အိပ္ကပ္ထဲက ဒ႐ုန္း (သို႔မဟုတ္) တိုက္ပြဲအနိုင္အရွုံးကို ေျပာင္းလဲေပးနိုင္မည့္ နာနိုနည္းပညာ

ဒရုန်းနည်းပညာတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သမားရိုးကျစစ်ပွဲများတွင် မောင်းသူမဲ့စနစ်နှင့် အခြားသောနည်းပညာအသစ်များ ပိုမိုပေါင်းစပ်လာကြသောကြောင့် အသေးစားဒရုန်းနည်းပညာအသုံးပြုမှုများ ပိုမိုအရှိန်အဟုန်မြင့်တက်လျက်ရှိပါသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံအနေဖြင့် စီးပွားဖြစ်ဒရုန်းထုတ်လုပ်ရောင်းချမှုကို အချို့သောနိုင်ငံများအား ပိတ်ပင်တားဆီးထားသော်ငြားလည်း နာနိုဒရုန်းကဲ့သို့သောနည်းပညာအသစ်ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန်စစ်တပ်သည် အဓိကကျသောရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ယခုတီထွင်ထုတ်လုပ်လိုက်သည့် နာနိုဒရုန်းသည် အမေရိကန်စစ်တပ်အတွက် အဓိကကျသည့် စစ်သုံးကိရိယာတစ်ခုဖြစ်လာတော့မည်ဖြစ်သည်။

မကြာသေးမီကပင် FLIR ကုမ္ပဏီသည် Black Hornet 3 Personal Reconnaissance Systems (PRS) တစ်ကိုယ်ရေသုံး ထောက်လှမ်းရေးဒရုန်းတီထွင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၀.၆ သန်း တန်ဖိုးရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ကတည်းကပင် အမေရိကန်စစ်တပ်နှင့် ၃၉.၇ သန်းတန်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

Black Hornet ဒရုန်းများကို အမေရိကန်စစ်တပ်၏ Soldier Borne Sensor (SBS) စီမံကိန်း၏ အခန်းကဏ္ဍအဖြစ်အသုံးပြုရန် ရည်ရွယ်ထားပါသည်။၎င်းဒရုန်းကို စစ်သည်တစ်ဦးတည်းထိန်းချုပ်၍ တပ်ဖွဲ့ငယ်အဆင့် ကင်းထောက်လှမ်းစောင့်ကြည့်ရာ၌ အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း Dronelife.com တွင်ဖော်ပြထားသည်။

“Black Hornet ဒရုန်းသည် အလွန်ပေါ့ပါး၍ အသံဆူညံမှုအလွန်နည်းပါးကြောင်း၊ ၂၅ မိနစ်ကြာ ပျံသန်းနိုင်ပြီး အလွန်အထောက်အကူဖြစ်စေကြောင်း၊ အိပ်ကပ်ထဲထည့်နိုင်သည့်အရွယ်အစားမျှသာရှိသော ၎င်းဒရုန်းဖြင့် တိုက်ရိုက်ဗွီဒီယိုရိုက်ကူးထုတ်လွှင့်နိုင်ကာ အရည်အသွေးမြင့်ပုံရိပ်များကို ထိန်းချုပ်မောင်းနှင်သူထံ ပြန်လည်ပေးပို့နိုင်ကြောင်း” ကုမ္ပဏီကသတင်းထုတ်ပြန်ထားသည်။

အဆိုပါဒရုန်း၏ သတင်းအချက်အလက်ထောက်ပံ့ပေးနိုင်မှုစွမ်းရည်ကြောင့် စစ်သည်များအနေဖြင့် ကြုံတွေ့နေရသည့် စစ်မြေပြင်အခြေအနေကို ချက်ချင်းပြောင်းလဲကာ ရန်သူ့ပစ်မှတ်များကိုထိထိရောက်ရောက် ပိုမိုချေမှုန်းနိုင်စွမ်းရရှိလာစေမည်ဖြစ်ပါသည်။

အလားတူပင် FLIR ကုမ္ပဏီအနေဖြင့် နာနိုဒရုန်း Black Hornetအစင်းရေ ၁၂,၀၀၀ ကျော်ကိုလည်း ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးသို့ ပေးပို့ရောင်းချထားပြီးဖြစ်ကြောင်းသိရှိရသည်။

MyanmarNews24

zawgyi

ဒ႐ုန္းနည္းပညာတိုးတက္ေျပာင္းလဲလာသည္ႏွင့္အမွ် သမား႐ိုးက်စစ္ပြဲမ်ားတြင္ ေမာင္းသူမဲ့စနစ္ႏွင့္ အျခားေသာနည္းပညာအသစ္မ်ား ပိုမိုေပါင္းစပ္လာၾကေသာေၾကာင့္ အေသးစားဒ႐ုန္းနည္းပညာအသုံးျပဳမႈမ်ား ပိုမိုအရွိန္အဟုန္ျမင့္တက္လ်က္ရွိပါသည္။

