ေဆာ္ဒီသို႔ စမတ္ဗုံးအလုံး ၃၀၀၀ ေရာင္းရန္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတည္ျပဳ

ဆော်ဒီအာရေဗျ ဘုရင့်တိုင်းပြည်ထံ အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံ သဘောတူညီချက်တန်ဖိုးဖြင့် ပစ်မှတ်တိကျ ပဲ့ထိန်းစမတ်ဗုံး ၃၀၀၀ ကို ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။

ယခု ရောင်းချမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း နောက်ဆုံးရက်များတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်လက်နက်များအား အရှေ့အလယ်ပိုင်း အများဆုံး ဝယ်လက်ဖြစ်သည့် ဆော်ဒီအာရေဗျအား လက်နက်ရောင်းချခြင်းများကို တန့်ရပ်မည်ဟု

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ကတိခံထားသည်။ ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာ‌ထောက်ထားရေး ပဋိပက္ခကို ဖြစ်ပွားစေသည့် ယီမင်နှင့် စစ်ပွဲများ အဆုံးသတ်ရန် ဆော်ဒီကို ဖိအားပေးခြင်းအနေဖြင့် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ရောင်းချသည့် စစ်လက်နက်ပစ္စည်းများတွင် GBU-39 Small Diameter Bomb I (SDB I) စမတ်ဗုံး ၃၀၀၀၊ ထုပ်ပိုးကွန်တိန်နာ၊ ထောက်ပံ့ပစ္စည်းများ၊ အရန်အပိုပစ္စည်းများနှင့် နည်းပညာထောက်ပံ့မှုများ ပါဝင်သည်ဟု ပင်တဂွန်က ပြောသည်။

“အခု အဆိုပြုတဲ့ ရောင်းချမယ့် လက်နက်တွေကြောင့် ဆော်ဒီအနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာပါ ကြုံရမယ့် ခြိမ်းခြောက်မှုတွေကို တာဝေးနဲ့ ပစ်မှတ်တိကျတဲ့ ဝေဟင်က မြေပြင်ပစ် ဗုံးလက်နက်တွေနဲ့ ရင်ဆိုင်နိုင်စွမ်း ပိုပြီး အင်အားတောင့်လာမှာပါ။”ဟု ပင်တဂွန်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် “SDB I ရဲ့ အရွယ်အစားနဲ့ တိကျမှုက ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးနဲ့ ပစ်မှတ်ကို ထိရောက်စွာ ချေမှုန်းနိုင်မှာ ဖြစ်တယ်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

အဆိုပါ လက်နက်ရောင်းချခွင့်အား ပင်တဂွန်၏ ကာကွယ်ရေး လုံခြုံရေးရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက ကွန်ဂရက်သို့ အင်္ဂါနေ့တွင် တင်ပြခွင့်ပြုချက် တောင်းခံခဲ့သည်။ ယီမင်တွင်အရပ်သားများ သေဆုံမှုများ မြင့်တက်နေခြင်းကြောင့် လွတ်တော်အမတ်များကစိတ်ဆိုးဒေါသထွက်ပြီး အစောပိုင်းကလည်း F – 35 စစ်လေယာဉ်များ ဆော်ဒီသို့ ရောင်းချခြင်းကိုပိတ်ပင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။

နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်သော်လည်း အရောင်းအဝယ် မဖြစ်မြောက်သေးသကဲ့သို့ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်ဦးမည် ဖြစ်သည်။အဆိုပါ လက်နက်များအတွက် အဓိကကန်ထရိုက်တာမှာ Boeing ကုမ္ပဏီဖြစ်ကြောင်း ပင်တဂွန်က ပြောခဲ့သည်။

CRD : Mizzima

zawgyi

ေဆာ္ဒီအာေရဗ် ဘုရင့္တိုင္းျပည္ထံ အေမရိကန္ေဒၚလာ ၂၉၀ ဘီလီယံ သေဘာတူညီခ်က္တန္ဖိုးျဖင့္ ပစ္မွတ္တိက် ပဲ့ထိန္းစမတ္ဗုံး ၃၀၀၀ ကို ေရာင္းခ်ရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခြင့္ျပဳလိုက္သည္။

ယခု ေရာင္းခ်မႈသည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ သမၼတသက္တမ္း ေနာက္ဆုံးရက္မ်ားတြင္ ထြက္ေပၚလာျခင္း ျဖစ္သည္။ အေမရိကန္လက္နက္မ်ားအား အေရွ႕အလယ္ပိုင္း အမ်ားဆုံး ဝယ္လက္ျဖစ္သည့္ ေဆာ္ဒီအာေရဗ်အား လက္နက္ေရာင္းခ်ျခင္းမ်ားကို တန႔္ရပ္မည္ဟု

ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က ကတိခံထားသည္။ ကမာၻ႔အဆိုးဆုံး လူသားခ်င္းစာနာ‌ေထာက္ထားေရး ပဋိပကၡကို ျဖစ္ပြားေစသည့္ ယီမင္ႏွင့္ စစ္ပြဲမ်ား အဆုံးသတ္ရန္ ေဆာ္ဒီကို ဖိအားေပးျခင္းအေနျဖင့္ ဂ်ိဳးဘိုင္ဒင္က ယခုကဲ့သို႔ ဆုံးျဖတ္ျခင္း ျဖစ္သည္။

ေရာင္းခ်သည့္ စစ္လက္နက္ပစၥည္းမ်ားတြင္ GBU-39 Small Diameter Bomb I (SDB I) စမတ္ဗုံး ၃၀၀၀၊ ထုပ္ပိုးကြန္တိန္နာ၊ ေထာက္ပံ့ပစၥည္းမ်ား၊ အရန္အပိုပစၥည္းမ်ားႏွင့္ နည္းပညာေထာက္ပံ့မႈမ်ား ပါဝင္သည္ဟု ပင္တဂြန္က ေျပာသည္။

“အခု အဆိုျပဳတဲ့ ေရာင္းခ်မယ့္ လက္နက္ေတြေၾကာင့္ ေဆာ္ဒီအေနနဲ႔ လက္ရွိနဲ႔ အနာဂတ္မွာပါ ႀကဳံရမယ့္ ၿခိမ္းေျခာက္မႈေတြကို တာေဝးနဲ႔ ပစ္မွတ္တိက်တဲ့ ေဝဟင္က ေျမျပင္ပစ္ ဗုံးလက္နက္ေတြနဲ႔ ရင္ဆိုင္ႏိုင္စြမ္း ပိုၿပီး အင္အားေတာင့္လာမွာပါ။”ဟု ပင္တဂြန္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထို႔ျပင္ “SDB I ရဲ႕ အ႐ြယ္အစားနဲ႔ တိက်မႈက ဝန္းက်င္ထိခိုက္ပ်က္စီးမႈ အနည္းဆုံးနဲ႔ ပစ္မွတ္ကို ထိေရာက္စြာ ေခ်မႈန္းႏိုင္မွာ ျဖစ္တယ္။”ဟု အဆိုပါ ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပသည္။

အဆိုပါ လက္နက္ေရာင္းခ်ခြင့္အား ပင္တဂြန္၏ ကာကြယ္ေရး လုံၿခဳံေရးရာပူးေပါင္းေဆာင္႐ြက္မႈ ေအဂ်င္စီက ကြန္ဂရက္သို႔ အဂၤါေန႔တြင္ တင္ျပခြင့္ျပဳခ်က္ ေတာင္းခံခဲ့သည္။ ယီမင္တြင္အရပ္သားမ်ား ေသဆုံမႈမ်ား ျမင့္တက္ေနျခင္းေၾကာင့္ လြတ္ေတာ္အမတ္မ်ားကစိတ္ဆိုးေဒါသထြက္ၿပီး အေစာပိုင္းကလည္း F – 35 စစ္ေလယာဥ္မ်ား ေဆာ္ဒီသို႔ ေရာင္းခ်ျခင္းကိုပိတ္ပင္ရန္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္ခဲ့ေပ ။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳၿပီး ျဖစ္ေသာ္လည္း အေရာင္းအဝယ္ မျဖစ္ေျမာက္ေသးသကဲ့သို႔ ေစ့စပ္ညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ဦးမည္ ျဖစ္သည္။အဆိုပါ လက္နက္မ်ားအတြက္ အဓိကကန္ထ႐ိုက္တာမွာ Boeing ကုမၸဏီျဖစ္ေၾကာင္း ပင္တဂြန္က ေျပာခဲ့သည္။

CRD : Mizzima

Leave a Reply

Your email address will not be published. Required fields are marked *