ထိုင္ဝမ္ေရလက္ၾကား ကန္စစ္သေဘၤာ ျဖတ္သန္းမႈ တ႐ုတ္ကန႔္ကြက္ ( ျခိမ္းေျခာက္မွန္သမွ်ကို သာေကာတုိ့ တုန့္ျပန္ဖုိ့ အသင့္ရွိတယ္လုိ့ ႀကဳံးဝါးလုိက္ပါျပီ….)

တိုင်ဝမ်ရေလက်ကြားကနေ အမေရိကန် စစ်သင်္ဘောကြီး ၂ စင်း ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးဝါးဝါး အနှောက်အယှက်ပေးရာရောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန်စစ်သင်္ဘောတွေ တိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားတာကို သိရှိရပြီး ဒါကို တရုတ်အစိုးရက အနီးကပ်စောင့်ကြည့်နေသလို လုံးဝ ကန့်ကွက်ကြောင်းလည်း Mandarin ဘာသာနဲ့ပြောသွားတာပါ။ ဒါ့အပြင် ဘယ်လို ခြိမ်းခြောက် ရန်စမှု မျိုးကို မဆို တုန့်ပြန်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

တိုင်ဝမ်ရေလက်ကြားမှာ ကြာသပတေးနေ့က အမေရိကန်စစ်သင်္ဘော၂ စင်း ဖြတ်သန်းမောင်းနှင်ခဲ့တာ ဖြစ်ပြီး ဒါဟာ ဒီလအတွင်း အမေရိကန်က ဒုတိယအကြိမ် ဖြတ်သန်းတာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရုတ်က ဒီလမ်းကြောင်းအတိုင်းပဲ လေယာဉ်တင်သင်္ဘော Shandong ဦးဆောင်တဲ့ ရေတပ်သင်္ဘော အုပ်စုတစု စေလွှတ်ခဲ့တာပါ။

တိုင်ဝမ်ကို တရုတ်က သူပိုင်နယ်နိမိတ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး အမေရိကန်က တိုင်ဝမ်ကို လက်နက်ရောင်းချတာနဲ့ တိုင်ဝမ်ရေလက်ကြားမှာ စစ်သင်္ဘောတွေမောင်းနှင်တာကို တရုတ်က မကျေနပ်ပဲ ၂ နိုင်ငံ ဆက်ဆံရေးမှာပါ အဆင်မပြေမှုတွေ ဖြစ်လာတာပါ။

CRD : VOA

zawgyi

တိုင္ဝမ္ေရလက္ၾကားကေန အေမရိကန္ စစ္သေဘၤာႀကီး ၂ စင္း ျဖတ္သန္းေမာင္းႏွင္ခဲ့တဲ့ လုပ္ရပ္ဟာ ေဒသတြင္းၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ဆိုးဆိုးဝါးဝါး အေႏွာက္အယွက္ေပးရာေရာက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“အေမရိကန္စစ္သေဘၤာေတြ တိုင္ဝမ္ေရလက္ၾကားကို ျဖတ္သြားတာကို သိရွိရၿပီး ဒါကို တ႐ုတ္အစိုးရက အနီးကပ္ေစာင့္ၾကည့္ေနသလို လုံးဝ ကန႔္ကြက္ေၾကာင္းလည္း Mandarin ဘာသာနဲ႔ေျပာသြားတာပါ။ ဒါ့အျပင္ ဘယ္လို ၿခိမ္းေျခာက္ ရန္စမႈ မ်ိဳးကို မဆို တုန႔္ျပန္ဖို႔ အသင့္ရွိေၾကာင္းလည္း ေျပာပါတယ္။

တိုင္ဝမ္ေရလက္ၾကားမွာ ၾကာသပေတးေန႔က အေမရိကန္စစ္သေဘၤာ၂ စင္း ျဖတ္သန္းေမာင္းႏွင္ခဲ့တာ ျဖစ္ၿပီး ဒါဟာ ဒီလအတြင္း အေမရိကန္က ဒုတိယအႀကိမ္ ျဖတ္သန္းတာ ျဖစ္ပါတယ္။ အဲဒီတုန္းက တ႐ုတ္က ဒီလမ္းေၾကာင္းအတိုင္းပဲ ေလယာဥ္တင္သေဘၤာ Shandong ဦးေဆာင္တဲ့ ေရတပ္သေဘၤာ အုပ္စုတစု ေစလႊတ္ခဲ့တာပါ။

တိုင္ဝမ္ကို တ႐ုတ္က သူပိုင္နယ္နိမိတ္ထဲမွာ ထည့္သြင္းထားတာျဖစ္ၿပီး အေမရိကန္က တိုင္ဝမ္ကို လက္နက္ေရာင္းခ်တာနဲ႔ တိုင္ဝမ္ေရလက္ၾကားမွာ စစ္သေဘၤာေတြေမာင္းႏွင္တာကို တ႐ုတ္က မေက်နပ္ပဲ ၂ ႏိုင္ငံ ဆက္ဆံေရးမွာပါ အဆင္မေျပမႈေတြ ျဖစ္လာတာပါ။

CRD : VOA

Leave a Reply

Your email address will not be published. Required fields are marked *