ငပလီနဲ့ ပုဂံကို နေ့ချင်းပြန်သွားနိုင်မယ့် Day Trip Flight to Ngapali နဲ့ Day Trip Flight to Bagan ခရီးစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ဟာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နဲ့ ညီနောင်အသင်း (၁၁) သင်းက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို ဒီနေ့ Video Conferencing နဲ့ တွေ့ဆုံချိန် ပြောခဲ့တာပါ။
ခရီးစဉ်တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ ခရီးသွားနိုင်တဲ့ ယုံကြည်မှုပြန်ရအောင် နိုင်ငံတကာကို ပြသနိုင်ရေးအတွက် Non Landing Sightseeing Flight နဲ့ River Cruise တွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြေးဆွဲနေပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေကိုတော့ ဒီဇင်ဘာလ (၁၆) ရက်နေ့က ပြန်ပြေးဆွဲးခွင့်ပြုခဲ့ပြီး ပထမဆုံးအကြိမ်အပျော်စီးလေယာဉ်ခရီးစဉ် ( Non Landing) ကိုတော့ ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ-ရန်ကုန် ခရီးစဉ်အဖြစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။
crd
zawgyi
ငပလီနဲ႔ ပုဂံကို ေန႔ခ်င္းျပန္သြားႏိုင္မယ့္ Day Trip Flight to Ngapali နဲ႔ Day Trip Flight to Bagan ခရီးစဥ္ေတြကို ေဆာင္႐ြက္သြားမယ္လို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက သိရပါတယ္။ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ဟာ ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းအဖြဲ႕ခ်ဳပ္နဲ႔ ညီေနာင္အသင္း (၁၁) သင္းက ဥကၠ႒နဲ႔ အတြင္းေရးမႉးေတြကို ဒီေန႔ Video Conferencing နဲ႔ ေတြ႕ဆုံခ်ိန္ ေျပာခဲ့တာပါ။
ခရီးစဥ္ေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းကမ္းေတြနဲ႔အညီ ေဆာင္႐ြက္ႏိုင္ဖို႔ သက္ဆိုင္ရာ၀န္ႀကီးဌာနေတြ၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အစိုးရ၊ ခရီးသြားလုပ္ငန္းအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။
အခုအခ်ိန္မွာေတာ့ ခရီးသြားႏိုင္တဲ့ ယုံၾကည္မႈျပန္ရေအာင္ ႏိုင္ငံတကာကို ျပသႏိုင္ေရးအတြက္ Non Landing Sightseeing Flight နဲ႔ River Cruise ေတြကို ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး ေျပးဆြဲေနပါတယ္။
ျပည္တြင္းေလေၾကာင္းလိုင္းေတြကိုေတာ့ ဒီဇင္ဘာလ (၁၆) ရက္ေန႔က ျပန္ေျပးဆြဲးခြင့္ျပဳခဲ့ၿပီး ပထမဆုံးအႀကိမ္အေပ်ာ္စီးေလယာဥ္ခရီးစဥ္ ( Non Landing) ကိုေတာ့ ရန္ကုန္-က်ိဳက္ထီး႐ိုး-ဘားအံ-ရန္ကုန္ ခရီးစဥ္အျဖစ္ ဒီဇင္ဘာလ (၂၀) ရက္ေန႔က စတင္ေျပးဆြဲခဲ့ပါတယ္။
crd