အားကျရမလား၊ မနာလိုရမလား၊ ဒေါသထွက်ရမလားမသိတော့ပါဘူး ဝူဟန့်ရေ……….
unicode
တရုတ်ပြည်ဝူဟန့်မြို့မှာ နှစ်သစ်ကူး New Year Countdown party 🎈ကို ပူဖောင်းတွေလွှတ်ပြီးကျင်းပခဲ့ပါတယ်။ယန်ဇီမြစ်ကမ်းဘေးမှာ လူတွေဟာအကနဲ့ 2021 ခုနှစ်ကူးပြောင်းခြင်းကို ကြိုဆိုခဲ့ကြပါတယ်။မနှစ်ကဒီအချိန်မှာဝူဟန့်မြို့မှာ 🔥 🦠 ကိုရိုနာဗိုင်းရပ်စ်ဟာအရှိန်အဟုန်ပြင်းပြင်းနဲ့ကူးစက်နေခဲ့တာပါ။ ဝူဟန့်မြို့မှာ တင်းကြပ်တဲ့ lockdown ကို (၂) လကျော်တကယ်ချကာ သေချာထိန်းချုပ်ခဲ့ပါတယ်။အဲ့ဒီ (၂) လကျော်ကာလအပြီးမှာ ဝူဟန့်မြို့ဟာ normal life အခြေအနေကို ပြီးခဲ့တဲ့နွေရာသီကတည်းက ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ကျောင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက အပြည့်အဝပြန်ဖွင့်နိုင်ခဲ့ပါတယ်။ကမ္ဘာပေါ်ရှိနိုင်ငံအတော်များများဟာ 🇨🇳 တရုတ်ပြည်မှာ (၂) လကျော် တကယ်တင်းကြပ်စွာရောဂါမကူးစက်နိုင်အောင်ထိန်းချုပ်ခြင်းမျိုးကို လိုက်မလုပ်နိုင်ခဲ့ကြပါဘူး။နိုင်ငံအချို့ဟာ lockdown အပြလုပ်ကာ ပြည်သူကိုချွေးသိပ်ခဲ့ပါတယ်။ ပြည်သူဟာ နက်ဖြန်လုပ်ငန်းတွေပြန်စခွင့်ရနိုးနိုးနဲ့ စီးပွားရေးထိခိုက်မှုဒဏ်ကို အလူးအလဲခံနေကြရပါတယ်။အမေရိကန်နိုင်ငံအပါအဝင်နိုင်ငံကြီးအချို့မှာလည်း ပြည်သူအချို့ရဲ့စည်းကမ်းမဲ့မှု၊ အာဏာပိုင်တွေရဲ့စည်းကမ်းထိန်းသိမ်းရန်ပျက်ကွက်မှုတွေကြောင့် လူပေါင်းများစွာသေဆုံးခဲ့ပါတယ်။
တင်းကြပ်တဲ့စည်းကမ်းထိန်းသိမ်းပေးမှုမျိုးဟာ နိုင်ငံတော်နဲ့ဒေသအာဏာပိုင်တွေက တကယ်လုပ်မှရတာပါ။ပြည်သူလူထုအချင်းချင်းစည်းကမ်းထိန်းသိမ်းဖို့ အခွင့်အာဏာမရှိပါ။စင်ကာပူမှာဆိုရင်လည်း circuit breaker ကန့်သတ်မှုအစီအစဉ်တွေချမှတ်ပြီး စည်းကမ်းကိုအသေအချာတင်းကျပ်စွာကိုင်ခဲ့ပါတယ်။ရေတိုစည်းကမ်းကိုသေချာစွာကိုင်တွယ်ပေးခဲ့မှုရဲ့အကျိုးကျေးဇူးကို စင်ကာပူလို နိုင်ငံတွေဟာ ရေရှည်ပြန်လည်ခံစားနေကြရပြီဖြစ်ပါတယ်။ဝူဟန့်မြို့မှာရဲတွေက လူအရေအတွက်ကိုကန့်သတ်ဖို့ကြိုးစားပေမယ့် New Year Countdown ကို ဝူဟန့်မြို့သားများစွာပါဝင်ဆင်နွဲခဲ့ကြပါတယ်။အများစုက Mask 😷 ဝတ်ဆင်ထားကြပါတယ်။ဝူဟန့်မှာကမ္ဘာပျက်နေစဉ်ကာလက ဖြစ်စဉ်သတင်းအကုန်ကိုတင်ခဲ့တဲ့ တရုတ်ပြည်သူဂျာနယ်လစ်တစ်ယောက်ကို တရုတ်အစိုးရက ထောင်ဒဏ် (၄) နှစ်အထိအပြစ်ပေးခဲ့ပါတယ်။
ဝူဟန့်သမိုင်းမှာ 2020 ဟာအခြေအနေဆိုးခဲ့တယ်ဆိုတာ အခုတော့ သူမဟုတ်သလိုပါပဲ။အပြလုပ်နေတဲ့နိုင်ငံတွေမှာ (၂) လကျော် ဝူဟန့် Lockdown မျိုးလုပ်ကာ စည်းကမ်းတင်းကျပ်စွာတကယ်ကိုင်သင့်တယ်လို့ ပြည်သူအချို့ကမြင်ကြပါတယ်။(၂) လကိုသေချာမကိုင်ရင် (၂) နှစ်ကျော် ဒုက္ခရောက်ကြရမှာပါ။ အခုတောင် တစ်နှစ်ပြည့်ခါနီးနေပါကြောင်း။“မနာလိုရမလား၊ အားကျရမလား၊ ဒေါသထွက်ရမလားမသိတော့ပါဘူး ဝူဟန့်ရေ။”
မူရင်းရေးသားသူ Richard Myo Thant အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *