ပြည်တွင်းတွင် ကိုဗစ်ကပ်ရောဂါကုသဆေး(သောက်ဆေး)ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး မြန်မာFDA၏ အတည်ပြုချက်ရပြီဟု Pacific Medical industries ကယနေ့ကြေညာလိုက်သည်။ဥရောပနိုင်ငံများနှင့် တောင်အမေရိကနိုင်ငံများတွင် သုံးစွဲနေသော Favipiravir 200 mg ဆေးပြားများကို ပြည်တွင်းပြည်ပညာရှင်များဖြင့် ပြည်ပမှတင်သွင်းသောကုန်ကြမ်းများဖြင့် ပြည်တွင်းတွင်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆေးသည် Agigon အမည်ဖြင့် ဂျပန်ကထုတ်လုပ်ထားသောဆေးဖြစ်သည်။မြန်မာနိုင်ငံတွင် PMI ကထုတ်လုပ်သောဆေးကို Favipac ဟုအမည်ပေးထားပြီးကိုဗစ်ရောဂါလက္ခဏာစတင်ပြသချိန်တွင် သောက်ခြင်းဖြင့်ရောဂါ၏ ဆိုးဝါးသောအခြေအနေကိုရောက်ရှိခြင်းမှ လျှော့ချနိုင်ခြင်းနှင့် အမြန်နလန်ထနိုင်ခြင်းများရရှိစေသည်ဟုထုတ်ပြန်ထားသည်။
အဆိုပါဆေးကို အောက်တိုဘာလဆန်းကမြန်မာ FDA ထံတင်ပြခဲ့ပြီး ယခုခွင့်ပြုချက်ရကြောင်းသိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ခံ ကိုဗစ်ကုသရေးဆေးရုံများသို့ ဆေးပြား ၆၀,၀၀၀ နှင့် တပ်မတော်ကိုဗစ်ကုသရေးဆေးရုံများအတွက် ဆေးပြား ၁၅,၀၀၀ လှူဒါန်းမည်ဟုကုမ္ပဏီ၏ကြေညာချက်တွင်ဖော်ပြထားသည်။အဆိုပါ ထုတ်ပြန်ချက်ကို AA Medical Products Ltd ၏ဖေ့စ်ဘွတ် စာမျက်နှာတွင်ကြေညာထားခြင်းဖြစ်သည်။
source : Tomorrow News Journal
zawgyi
ျပည္တြင္းတြင္ ကိုဗစ္ကပ္ေရာဂါကုသေဆး(ေသာက္ေဆး)ကို ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ၿပီး ျမန္မာFDA၏ အတည္ျပဳခ်က္ရၿပီဟု Pacific Medical industries ကယေန႔ေၾကညာလိုက္သည္။ဥေရာပႏိုင္ငံမ်ားႏွင့္ ေတာင္အေမရိကႏိုင္ငံမ်ားတြင္ သုံးစြဲေနေသာ Favipiravir 200 mg ေဆးျပားမ်ားကို ျပည္တြင္းျပည္ပညာရွင္မ်ားျဖင့္ ျပည္ပမွတင္သြင္းေသာကုန္ၾကမ္းမ်ားျဖင့္ ျပည္တြင္းတြင္ထုတ္လုပ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါေဆးသည္ Agigon အမည္ျဖင့္ ဂ်ပန္ကထုတ္လုပ္ထားေသာေဆးျဖစ္သည္။ျမန္မာႏိုင္ငံတြင္ PMI ကထုတ္လုပ္ေသာေဆးကို Favipac ဟုအမည္ေပးထားၿပီးကိုဗစ္ေရာဂါလကၡဏာစတင္ျပသခ်ိန္တြင္ ေသာက္ျခင္းျဖင့္ေရာဂါ၏ ဆိုးဝါးေသာအေျခအေနကိုေရာက္ရွိျခင္းမွ ေလွ်ာ့ခ်ႏိုင္ျခင္းႏွင့္ အျမန္နလန္ထႏိုင္ျခင္းမ်ားရရွိေစသည္ဟုထုတ္ျပန္ထားသည္။
အဆိုပါေဆးကို ေအာက္တိုဘာလဆန္းကျမန္မာ FDA ထံတင္ျပခဲ့ၿပီး ယခုခြင့္ျပဳခ်က္ရေၾကာင္းသိရသည္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနလက္ေအာက္ခံ ကိုဗစ္ကုသေရးေဆး႐ုံမ်ားသို႔ ေဆးျပား ၆၀,၀၀၀ ႏွင့္ တပ္မေတာ္ကိုဗစ္ကုသေရးေဆး႐ုံမ်ားအတြက္ ေဆးျပား ၁၅,၀၀၀ လႉဒါန္းမည္ဟုကုမၸဏီ၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။အဆိုပါ ထုတ္ျပန္ခ်က္ကို AA Medical Products Ltd ၏ေဖ့စ္ဘြတ္ စာမ်က္ႏွာတြင္ေၾကညာထားျခင္းျဖစ္သည္။
source : Tomorrow News Journal