ျမန္မာႏိုင္ငံ စက္မႈဇုန္ဖြံ႕ၿဖိဳးေရးလုပ္ငန္းတြင္ ထိုင္းလုပ္ငန္းစုႀကီးမ်ားပါဝင္ရန္ သေဘာတူညီ

ထိုင်းနိုင်ငံမှလုပ်ငန်းစုကြီးလေးခုဖြစ်သည့် ဘီဂရင်းအုပ်စု(B.Grimm Group)၊အမတကော်ပိုရေးရှင်း (Amata Corporation )၊ ပီတီတီ (PTT ) နှင့်ဂလိုဘယ်ပါဝါဆင်နာဂျီ(Global Power Synergy ) တို့ သည် မြန်မာနိုင်ငံတွင်တည်ဆောက်မည့်၈၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းမည့်စက်မှုဇုန်တစ်ခု ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ပါဝင်ရန်သဘောတူညီပြီးဖြစ်သည်။

လာမည့်နှစ်ဆန်းပိုင်းတွင်နားလည်မှုစာချွန်လွှာ (Memorandum of Understanding ) တစ်ခုကိုလက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ထားသည်ဟု ဘီဂရင်း၏ဥက္ကဋ္ဌ ဟာရဲလ်လင့် မှပြောကြားခဲ့သည်။ဘီဂရင်း၏တာဝန်မှာစက်မှုဇုန်ကိုအဓိကဓာတ်အားဖြန့်ဖြူးပေးမည့်ဓာတ်အားပေးစက်ရုံတစ်ရုံလည်

ပတ်ပေးရန်ဖြစ်ပြီးမြန်မာအစိုးရထံဓာတ်အားများရောင်းချပေးသွားမည်ဖြစ်ကြောင်းမစ္စတာလင့်မှပြောကြားခဲ့သည်။လာမည့် ရှစ်နှစ် ကျော် ကာလအတွင်း ဘီဂရင်းအုပ်စု၏လျှပ်စစ်စွမ်းအားလုပ်ငန်းသည်အဓိကဝင်ငွေရ ရှိနိုင်မည့်လုပ်ငန်းတစ်ခုဖြစ်လာနိုင်ကြောင်း၊

၂၀၂၈ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ဘတ်သန်း ၁၅၀ ဘီလီယံအထိရရှိနိုင်ရန်ရည်ရွယ်ထား ကြောင်းဖြင့်မစ္စတာလင့်မှပြောကြားခဲ့သည်။ဘီဂရင်းသည်ထိုင်း၊လာအိုနှင့်ဗီယက်နမ်နိုင်ငံများတွင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီးကမ္ဘောဒီယားတွင်လျှပ်စစ်ဓာတ်အားများတစ်ဆင့်ပေးပို့သည့်လုပ်ငန်းတစ်ခုရှိသည်။

ဘီဂ ရင်း၏ဓာတ်အားပေးစက်ရုံ၊နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ၊ဓာတ်အားစုဆောင်းရေးစက်ရုံနှင့် စွန့်ပစ်ပစ္စည်းမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများမှ စုစုပေါင်းဓာတ်အား ၃၀၁၉ မီဂါဝပ် ထုတ်လုပ်လျက်ရှိသည်။မစ္စတာလင့်က“ဗီယက်နမ်ဟာအလားအလာအများဆုံးရှိတဲ့ဈေးကွက်တစ်ခုဖြစ်တယ်။

ကျွန်တော်တို့ဟာအဲဒီမှာအကြီးမားဆုံးဓာတ်အားထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပြီးပိုက်လိုင်းကနေဓာတ်အား၁၀၀၀ က ၃၀၀၀ မီဂါဝပ်ပို့ပေးတဲ့ စီမံကိန်းတွေကိုလုပ်ဆောင်နေတယ်။ပြီးတော့ကျွန်တော်တို့မှာဗီယက်နမ်ကနေ နှစ်စဉ် LNG ဓာတ်ငွေ့ရည်တန်၆၅၀ ၀၀၀ တင်သွင်းဖို့ခွင့်ပြုချက်ရထားတယ်”ဟုပြောကြားခဲ့သည်။

စောစောပိုင်းကဘီဂရင်းအုပ်စုသည်လေအေးပေးစက်ထုတ်လုပ်ရေး၊ကျန်းမာရေးဆိုင်ရာပစ္စည်းများထုတ် လုပ်ရေးတို့ကိုလုပ်ဆောင်ခဲ့သည့်ကုမ္ပဏီဖြစ်သည်။

source : MIZZIMA NEWS

zawgyi

ထိုင္းႏိုင္ငံမွလုပ္ငန္းစုႀကီးေလးခုျဖစ္သည့္ ဘီဂရင္းအုပ္စု(B.Grimm Group)၊အမတေကာ္ပိုေရးရွင္း (Amata Corporation )၊ ပီတီတီ (PTT ) ႏွင့္ဂလိုဘယ္ပါဝါဆင္နာဂ်ီ(Global Power Synergy ) တို႔ သည္ ျမန္မာႏိုင္ငံတြင္တည္ေဆာက္မည့္၈၀၀ စတုရန္း ကီလိုမီတာ က်ယ္ဝန္းမည့္စက္မႈဇုန္တစ္ခု ဖြံ႕ၿဖိဳးေရးလုပ္ငန္းတြင္ပါဝင္ရန္သေဘာတူညီၿပီးျဖစ္သည္။

