ႏွစ္သစ္ကူးည တစ္ႏိုင္ငံလုံး လွည့္ကင္း၊ ပတ္ကင္း၊ ရပ္ကင္းမ်ား ရဲတပ္ဖြဲ႕ တိုးျမႇင့္ခ်

ဒီနေ့ နှစ်သစ်ကူးညမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းတွေနဲ့ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်ထားပါတယ်။တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက ဒေသန္တရ ထုတ်ပြန်ထားတဲ့ အမိန့်တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့က လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းတွေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးဌာနက ရဲမှူးကြီး ထွန်းအောင်ကျော်က ပြောပါတယ်။

“ အရင်နှစ်ထက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်တဲ့အတွက် အင်အား တိုးမြှင့်ဆောင်ရွက်တာ ဖြစ်ပါတယ် ” လို့ ရဲမှူးကြီး ထွန်းအောင်ကျော်က ပြောပါတယ်။နှစ်သစ်ကူးညမှာ ခရိုင်အလိုက် မြို့နယ်အလိုက် လူတွေစုဝေးနိုင်တဲ့ အရေးကြီးနေရာတွေမှာ ရဲတပ်ဖွဲ့ဝင် ငါးယောက်၊ ‌ခြောက်ယောက်နဲ့ ရပ်ကင်းတွေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က ပြောပါတယ်။

ဒါတွေအပြင် အရန်စုဖွဲ့ထားတဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ရှိပြီး လိုအပ်ရင် ထုတ်သုံးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။နှစ်သစ်ကူးညမှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကိုလည်း အရေးယူဆောင်ရွက်ဖို့ စီမံထားရှိပြီး တကယ်လို့ ညမထွက်ရအမိန့် ဖောက်ဖျက်ခဲ့ရင် ထောင်ဒဏ် တစ်လ ဒါမှမဟုတ် ဒဏ်ငွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။

နှစ်စဉ် နှစ်သစ်ကူးညတွေမှာတော့ နိုင်ငံအနှံ့အပြားမှာ အပျော်လွန်မှုကြောင့် ခိုက်ရန်ဖြစ်ပွားတာ မှုခင်းဖြစ်ပွားတာ ယာဉ်မတော်တဆဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

source : ဝေယံထက်ဝင်း

zawgyi

ဒီေန႔ ႏွစ္သစ္ကူးညမွာေတာ့ ျမန္မာတစ္ႏိုင္ငံလုံးမွာ လွည့္ကင္း၊ ပတ္ကင္း၊ ရပ္ကင္းေတြနဲ႔ လုံၿခဳံေရးအင္အား တိုးျမႇင့္ေဆာင္႐ြက္ထားပါတယ္။တိုင္းေဒသႀကီး နဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြက ေဒသႏၲရ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြအတိုင္း တိတိက်က် လိုက္နာေဆာင္႐ြက္ဖို႔ ရဲတပ္ဖြဲ႕က လွည့္ကင္း၊ ပတ္ကင္း၊ ရပ္ကင္းေတြနဲ႔ လုံၿခဳံေရး တိုးျမႇင့္ ေဆာင္႐ြက္တာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လုံၿခဳံေရးဌာနက ရဲမႉးႀကီး ထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

“ အရင္ႏွစ္ထက္ ထူးျခားတဲ့ ေန႔တစ္ေန႔ ျဖစ္တဲ့အတြက္ အင္အား တိုးျမႇင့္ေဆာင္႐ြက္တာ ျဖစ္ပါတယ္ ” လို႔ ရဲမႉးႀကီး ထြန္းေအာင္ေက်ာ္က ေျပာပါတယ္။ႏွစ္သစ္ကူးညမွာ ခ႐ိုင္အလိုက္ ၿမိဳ႕နယ္အလိုက္ လူေတြစုေဝးႏိုင္တဲ့ အေရးႀကီးေနရာေတြမွာ ရဲတပ္ဖြဲ႕ဝင္ ငါးေယာက္၊ ‌ေျခာက္ေယာက္နဲ႔ ရပ္ကင္းေတြ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး လႈိင္တင့္က ေျပာပါတယ္။

ဒါေတြအျပင္ အရန္စုဖြဲ႕ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ အင္အား ရွိၿပီး လိုအပ္ရင္ ထုတ္သုံးသြားမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ႏွစ္သစ္ကူးညမွာ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္သူေတြကိုလည္း အေရးယူေဆာင္႐ြက္ဖို႔ စီမံထားရွိၿပီး တကယ္လို႔ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္ခဲ့ရင္ ေထာင္ဒဏ္ တစ္လ ဒါမွမဟုတ္ ဒဏ္ေငြ ခ်မွတ္သြားမွာ ျဖစ္ပါတယ္။

ႏွစ္စဥ္ ႏွစ္သစ္ကူးညေတြမွာေတာ့ ႏိုင္ငံအႏွံ႔အျပားမွာ အေပ်ာ္လြန္မႈေၾကာင့္ ခိုက္ရန္ျဖစ္ပြားတာ မႈခင္းျဖစ္ပြားတာ ယာဥ္မေတာ္တဆျဖစ္ပြားတာေတြ ရွိခဲ့ပါတယ္။

source : ေဝယံထက္ဝင္း

Leave a Reply

Your email address will not be published. Required fields are marked *