အမေရိကန်မှာ တရုတ်သူလျိုလုပ်ခဲ့တဲ့ စင်ကာပူနိုင်ငံသား အိမ်အပြန်မှာ ထပ်အဖမ်းခံရ

အမေရိကန်တရားရုံးက ထောင် ၁၄ လ ချတာ ကျခံပြီးလွတ်လာလို့ စင်ကာပူနိုင်ငံ အိမ်အပြန်မှာ၊ စင်ကာပူအမျိုးသားလုံခြုံရေဌာနက စစ်ဆေးမေးမြန်းဖို့ရာ ထပ်အဖမ်းခံလိုက်ရတာပါ။ သူ့ကိုအမေရိကန်တရားရုံးမှာ တရုတ်သူလျိုမှုကို စစ်ဆေးခဲ့စဉ်က အမေရိကန်အပြင် အခြားတိုင်းပြည်တွေကိုပါ သူလျိုလုပ်ပေးခဲ့တယ်လို့ ဝန်ခံခဲ့လို့ စင်ကာပူရော ပါသလားလို့ မေးမြန်းရမှာပဲ ဖြစ်ပါတယ်။

သူဟာ အမေရိကန်ကို ပါရဂူဘွဲ့အတွက် ကျောင်းတက်ဖို့သွားစဉ် ခုလိုတရုတ်သူလျိုအဖြစ် အလုပ်လုပ်ခဲ့တာပါ။ အကြံပေးကုမ္ပဏီထောင်ပြီး၊ အမေရိကန်စစ်တပ်က ထွက်လာတဲ့ အငြိမ်းစားတွေကို ရွေးခန့်ကာ သူ့ကို Report တွေ ရေးတင်စေတဲ့နည်းလမ်းကို သုံးခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်တို့ သူ့ကိုထောက်လှန်းခိုင်းတဲ့အထဲမှာ မြန်မာရောပါနေမလား မသိပါဘူး။
source : (Zin Min Nyein)

zawgyi



source : (Zin Min Nyein)

Leave a Reply

Your email address will not be published. Required fields are marked *