လာမည့္ႏွစ္ဆန္းပိုင္းတြင္နားလည္မႈစာခြၽန္လႊာ (Memorandum of Understanding ) တစ္ခုကိုလက္မွတ္ေရးထိုးႏိုင္ရန္ေမွ်ာ္လင့္ထားသည္ဟု ဘီဂရင္း၏ဥကၠ႒ ဟာရဲလ္လင့္ မွေျပာၾကားခဲ့သည္။ဘီဂရင္း၏တာဝန္မွာစက္မႈဇုန္ကိုအဓိကဓာတ္အားျဖန႔္ျဖဴးေပးမည့္ဓာတ္အားေပးစက္႐ုံတစ္႐ုံလည္

ပတ္ေပးရန္ျဖစ္ၿပီးျမန္မာအစိုးရထံဓာတ္အားမ်ားေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းမစၥတာလင့္မွေျပာၾကားခဲ့သည္။လာမည့္ ရွစ္ႏွစ္ ေက်ာ္ ကာလအတြင္း ဘီဂရင္းအုပ္စု၏လွ်ပ္စစ္စြမ္းအားလုပ္ငန္းသည္အဓိကဝင္ေငြရ ရွိႏိုင္မည့္လုပ္ငန္းတစ္ခုျဖစ္လာႏိုင္ေၾကာင္း၊

၂၀၂၈ ခုႏွစ္တြင္ စုစုေပါင္းဝင္ေငြ ဘတ္သန္း ၁၅၀ ဘီလီယံအထိရရွိႏိုင္ရန္ရည္႐ြယ္ထား ေၾကာင္းျဖင့္မစၥတာလင့္မွေျပာၾကားခဲ့သည္။ဘီဂရင္းသည္ထိုင္း၊လာအိုႏွင့္ဗီယက္နမ္ႏိုင္ငံမ်ားတြင္လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းမ်ားလုပ္ကိုင္လ်က္ရွိၿပီးကေမာၻဒီယားတြင္လွ်ပ္စစ္ဓာတ္အားမ်ားတစ္ဆင့္ေပးပို႔သည့္လုပ္ငန္းတစ္ခုရွိသည္။

ဘီဂ ရင္း၏ဓာတ္အားေပးစက္႐ုံ၊ေနေရာင္ျခည္သုံးဓာတ္အားေပးစက္႐ုံ၊ဓာတ္အားစုေဆာင္းေရးစက္႐ုံႏွင့္ စြန႔္ပစ္ပစၥည္းမွလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးစက္႐ုံမ်ားမွ စုစုေပါင္းဓာတ္အား ၃၀၁၉ မီဂါဝပ္ ထုတ္လုပ္လ်က္ရွိသည္။မစၥတာလင့္က“ဗီယက္နမ္ဟာအလားအလာအမ်ားဆုံးရွိတဲ့ေဈးကြက္တစ္ခုျဖစ္တယ္။

ကြၽန္ေတာ္တို႔ဟာအဲဒီမွာအႀကီးမားဆုံးဓာတ္အားထုတ္လုပ္တဲ့လုပ္ငန္းျဖစ္ၿပီးပိုက္လိုင္းကေနဓာတ္အား၁၀၀၀ က ၃၀၀၀ မီဂါဝပ္ပို႔ေပးတဲ့ စီမံကိန္းေတြကိုလုပ္ေဆာင္ေနတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔မွာဗီယက္နမ္ကေန ႏွစ္စဥ္ LNG ဓာတ္ေငြ႕ရည္တန္၆၅၀ ၀၀၀ တင္သြင္းဖို႔ခြင့္ျပဳခ်က္ရထားတယ္”ဟုေျပာၾကားခဲ့သည္။

ေစာေစာပိုင္းကဘီဂရင္းအုပ္စုသည္ေလေအးေပးစက္ထုတ္လုပ္ေရး၊က်န္းမာေရးဆိုင္ရာပစၥည္းမ်ားထုတ္ လုပ္ေရးတို႔ကိုလုပ္ေဆာင္ခဲ့သည့္ကုမၸဏီျဖစ္သည္။

source : MIZZIMA NEWS

Leave a Reply

Your email address will not be published. Required fields are marked *