ္စရေးထံ ရောင်းစားကာ ထောင်ကျခဲ့တဲ့ ဂျူးသူလျှို ဂျိုနသန် ပိုလာ့ဒ်ဟာ ဒီနေ့မနက်ပိုင်းမှာ အစ္စရေးကို ရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ် နေတန်ယာဟုက ကြိုဆိုခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် ပိုလာ့ဒ်နဲ့ ဇနီးဖြစ်သူတို့ကို အမေရိကန်က ကာစီနိုကုမ္ပဏီ Sheldon Adelson က အထူးလေယာဉ်နဲ့ အစ္စရေးကို ပို့ပေးခဲ့တာပါ။ Sheldon Adelson ကုမ္ပဏီဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို ထောက်ပံ့ပေးသူလည်း ဖြစ်ပါတယ်။“၃၅ နှစ်ကြာပြီးမှ အိမ်ပြန်ရောက်တဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” လို့ ပိုလာ့ဒ်က ပြောကြားခဲ့ပါတယ်။

ပိုလာ့ဒ်တို့ဇနီးမောင်နှံကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစိုးရအဖွဲ့ဝင်တစ်ချို့က လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ပြီး အစ္စရေးမှတ်ပုံတင်ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ အစ္စရေး လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကလည်း ပိုလာ့ဒ်ရောက်လာမှုအတွက် ဝမ်းသာကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။

ပိုလာ့ဒ်ကတော့ မိမိကို ထောက်ခံအားပေးတဲ့ ဝန်ကြီးချုပ်နဲ့ ဂျူးပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ပိုလာ့ဒ်ဟာ အမေရိကန်ရေတပ်မှာ အရပ်ဖက် ထောက်လှမ်းရေး လေ့လာဆန်းစစ်သူအဖြစ် အလုပ်လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွေမှာ စစ်ဖက်လျှို့ဝှက်ချက်တွေကို အစ္စရေးထံ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက သိသွားခဲ့ပြီးတဲ့နောက် ဝါရှင်တန်က အစ္စရေးသံရုံးမှာ ခိုလှုံခွင့်ရဖို့ ပိုလာ့ဒ်တစ်ယောက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၈၅ ခုနှစ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်နဲ့ အစ္စရေးတို့အကြား ဆက်ဆံရေးဟာ နှစ်နဲ့ချီ တင်းမာခဲ့ပါတယ်။

သူသျှိုမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် အမေရိကန်တရားရုံးက ပိုလာ့ဒ်ကို ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပါတယ်။ သူ့ကို မလွှတ်ပေးဖို့ အမေရိကန်ထောင်လှမ်းရေးနဲ့ စစ်ဖက်တာဝန်ရှိသူတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ လွတ်လာခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ခြေချုပ် ၅ နှစ်ထပ်နေရကာ အချိန်မှာတော့ အစ္စရေးကို ပြောင်းရွှေ့အခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုလာ့ဒ်ကို လွှတ်ပေးမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ပေးအပ်ခဲ့တဲ့ သံတမန်ရေးရာ လက်ဆောင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

CRD : Mmedia

zawgyi

အေမရိကန္ေရတပ္မွာ အလုပ္လုပ္ၿပီး စစ္ဖက္လွ်ိဳ႕ဝွက္ခ်က္ေတြကို အစၥေရးထံ ေရာင္းစားကာ ေထာင္က်ခဲ့တဲ့ ဂ်ဴးသူလွ်ိဳ ဂ်ိဳနသန္ ပိုလာ့ဒ္ဟာ ဒီေန႔မနက္ပိုင္းမွာ အစၥေရးကို ေရာက္ရွိလာခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ႀကိဳဆိုခဲ့ပါတယ္။

အသက္ ၆၆ ႏွစ္အ႐ြယ္ ပိုလာ့ဒ္နဲ႔ ဇနီးျဖစ္သူတို႔ကို အေမရိကန္က ကာစီႏိုကုမၸဏီ Sheldon Adelson က အထူးေလယာဥ္နဲ႔ အစၥေရးကို ပို႔ေပးခဲ့တာပါ။ Sheldon Adelson ကုမၸဏီဟာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ကို ေထာက္ပံ့ေပးသူလည္း ျဖစ္ပါတယ္။“၃၅ ႏွစ္ၾကာၿပီးမွ အိမ္ျပန္ေရာက္တဲ့အတြက္ အလြန္ေပ်ာ္႐ႊင္ရပါတယ္” လို႔ ပိုလာ့ဒ္က ေျပာၾကားခဲ့ပါတယ္။

ပိုလာ့ဒ္တို႔ဇနီးေမာင္ႏွံကို အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုနဲ႔ အစိုးရအဖြဲ႕ဝင္တစ္ခ်ိဳ႕က ေလဆိပ္မွာ လာေရာက္ႀကိဳဆိုခဲ့ၿပီး အစၥေရးမွတ္ပုံတင္ကိုလည္း ထုတ္ေပးခဲ့ပါတယ္။ အစၥေရး လႊတ္ေတာ္အမတ္ေတြ၊ အစိုးရတာဝန္ရွိသူေတြနဲ႔ ႏိုင္ငံေရးအသိုင္းအဝိုင္းကလူေတြကလည္း ပိုလာ့ဒ္ေရာက္လာမႈအတြက္ ဝမ္းသာေၾကာင္း ဆိုရွယ္မီဒီယာေတြမွာ ေရးသားခဲ့ၾကပါတယ္။

ပိုလာ့ဒ္ကေတာ့ မိမိကို ေထာက္ခံအားေပးတဲ့ ဝန္ႀကီးခ်ဳပ္နဲ႔ ဂ်ဴးျပည္သူေတြကို ေက်းဇူးတင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ပိုလာ့ဒ္ဟာ အေမရိကန္ေရတပ္မွာ အရပ္ဖက္ ေထာက္လွမ္းေရး ေလ့လာဆန္းစစ္သူအျဖစ္ အလုပ္လုပ္ခဲ့ၿပီး ၁၉၈၀ ျပည့္ႏွစ္ေတြမွာ စစ္ဖက္လွ်ိဳ႕ဝွက္ခ်က္ေတြကို အစၥေရးထံ ေရာင္းစားခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္အစိုးရက သိသြားခဲ့ၿပီးတဲ့ေနာက္ ဝါရွင္တန္က အစၥေရးသံ႐ုံးမွာ ခိုလႈံခြင့္ရဖို႔ ပိုလာ့ဒ္တစ္ေယာက္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ၁၉၈၅ ခုႏွစ္မွာ အဖမ္းခံခဲ့ရပါတယ္။ ဒီကိစၥေၾကာင့္ အေမရိကန္နဲ႔ အစၥေရးတို႔အၾကား ဆက္ဆံေရးဟာ ႏွစ္နဲ႔ခ်ီ တင္းမာခဲ့ပါတယ္။

သူသွ်ိဳမႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရတဲ့အတြက္ အေမရိကန္တရား႐ုံးက ​ပိုလာ့ဒ္ကို ေထာင္ဒဏ္ တစ္သက္ ခ်မွတ္ခဲ့ပါတယ္။ သူ႔ကို မလႊတ္ေပးဖို႔ အေမရိကန္ေထာင္လွမ္းေရးနဲ႔ စစ္ဖက္တာဝန္ရွိသူေတြက အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ေပမယ့္ ႏွစ္ေပါင္း ၃၀ ေထာင္ဒဏ္က်ခံခဲ့ရၿပီးတဲ့ေနာက္ ၂၀၁၅ ခုႏွစ္မွာ လြတ္လာခဲ့ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ေျခခ်ဳပ္ ၅ ႏွစ္ထပ္ေနရကာ အခ်ိန္မွာေတာ့ အစၥေရးကို ေျပာင္းေ႐ႊ႕အေျခခ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပိုလာ့ဒ္ကို လႊတ္ေပးမႈဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုကို ေပးအပ္ခဲ့တဲ့ သံတမန္ေရးရာ လက္ေဆာင္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။

CRD : Mmedia

Leave a Reply

Your email address will not be published. Required fields are marked *