ေဆာ္ဒီမင္းသား ဘင္ေဆာ္လ္မန္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ထိုးႏွံခံ

ေဆာ္ဒီအာေရဗ် အိမ္ေရွ႕စံမင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္သည္ ယမန္ေန႔က Pfizer ႏွင့္ BioNTech တို႔ ပူးတြဲထုတ္လုပ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ပထမအလုံး ထိုးႏွံခံခဲ့သည္။

က်န္းမာေရးဝန္ႀကီး ေတာ္ဖစ္အယ္ရာဘီယာက ျပည္သူမ်ား၊ ႏိုင္ငံတြင္းေနထိုင္သူမ်ား ကုသမႈခံယူေရး စာရင္းေပးၾကရန္ တိုက္တြန္းၿပီးေနာက္ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံတစ္ဝန္း ကာကြယ္ေဆးထိုးႏွံေရးစုရပ္မ်ား တည္ေဆာက္ခဲ့ၿပီး ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံခံရန္ လူ ၅၀၀၀၀ ခန္႔ စာရင္းေပးခဲ့သည္။

၂၀၂၁ ခုႏွစ္မကုန္မီ ျပည္သူ ၇၀ ရာခိုင္ႏႈန္းကို ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးႏွံေပးႏိုင္မည္ဟု ေမွ်ာ္ လင့္ပါေၾကာင္း ေဆာ္ဒီအာေရဗ် က်န္းမာေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလအတြင္း ေျပာၾကားခဲ့သည္။ေဆာ္ဒီအာေရးဘီးယားႏိုင္ငံ၌ အတည္ျပဳ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၃၆၁၉၀၃ မႈႏွင့္ ေသဆုံးသူ ၆၁၆၈ ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။

ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသား ဘင္ေဆာ္လ္မန္က ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံခံသည့္ ကမာၻ႔ေခါင္း ေဆာင္မ်ားအနက္ တစ္ဦးျဖစ္လာခဲ့သည္။ၿဗိတိန္ႏိုင္ငံ၌ ကူးစက္မႈ ျမန္ဆန္သည္ဆိုေသာ ဗီဇေျပာင္း မ်ိဳးကြဲဗိုင္းရပ္စ္တစ္မ်ိဳး ေတြ႕ရွိၿပီးေနာက္ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံက ၿပီးခဲ့သည့္အပတ္အတြင္း ကုန္းေျမႏွင့္ ေရျပင္နယ္စပ္ဂိတ္မ်ား ပိတ္ထားခဲ့သည္။
–ကိုးကား–
႐ိုက္တာ
Ref; Saudi crown prince receives first dose of Covid-19 vaccine
CRD – People Media
Unicode

ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်သည် ယမန်နေ့က Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအလုံး ထိုးနှံခံခဲ့သည်။

ကျန်းမာရေးဝန်ကြီး တော်ဖစ်အယ်ရာဘီယာက ပြည်သူများ၊ နိုင်ငံတွင်းနေထိုင်သူများ ကုသမှုခံယူရေး စာရင်းပေးကြရန် တိုက်တွန်းပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံရေးစုရပ်များ တည်ဆောက်ခဲ့ပြီး ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခံရန် လူ ၅၀၀၀၀ ခန့် စာရင်းပေးခဲ့သည်။

၂၀၂၁ ခုနှစ်မကုန်မီ ပြည်သူ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဟု မျှော် လင့်ပါကြောင်း ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလအတွင်း ပြောကြားခဲ့သည်။ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၆၁၉၀၃ မှုနှင့် သေဆုံးသူ ၆၁၆၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်က ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခံသည့် ကမ္ဘာ့ခေါင်း ဆောင်များအနက် တစ်ဦးဖြစ်လာခဲ့သည်။ဗြိတိန်နိုင်ငံ၌ ကူးစက်မှု မြန်ဆန်သည်ဆိုသော ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်တစ်မျိုး တွေ့ရှိပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြီးခဲ့သည့်အပတ်အတွင်း ကုန်းမြေနှင့် ရေပြင်နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်။
–ကိုးကား–
ရိုက်တာ
Ref; Saudi crown prince receives first dose of Covid-19 vaccine
CRD – People Media

Leave a Reply

Your email address will not be published. Required fields are marked *