ကာကြယ္ေဆးမေပးရင္ ႏိုင္ငံထဲက ထြက္သြားလို႔ အေမရိကန္စစ္တပ္ကို ဒူတာေတး ၿခိမ္းေျခာက္

အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် တောင်းဆိုထားတဲ့ ကာကွယ်ဆေးကို မပေးဘူးဆိုရင် သူတို့တိုင်းပြည်မှာ အခြေစိုက်ထားတဲ့ စစ်စခန်းတွေက ပြန်သွားရမယ်လို့ ဖိလစ်ပိုင်သမ္မတဒူတာတေးက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်ဟာ ကိုဗစ်ကာကွယ်ဆေးပေါင်း သန်းနဲ့ချီပြီး ရရှိဖို့ အမေရိကန်ကို တောင်းဆိုထားတာဖြစ်ပြီး တိုင်းပြည်အတွက် အတိုင်းအတာတစ်ခုထိ လုံလောက်စေမယ်လို့ မျှော်လင့်နေပါတယ်။

ဒီအတွက်ကြောင့် ကာကွယ်ဆေးသာမရရှိခဲ့ဘူးဆိုရင် နှစ်နိုင်ငံကြား သဘောတူညီထားတဲ့ စစ်ရေးအချက်အလက်တွေကို ဖျက်သိမ်းဖို့အထိ ဖိလစ်ပိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် နှောင့်နှေးမှုတွေရှိနေတဲ့ ဖိလစ်ပိုင်အစိုးရကို ပြည်တွင်းမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ဒူတာတေးက အမေရိကန်ကို ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

“အနည်းဆုံး ကိုဗစ် ကာကွယ်ဆေး သန်း ၂၀ မှ မပေးနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့ ထွက်သွားရပါလိမ့်မယ်၊ ကာကွယ်ဆေးမပေးရင် ဒီမှာမနေပါနဲ့” လို့ ဒူတာတေးက ပြီးခဲ့တဲ့ စနေနေ့က ပြောဆိုခဲ့ပါတယ်။ စနေနေ့တုန်းက ဒူတာတေးဟာ ကက်ဘိနက်အစည်းအဝေးခေါ်ယူခဲ့ပြီးတော့ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ကို ဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလအတွင်းမှာ ၁၉၉၈ ခုနှစ် သဘောတူညီချက်အရ အမေရိကန်စစ်သားတွေကို နိုင်ငံတွင်းတပ်စွဲထားဖို့ ခွင့်ပြုထားမှုအပေါ်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့က သက်တမ်းတိုးမြှင့်ခဲ့ကြပါတယ်။ ဒီလအစောပိုင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr. က ဖိလစ်ပိုင်အနေနဲ့ အမေရိကန်အကူအညီနဲ့ Pfizer ကာကွယ်ဆေးပေါင်း ၁ဝ သန်းအထိ ရရှိဖို့ စိတ်ချယုံကြည်ရကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ဇန်နဝါရီလမှာ ပထမအသုတ်အဖြစ် ကာကွယ်ဆေးတွေ ရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်ထားပေမယ့် အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ Francisco Duque ကတော့ ဒီသတင်းတွေကို ပယ်ချခဲ့ပါတယ်။ ဖိလစ်ပိုင်ကလည်း ဒီငြင်းဆန်မှုကို ပြန်လည်ကန့်ကွက်ခဲ့ပြီး အမေရိကန်ဆေးဝါးကုမ္ပဏီနဲ့ ခိုင်မာတဲ့ ကတိကဝတ်ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကာ အဆုံးသတ်မှာတော့ ဒူတာတေးက ကာကွယ်ဆေးမပေးဘူးဆိုပါက တိုင်းပြည်ကနေထွက်သွားဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
crd

zawgyi

အေမရိကန္အေနနဲ႔ ဖိလစ္ပိုင္ႏိုင္ငံအတြက္ ေတာင္းဆိုထားတဲ့ ကာကြယ္ေဆးကို မေပးဘူးဆိုရင္ သူတို႔တိုင္းျပည္မွာ အေျခစိုက္ထားတဲ့ စစ္စခန္းေတြက ျပန္သြားရမယ္လို႔ ဖိလစ္ပိုင္သမၼတဒူတာေတးက ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။ ဖိလစ္ပိုင္ဟာ ကိုဗစ္ကာကြယ္ေဆးေပါင္း သန္းနဲ႔ခ်ီၿပီး ရရွိဖို႔ အေမရိကန္ကို ေတာင္းဆိုထားတာျဖစ္ၿပီး တိုင္းျပည္အတြက္ အတိုင္းအတာတစ္ခုထိ လုံေလာက္ေစမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒီအတြက္ေၾကာင့္ ကာကြယ္ေဆးသာမရရွိခဲ့ဘူးဆိုရင္ ႏွစ္ႏိုင္ငံၾကား သေဘာတူညီထားတဲ့ စစ္ေရးအခ်က္အလက္ေတြကို ဖ်က္သိမ္းဖို႔အထိ ဖိလစ္ပိုင္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကာကြယ္ေဆးဝယ္ယူဖို႔အတြက္ ေႏွာင့္ေႏွးမႈေတြရွိေနတဲ့ ဖိလစ္ပိုင္အစိုးရကို ျပည္တြင္းမွာ ေဝဖန္မႈေတြ ျမင့္တက္လာခဲ့ၿပီးေနာက္ ဒူတာေတးက အေမရိကန္ကို ၿခိမ္းေျခာက္ေျပာဆိုခဲ့တာပါ။

“အနည္းဆုံး ကိုဗစ္ ကာကြယ္ေဆး သန္း ၂၀ မွ မေပးႏိုင္ခဲ့ဘူးဆိုရင္ေတာ့ သူတို႔ ထြက္သြားရပါလိမ့္မယ္၊ ကာကြယ္ေဆးမေပးရင္ ဒီမွာမေနပါနဲ႔” လို႔ ဒူတာေတးက ၿပီးခဲ့တဲ့ စေနေန႔က ေျပာဆိုခဲ့ပါတယ္။ စေနေန႔တုန္းက ဒူတာေတးဟာ ကက္ဘိနက္အစည္းအေဝးေခၚယူခဲ့ၿပီးေတာ့ ကိုဗစ္ကာကြယ္ေဆးရရွိဖို႔ကို ဦးစားေပးေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ႏိုဝင္ဘာလအတြင္းမွာ ၁၉၉၈ ခုႏွစ္ သေဘာတူညီခ်က္အရ အေမရိကန္စစ္သားေတြကို ႏိုင္ငံတြင္းတပ္စြဲထားဖို႔ ခြင့္ျပဳထားမႈအေပၚမွာ ဖိလစ္ပိုင္နဲ႔ အေမရိကန္တို႔က သက္တမ္းတိုးျမႇင့္ခဲ့ၾကပါတယ္။ ဒီလအေစာပိုင္းမွာပဲ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး Teodoro Locsin Jr. က ဖိလစ္ပိုင္အေနနဲ႔ အေမရိကန္အကူအညီနဲ႔ Pfizer ကာကြယ္ေဆးေပါင္း ၁ဝ သန္းအထိ ရရွိဖို႔ စိတ္ခ်ယုံၾကည္ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

၂၀၂၁ ဇန္နဝါရီလမွာ ပထမအသုတ္အျဖစ္ ကာကြယ္ေဆးေတြ ေရာက္ရွိလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ အေမရိကန္က်န္းမာေရးဝန္ႀကီးဌာန အရာရွိတစ္ဦးျဖစ္တဲ့ Francisco Duque ကေတာ့ ဒီသတင္းေတြကို ပယ္ခ်ခဲ့ပါတယ္။ ဖိလစ္ပိုင္ကလည္း ဒီျငင္းဆန္မႈကို ျပန္လည္ကန႔္ကြက္ခဲ့ၿပီး အေမရိကန္ေဆးဝါးကုမၸဏီနဲ႔ ခိုင္မာတဲ့ ကတိကဝတ္ရွိခဲ့တယ္လို႔ ေျပာဆိုခဲ့ကာ အဆုံးသတ္မွာေတာ့ ဒူတာေတးက ကာကြယ္ေဆးမေပးဘူးဆိုပါက တိုင္းျပည္ကေနထြက္သြားဖို႔ သတိေပးခဲ့တာျဖစ္ပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *