တိုင္းေဒသႀကီးခြင့္ျပဳရန္ပုံေငြ က်ပ္သန္း၅၀၀ျဖင့္ ေကာ့ေသာင္းၿမိဳ႕တြင္းလမ္းမ်ား ACႏိုင္လြန္ကတၱရာ အေခ်ာခင္း

တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်သန်း၅၀၀ဖြင့်ကော့သောင်းမြို့တွင်းလမ်းများACနိုင်လွန်ကတ္တရာအချောခင်းနေကြောင်းသိရသည်။ဘုရင့်နောင်ကုန်း – မြို့မဆိပ်ကမ်းတံတား – နာရီစင်ပတ်လမ်းကို ခရိုင်လမ်းဦးစီးဌာနမှ ဒီဇင်ဘာလနောက်ဆုံးအပတ်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင်းလမ်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ အသုံးပြုကာ ဘုရင့်နောင်ကုန်း – မြို့မဆိပ်ကမ်းတံတား – နာရီစင်ပတ်လမ်း (၁ ဒသမ ၅)ကီလိုမီတာအား အပွန်းခံလွှာနိုင်လွန်ကတ္တရာခင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်မှုတွင် လမ်းပျမ်းမျှ ၂၄ ပေအကျယ် AC နိုင်လွန်ကတ္တရာ နည်းပညာဖြင့် ကော့သောင်းမြို့နယ်၊ လမ်းဦးစီးဌာန က ပညာရှင်များ အပါအဝင် လုပ်သားအင်အား (၄၀)၊ စက်ယန္တရားအင်အား AC နိုင်လွန်ကတ္တရာဖျော်စက် (၁)စုံ၊ လမ်းခင်းစက် (၁)စီး၊ လမ်းကျိတ်စက် (၂)စီး၊ ကတ္တရာဖျန်းစက် (၁)စီးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယခုဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းအပြင် ကော့သောင်းမြို့ မြရည်ပုလဲလမ်းပိုင်း ၂ ဒသမ ၂ ကီလိုမီတာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိုင်း ၅ ကီလိုမီတာနှင့် မလိဝမ်းလမ်းပိုင်း ၂ ဒသမ ၈၅ ကီလိုမီတာ အပါအဝင် စုစုပေါင်း ၁၂ ကီလိုမီတာအရှည်ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်းသိရသည်။

D-WAVE

zawgyi

တိုင္းေဒသႀကီးခြင့္ျပဳရန္ပုံေငြက်ပ္သန္း၅၀၀ျဖင့္ေကာ့ေသာင္းၿမိဳ႕တြင္းလမ္းမ်ားACႏိုင္လြန္ကတၱရာအေခ်ာခင္းေနေၾကာင္းသိရသည္။ဘုရင့္ေနာင္ကုန္း – ၿမိဳ႕မဆိပ္ကမ္းတံတား – နာရီစင္ပတ္လမ္းကို ခ႐ိုင္လမ္းဦးစီးဌာနမွ ဒီဇင္ဘာလေနာက္ဆုံးအပတ္က စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေကာ့ေသာင္းၿမိဳ႕တြင္းလမ္းမ်ားကို ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္၊ တိုင္းေဒသႀကီး ခြင့္ျပဳရန္ပုံေငြ က်ပ္သန္း ၅၀၀ အသုံးျပဳကာ ဘုရင့္ေနာင္ကုန္း – ၿမိဳ႕မဆိပ္ကမ္းတံတား – နာရီစင္ပတ္လမ္း (၁ ဒသမ ၅)ကီလိုမီတာအား အပြန္းခံလႊာႏိုင္လြန္ကတၱရာခင္း လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းေဆာင္႐ြက္မႈတြင္ လမ္းပ်မ္းမွ် ၂၄ ေပအက်ယ္ AC ႏိုင္လြန္ကတၱရာ နည္းပညာျဖင့္ ေကာ့ေသာင္းၿမိဳ႕နယ္၊ လမ္းဦးစီးဌာန က ပညာရွင္မ်ား အပါအဝင္ လုပ္သားအင္အား (၄၀)၊ စက္ယႏၲရားအင္အား AC ႏိုင္လြန္ကတၱရာေဖ်ာ္စက္ (၁)စုံ၊ လမ္းခင္းစက္ (၁)စီး၊ လမ္းက်ိတ္စက္ (၂)စီး၊ ကတၱရာဖ်န္းစက္ (၁)စီးျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယခုေဆာင္႐ြက္လ်က္ရွိသည့္ လမ္းပိုင္းအျပင္ ေကာ့ေသာင္းၿမိဳ႕ ျမရည္ပုလဲလမ္းပိုင္း ၂ ဒသမ ၂ ကီလိုမီတာ၊ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ လမ္းပိုင္း ၅ ကီလိုမီတာႏွင့္ မလိဝမ္းလမ္းပိုင္း ၂ ဒသမ ၈၅ ကီလိုမီတာ အပါအဝင္ စုစုေပါင္း ၁၂ ကီလိုမီတာအရွည္ခန႔္ကို ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္၊ တိုင္းေဒသႀကီး ခြင့္ျပဳရန္ပုံေငြ က်ပ္သန္း ၅၀၀ ျဖင့္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။

D-WAVE

Leave a Reply

Your email address will not be published. Required fields are marked *