လက္ရွိကာလတြင္ အေမရိကန္ႏိုင္ငံအေနျဖင့္ စီးပြားျဖစ္ဒ႐ုန္းထုတ္လုပ္ေရာင္းခ်မႈကို အခ်ိဳ႕ေသာႏိုင္ငံမ်ားအား ပိတ္ပင္တားဆီးထားေသာ္ျငားလည္း နာႏိုဒ႐ုန္းကဲ့သို႔ေသာနည္းပညာအသစ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ အေမရိကန္စစ္တပ္သည္ အဓိကက်ေသာရင္းႏွီးျမႇဳပ္ႏွံသူအျဖစ္ ရပ္တည္ေနဆဲျဖစ္ေၾကာင္း သိရွိရပါသည္။

ယခုတီထြင္ထုတ္လုပ္လိုက္သည့္ နာႏိုဒ႐ုန္းသည္ အေမရိကန္စစ္တပ္အတြက္ အဓိကက်သည့္ စစ္သုံးကိရိယာတစ္ခုျဖစ္လာေတာ့မည္ျဖစ္သည္။

မၾကာေသးမီကပင္ FLIR ကုမၸဏီသည္ Black Hornet 3 Personal Reconnaissance Systems (PRS) တစ္ကိုယ္ေရသုံး ေထာက္လွမ္းေရးဒ႐ုန္းတီထြင္ေရးအတြက္ အေမရိကန္ေဒၚလာ ၂၀.၆ သန္း တန္ဖိုးရွိစာခ်ဳပ္တစ္ရပ္ကိုခ်ဳပ္ဆိုခဲ့ၿပီး လြန္ခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ကတည္းကပင္ အေမရိကန္စစ္တပ္ႏွင့္ ၃၉.၇ သန္းတန္စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရွိရပါသည္။

Black Hornet ဒ႐ုန္းမ်ားကို အေမရိကန္စစ္တပ္၏ Soldier Borne Sensor (SBS) စီမံကိန္း၏ အခန္းက႑အျဖစ္အသုံးျပဳရန္ ရည္႐ြယ္ထားပါသည္။၎ဒ႐ုန္းကို စစ္သည္တစ္ဦးတည္းထိန္းခ်ဳပ္၍ တပ္ဖြဲ႕ငယ္အဆင့္ ကင္းေထာက္လွမ္းေစာင့္ၾကည့္ရာ၌ အသုံးျပဳႏိုင္ေစမည္ျဖစ္ေၾကာင္း Dronelife.com တြင္ေဖာ္ျပထားသည္။

“Black Hornet ဒ႐ုန္းသည္ အလြန္ေပါ့ပါး၍ အသံဆူညံမႈအလြန္နည္းပါးေၾကာင္း၊ ၂၅ မိနစ္ၾကာ ပ်ံသန္းႏိုင္ၿပီး အလြန္အေထာက္အကူျဖစ္ေစေၾကာင္း၊ အိပ္ကပ္ထဲထည့္ႏိုင္သည့္အ႐ြယ္အစားမွ်သာရွိေသာ ၎ဒ႐ုန္းျဖင့္ တိုက္႐ိုက္ဗြီဒီယို႐ိုက္ကူးထုတ္လႊင့္ႏိုင္ကာ အရည္အေသြးျမင့္ပုံရိပ္မ်ားကို ထိန္းခ်ဳပ္ေမာင္းႏွင္သူထံ ျပန္လည္ေပးပို႔ႏိုင္ေၾကာင္း” ကုမၸဏီကသတင္းထုတ္ျပန္ထားသည္။

အဆိုပါဒ႐ုန္း၏ သတင္းအခ်က္အလက္ေထာက္ပံ့ေပးႏိုင္မႈစြမ္းရည္ေၾကာင့္ စစ္သည္မ်ားအေနျဖင့္ ႀကဳံေတြ႕ေနရသည့္ စစ္ေျမျပင္အေျခအေနကို ခ်က္ခ်င္းေျပာင္းလဲကာ ရန္သူ႔ပစ္မွတ္မ်ားကိုထိထိေရာက္ေရာက္ ပိုမိုေခ်မႈန္းႏိုင္စြမ္းရရွိလာေစမည္ျဖစ္ပါသည္။

အလားတူပင္ FLIR ကုမၸဏီအေနျဖင့္ နာႏိုဒ႐ုန္း Black Hornetအစင္းေရ ၁၂,၀၀၀ ေက်ာ္ကိုလည္း ကမာၻတစ္ဝန္းရွိ ကာကြယ္ေရးတပ္ဖြဲ႕အသီးသီးသို႔ ေပးပို႔ေရာင္းခ်ထားၿပီးျဖစ္ေၾကာင္းသိရွိရသည္။

MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *