တရုတ်ကြီးရဲ့ ဖိအားကြောင့် ခေတ်မှီ စစ်လက်နက်များတပ်ဆင်ရာမှာ အခက်တွေ့နေတဲ့ ထိုင်ဝမ်…








Unicode

ROC (Republic of China) ထိုင်ဝမ်ဟာ ငွေကြေးတတ်နိင်ပေမယ့် တရုတ်ပြည်မကြီး PRC ရဲ့နိင်ငံရေး ဖိအားတွေကြောင့် စစ်လက်နက်ဝယ်ယူမူမှာ အရာရာအဆင်မပြေဖြစ်ခဲ့ရတယ်

အခုထိကို ထိုင်ဝမ်ရေတပ်မှာ ဒုတိယ ကမ္ဘာစစ် လက်ကျန် ရေငုပ်သင်္ဘောတွေဖြစ်သော Balao-class နဲ့ Tench-class အမေရိကန်လုပ်ရေငုပ်သင်္ဘော၂စီးကို ခုချိန်ထိ သုံးနေရဆဲပါပဲဒီ၂စီးသက်တမ်းက နှစ်၇၀ကျော်ပြီး ၇၅ နှစ်ထဲမှာပါထိုင်ဝမ်သည် ပြည်ပကနေ ရေငုပ်သင်္ဘောသစ်တွေ ဝယ်ယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး

အခုတော့ ပြည်တွင်းမှာပဲ ကိုယ်တိုင်ရေငုပ်သင်္ဘော တည်ဆောက်နေပါပြီအောက်ကပုံက ၁၉၄၄မှာရေချခဲ့သော USS Cutlass (SS-478) တစ်ဖြစ်လဲ ROCS Hai Shih (SS-791) ပါTench-class ဖြစ်ပါတယ်၇၅ နှစ်သား ထိုင်ဝမ်ရေငုပ်သင်္ဘောဟာ အခုထိရေငုပ်နိင်ပါသေးတယ်

၂၀၁၇ တုန်းက ဒေါ်လာ ၁၉ သန်းတန် retrofit လုပ်ပြီး သင်္ဘောသက်တမ်းကို ၂၀၂၆ အထိဆွဲဆန့်ထားခဲ့ပါသေးတယ်ဒါ့အပြင် ထိုင်ဝမ်ဟာ ဖရီးဂိတ်ကြီးဝယ်ပြီး VSHORAD နဲ့ လေကာမှာတိုင်ပတ်နေပါသေးတယ်။

ထိုင်ဝမ်ရေတပ်ရဲ့ ပြင်သစ်လုပ် La Fayette ဖရီးဂိတ်ကြီးတွေမှာ ခောတ်နောက်ကျနေသာ sea chaparral တာတိုလေကာဒုံးတွေပဲပါဝင်ပါတယ် ၅ကီလိုမီတာပဲထိရောက်မူရှိပါတယ်(ပုခုံးထမ်း MANPADS တွေနဲ့စွမ်းရည်တူပါပဲ)

ထိုင်ဝမ်ဟာ အခုထိကို Chaparral တွေကို ခောတ်မှီတာလတ်ပစ်လေကာဒုံးစနစ်တွေနဲ့ အစားမထိုးနိင်သေးပါဘူးတရုတ်ပြည်မကြီးရဲ့ နိင်ငံရေးဖိအားကြောင့် ထိုင်ဝမ်ဟာ လက်နက်ဝယ်ယူဖို့ အတော်ခက်ခဲနေပုံရပါတယ်

Lin Yongzhen အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *