ေျမရွားသတၱဳ အ​ေမရိကန္ျပည္တြင္းမွာတူးေဖာ္ေတာ့မည္ ( ကုိယ့္ေျမ ကုိတူးျပီး သာေကာတုိ့ ထိန္းခ်ဳပ္ထားတဲ့ ေစ်းကြက္ကုိ ျဖိဳေတာ့မွာလား အေမရိကန္ )

ေခတ္မွီကရိယာေတြ အတြက္ မရွိမျဖစ္လိုအပ္တဲ့ ေျမရွားသတၱဳ အတြက္ တ႐ုတ္ရဲ႕ ေစ်းကစားမႈ ရပ္တံ့ေစဖို႔ လုပ္ေဆာင္မႈကေန အေမရိကန္အေနာက္ပိုင္း ကယ္လီဖိုးနီးယားျပည္နယ္ Mojave ကႏၲာရထဲက ႏွစ္ေပါင္း ၇၀ ေက်ာ္ရပ္ဆိုင္းထားခဲ့တဲ့ သတၱဳတြင္းေတြဟာ ၂၀၂၁ ခုႏွစ္ထဲမွာ ျပန္လည္စည္ကားလာေတာ့မွာ ျဖစ္ပါတယ္။

ေျမရွားသတၱဳေတြကို လ ွ်ပ္စစ္ hybrid ကားေတြ၊ စမတ္ဖုံးေတြကေန စစ္လက္နက္တခ်ိဳ႕အတြက္ပါ မရွိမျဖစ္လိုအပ္တာပါ။ မၾကာခင္ကမွ ျပဌာန္းလိုက္တဲ့ ႏိုင္ငံေတာ္ ကာကြယ္ေရးဆိုင္ရာ ခြင့္ျပဳမိန္႔ ဥပေဒအရ Pentagon စစ္ဌာနခ်ဳပ္ရဲ႕ ယႏၲရားအားလုံးနီးပါးမွာ သုံးမယ့္ ေျမရွားသတၱဳေတြဟာ ၅ ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံထဲမွာ တူးေဖၚ သန္႔စင္ထားတာ မျဖစ္ေစရပဲ အစိုးရကို တင္သြင္းေနတဲ့ အေမရိကန္ ကုမၸဏီေတြ အေနနဲ႔ ဒီအခ်က္ကို လိုက္နာဖို႔ ဗဟိုအစိုးရက ၫႊန္ၾကားဖို႔ပါ ပါရွိပါတယ္။

ဒါဟာ အေရးပါတဲ့သတၱဳေတြကို စိတ္ခ်ရတဲ့သူေတြဆီက အႏၲရာယ္ကင္းကင္းနဲ႔ ရေအာင္ လုပ္ဖို႔ အေမရိကန္အစိုးရရဲ႕ မဟာဗ်ဴဟာ အစိတ္အပိုင္းတခု ျဖစ္ၿပီး ကန္ထ႐ိုက္နဲ႔ သေဘာတူညီခ်က္ဆိုင္ရာ ဒီသတၱဳနဲ႔ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြကို ကာကြယ္ေရးဝန္ႀကီးဌာနက မၾကာေသးခင္က ေၾကညာခဲ့တာပါ။ေျမာက္အေမရိကမွာ တခုတည္းေသာ ေျမရွားသတၱဳတြင္းေတြကို Mountain Pass သတၱဳတြင္းကရတာျဖစ္ၿပီး အဲဒီမွာ ေခတ္မွီကရိယာေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ေျမရွားသတၱဳ ၁၇ မ်ိဳးရွိေနပါတယ္။

၁၉၄၉ ခုႏွစ္မွာ စေတြ႕ခဲ့တဲ့ ဒီသတၱဳတြင္း ေဒသကေန ကမာၻ႔ ေျမရွားသတၱဳ လိုအပ္ခ်က္ ထက္ဝက္ေက်ာ္ကို ထုတ္လုပ္သန္႔စင္ေပးခဲ့တာျဖစ္ပါတယ္။အခုေတာ့ ကယ္လီဖိုးနီးယားေဒသထြက္ ေျမရွားသတၱဳေတြကို သန္႔စင္ဖို႔ အတြက္ တ႐ုတ္ကို တင္ပို႔ေပးေနရတာ ျဖစ္ၿပီး ကမာၻ႔တလႊား ေျမရွားသတၱဳ လိုအပ္ခ်က္ အားလုံးရဲ႕ ၈၀ % ေက်ာ္ ေစ်းကြက္ ကိုပါ တ႐ုတ္က ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။

CRD_voaburmese

unicode

ခေတ်မှီကရိယာတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု အတွက် တရုတ်ရဲ့ ဈေးကစားမှု ရပ်တံ့စေဖို့ လုပ်ဆောင်မှုကနေ အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Mojave ကန္တာရထဲက နှစ်ပေါင်း ၇၀ ကျော်ရပ်ဆိုင်းထားခဲ့တဲ့ သတ္တုတွင်းတွေဟာ ၂၀၂၁ ခုနှစ်ထဲမှာ ပြန်လည်စည်ကားလာတော့မှာ ဖြစ်ပါတယ်။

မြေရှားသတ္တုတွေကို လ ျှပ်စစ် hybrid ကားတွေ၊ စမတ်ဖုံးတွေကနေ စစ်လက်နက်တချို့အတွက်ပါ မရှိမဖြစ်လိုအပ်တာပါ။ မကြာခင်ကမှ ပြဌာန်းလိုက်တဲ့ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုမိန့် ဥပဒေအရ Pentagon စစ်ဌာနချုပ်ရဲ့ ယန္တရားအားလုံးနီးပါးမှာ သုံးမယ့် မြေရှားသတ္တုတွေဟာ ၅ နှစ်အတွင်း တရုတ်နိုင်ငံထဲမှာ တူးဖေါ် သန့်စင်ထားတာ မဖြစ်စေရပဲ အစိုးရကို တင်သွင်းနေတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ဒီအချက်ကို လိုက်နာဖို့ ဗဟိုအစိုးရက ညွှန်ကြားဖို့ပါ ပါရှိပါတယ်။

ဒါဟာ အရေးပါတဲ့သတ္တုတွေကို စိတ်ချရတဲ့သူတွေဆီက အန္တရာယ်ကင်းကင်းနဲ့ ရအောင် လုပ်ဖို့ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတခု ဖြစ်ပြီး ကန်ထရိုက်နဲ့ သဘောတူညီချက်ဆိုင်ရာ ဒီသတ္တုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးခင်က ကြေညာခဲ့တာပါ။မြောက်အမေရိကမှာ တခုတည်းသော မြေရှားသတ္တုတွင်းတွေကို Mountain Pass သတ္တုတွင်းကရတာဖြစ်ပြီး အဲဒီမှာ ခေတ်မှီကရိယာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု ၁၇ မျိုးရှိနေပါတယ်။

၁၉၄၉ ခုနှစ်မှာ စတွေ့ခဲ့တဲ့ ဒီသတ္တုတွင်း ဒေသကနေ ကမ္ဘာ့ မြေရှားသတ္တု လိုအပ်ချက် ထက်ဝက်ကျော်ကို ထုတ်လုပ်သန့်စင်ပေးခဲ့တာဖြစ်ပါတယ်။အခုတော့ ကယ်လီဖိုးနီးယားဒေသထွက် မြေရှားသတ္တုတွေကို သန့်စင်ဖို့ အတွက် တရုတ်ကို တင်ပို့ပေးနေရတာ ဖြစ်ပြီး ကမ္ဘာ့တလွှား မြေရှားသတ္တု လိုအပ်ချက် အားလုံးရဲ့ ၈၀ % ကျော် ဈေးကွက် ကိုပါ တရုတ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

CRD_voaburmese

Leave a Reply

Your email address will not be published. Required fields are marked *