စစ္လက္နက္ပစၥည္းေရာင္းခ်ျခင္းျဖင့္ တူရကီကုမၸဏီမ်ားအဆင္ေျပေန၊ တူနီရွားသို႔ အေမရိကန္ေဒၚလာ သန္း ၁၅၀ ခန႔္ရွိသည့္ ဘီးတပ္က်ည္ကာယာဥ္ ၃ မ်ိဳးႏွင့္ Anka UAV ေရာင္းခ်ေပးထားခဲ့

တူရကီကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိသည့် Vuran၊ Kirp နှင့်Edjer Yalcin အမျိုးအစား ဘီးတပ်ကျည်ကာယာဉ် ၃ မျိုးနှင့် Anka UAV စနစ်ကို ရောင်းချပေးခဲ့သည်ဟု သိရှိရသည်။

Kirpi ဘီးတပ်ကျည်ကာယာဉ်သည် မိုင်းဒဏ်ခံကျည်ကာယာဉ်ဖြစ်ပြီး BMC ကုမ္ပဏီမှတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ လေးဘီးယက်အမျိုးအစား Ejder Yalçın ကျည်ကာယာဉ်ကိုမူ Nurol Makina ကုမ္ပဏီမှတီထွင်ထုတ် လုပ်ထားခြင်းဖြစ်သလို ၎င်း၌တပ်ဆင်ထားသည့် အီလက်ထရောနစ်-မြင်ကွင်းစနစ် အတွက် Aselsan မှ တီထွင်တပ်ဆင်ပေးထားသည်ဟုဆိုသည်။

Military balance 2020 အရ တူနီးရှားကြည်းတပ်သည် Ejder Yalcin ကားအစီးရေ ၇၁ စီး၊ Vuran ကားအစီးရေ ၉ စီး၊ BMC Kirpi MRAP ကားအစီးရေ ၁၀၀ စီးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။ ၎င်းစနစ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပေးပို့ခဲ့ပြီးလည်းဖြစ်သည်။

Ejder Yalcin အမျိုးအစားယာဉ်သည် တပ်ဖွဲ့ဝင် ၁၁ ဦးသယ်ဆောင်နိုင်ပြီး ဝန်အားဖြင့်မူ ၄ တန်သယ်ဆောင်နိုင်မည်ဖြစ်ကာ ယာဉ်အောက်ပိုင်းကို မိုင်းဒဏ် ခံနိုင်စေရန် V-Shape ပုံစံတည်ဆောက်ထားသလို ကြမ်းခင်းနှင့်ထိုင်ခုံများကိုလည်း မိုင်းဒဏ်ခံနိုင်ရန်တည်ဆောက်ထားသည်။

Kirpi သည်လည်း Ejder Yalcin နှင့်စွမ်းဆောင်ရည်တူညီသော်လည်း ၎င်းသည် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးသယ်ဆောင်နိုင်မည်ဖြစ်သည်။ ယာဉ်၏ အင်ဂျင်စနစ်သည် ရှေ့ပိုင်း၌ရှိပြီး အလယ်၌ မောင်းနှင်သူတပ်ဖွဲ့နှင့် ဘေးဘက်၌ တပ်ဖွဲ့ဝင် များလိုက်ပါနိုင်မည်ဖြစ်သည်။

Vuran အမျိုးအစားကို BMC ကုမ္ပဏီမှတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်၌ ၎င်းကိုထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ၎င်းသည် ယာဉ်အမှုထမ်း ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၇ ဦးကို သယ်ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါယာဉ်၏ အင်္ဂါရပ်သည် monocoque-type armored design ဖြစ်သည်။ ဆိုလိုသည်မှာကျည်ကာစနစ်များကို ထပ်ပိုးထားခြင်းမဟုတ်ဘဲ တစ်ခါတည်းအပြီးကိုယ်ထည် အဖြစ်တပ်ဆင်ထားခြင်းဖြစ်သည်။ ထို့အတွက် အလေးချိန်ပေါ့ပါးမှုရှိကြောင်းသိရှိရသည်။

source : Myanmarnews24

zawgyi

တူရကီကာကြယ္ေရးပစၥည္းထုတ္စက္႐ုံမ်ားအေနျဖင့္ အေမရိကန္ေဒၚလာ သန္း ၁၅၀ တန္ေၾကးရွိသည့္ Vuran၊ Kirp ႏွင့္Edjer Yalcin အမ်ိဳးအစား ဘီးတပ္က်ည္ကာယာဥ္ ၃ မ်ိဳးႏွင့္ Anka UAV စနစ္ကို ေရာင္းခ်ေပးခဲ့သည္ဟု သိရွိရသည္။

Kirpi ဘီးတပ္က်ည္ကာယာဥ္သည္ မိုင္းဒဏ္ခံက်ည္ကာယာဥ္ျဖစ္ၿပီး BMC ကုမၸဏီမွတီထြင္ထုတ္လုပ္ထားျခင္းျဖစ္သည္။ ေလးဘီးယက္အမ်ိဳးအစား Ejder Yalçın က်ည္ကာယာဥ္ကိုမူ Nurol Makina ကုမၸဏီမွတီထြင္ထုတ္ လုပ္ထားျခင္းျဖစ္သလို ၎၌တပ္ဆင္ထားသည့္ အီလက္ထေရာနစ္-ျမင္ကြင္းစနစ္ အတြက္ Aselsan မွ တီထြင္တပ္ဆင္ေပးထားသည္ဟုဆိုသည္။

Military balance 2020 အရ တူနီးရွားၾကည္းတပ္သည္ Ejder Yalcin ကားအစီးေရ ၇၁ စီး၊ Vuran ကားအစီးေရ ၉ စီး၊ BMC Kirpi MRAP ကားအစီးေရ ၁၀၀ စီးကို ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟုသိရွိရသည္။ ၎စနစ္မ်ားကို ၂၀၁၄ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း ေပးပို႔ခဲ့ၿပီးလည္းျဖစ္သည္။

Ejder Yalcin အမ်ိဳးအစားယာဥ္သည္ တပ္ဖြဲ႕ဝင္ ၁၁ ဦးသယ္ေဆာင္ႏိုင္ၿပီး ဝန္အားျဖင့္မူ ၄ တန္သယ္ေဆာင္ႏိုင္မည္ျဖစ္ကာ ယာဥ္ေအာက္ပိုင္းကို မိုင္းဒဏ္ ခံႏိုင္ေစရန္ V-Shape ပုံစံတည္ေဆာက္ထားသလို ၾကမ္းခင္းႏွင့္ထိုင္ခုံမ်ားကိုလည္း မိုင္းဒဏ္ခံႏိုင္ရန္တည္ေဆာက္ထားသည္။

Kirpi သည္လည္း Ejder Yalcin ႏွင့္စြမ္းေဆာင္ရည္တူညီေသာ္လည္း ၎သည္ တပ္ဖြဲ႕ဝင္ စုစုေပါင္း ၁၃ ဦးသယ္ေဆာင္ႏိုင္မည္ျဖစ္သည္။ ယာဥ္၏ အင္ဂ်င္စနစ္သည္ ေရွ႕ပိုင္း၌ရွိၿပီး အလယ္၌ ေမာင္းႏွင္သူတပ္ဖြဲ႕ႏွင့္ ေဘးဘက္၌ တပ္ဖြဲ႕ဝင္ မ်ားလိုက္ပါႏိုင္မည္ျဖစ္သည္။

Vuran အမ်ိဳးအစားကို BMC ကုမၸဏီမွတီထြင္ထုတ္လုပ္ထားျခင္းျဖစ္ကာ ၂၀၁၅ ခုႏွစ္၌ ၎ကိုထုတ္ေဖာ္ျပသခဲ့ၿပီးျဖစ္သည္။ ၎သည္ ယာဥ္အမႈထမ္း ၂ ဦးႏွင့္ တပ္ဖြဲ႕ဝင္ ၇ ဦးကို သယ္ေဆာင္ႏိုင္မည္ျဖစ္သည္။ အဆိုပါယာဥ္၏ အဂၤါရပ္သည္ monocoque-type armored design ျဖစ္သည္။ ဆိုလိုသည္မွာက်ည္ကာစနစ္မ်ားကို ထပ္ပိုးထားျခင္းမဟုတ္ဘဲ တစ္ခါတည္းအၿပီးကိုယ္ထည္ အျဖစ္တပ္ဆင္ထားျခင္းျဖစ္သည္။ ထို႔အတြက္ အေလးခ်ိန္ေပါ့ပါးမႈရွိေၾကာင္းသိရွိရသည္။

source : Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *