စကၤာပူအခက္ ျမန္မာအခ်က္ ျဖစ္ေတာ့မွာလား…?

အရည္ေပ်ာ္သြားတဲ့ စင္ကာပူအျမန္ရထားဘူတာႀကီးဒီဇိုင္း။ဒီကေန႔ေၾကျငာလိုက္တဲ့သတင္းအရ ၃၅၀ ကီလိုမီတာအရွည္ မေလးရွား-စင္ကာပူအထူးအျမန္ရထားလမ္းစီမံကိန္းဟာ ပ်က္ျပယ္ခဲ့ရပါၿပီ။ဒီရထားစီမံကိန္းဟာ ကန္ေဒၚလာ ၂၅ ဘီလီယံတန္ၿပီး မေလးရွားဖက္ကေန ၂ ႀကိမ္တိုင္တိုင္ ေနာက္ဆုတ္ေပးဖို႔ ေမတၱာရပ္ခံခဲ့ရၿပီး ေနာက္ဆုံးမွာ သူတို႔ဖက္က လိုခ်င္သလို ညႇိႏွိုင္းမရၾကတဲ့အဆုံး ပ်က္ခဲ့ၾကရတာပါ။ဒီရထားလမ္းၿပီးရင္ ၿမိဳ႕ေတာ္ ၂ ခုအၾကား ခရီးသြားၾကာခ်ိန္ ၉၀ မိနစ္အထိ ေလၽွာ့ခ်ေပးသြားနိုင္မွာပါ။လက္ရွိအေနအထားအရ ဒီ ၃၅၀ ကီလိုမီတာခရီးကို ကားျဖင့္သြားရင္ ၄ နာရီေက်ာ္ေအာင္ ေမာင္းရၿပီး၊ ေလယာဥ္နဲ႔ဆို ၅ နာရီအထိ ၾကာနိုင္ပါသတဲ့။

စီမံကိန္းဟာ ၂၀၁၃ ခုႏွစ္ကတည္းက သေႏၶတည္ခဲ့ၿပီး၊ ၂၀၁၆ မွာ တရားဝင္လက္မွတ္ေရးထိုးခဲ့တာမို႔ စင္ကာပူအစိုးရဖက္က ခုလိုဘူတာဒီဇိုင္း၊ ရထားလမ္းဒီဇိုင္းခေတြ၊ ေျမဝယ္ရတာေတြ၊ စီမံကိန္းႀကီးၾကပ္ဖို႔ ပညာရွင္ေတြခန္႔ထားခဲ့တာေတြ၊ေဆာက္လုပ္မယ့္သူေတြကို တင္ဒါေခၚၿပီးသားမို႔ မၾကာခဏ ေနာက္ဆုတ္ရလို႔ ကတိပ်က္စရိတ္ေတြ၊ ေျမတူးၿပီးသားေနရာေတြကို ေျမျပန္ဖို႔စရိတ္ေတြ စသျဖင့္ ဒီစီမံကိန္းအတြက္ ေငြသန္းရာခ်ီကာ သုံးၿပီးေနလို႔ မေလးရွားဖက္ကေန စာခ်ဳပ္အရ ကုန္က်စရိတ္ေတြအတြက္ ေလ်ာ္ေၾကးေတာင္းခံသြားေတာ့မွာပါ။မေလးရွားဖက္က မီဒီယာေတြရဲ့အဆိုအရ ဒီစီမံကိန္းကို သူတို႔ဖာသာ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး၊

ရထားလမ္းကို စင္ကာပူတဖက္ကမ္းက ဂ်ိဳဟိုးၿမိဳ႕မွာ ဂိတ္ဆုံးေစမယ္လို႔ ဆိုပါတယ္။ျမန္မာျပည္မွာသာ ေရႊလီ-မန္း-ေနျပည္ေတာ္-ေက်ာက္ျဖဴအျမန္ရထားလမ္းကို BRI ေအာက္က ေဆာက္ျဖစ္ခဲ့ရင္ေတာ့ စင္ကာပူကိုထပ္ေက်ာ္တက္မယ့္ အထူးအခြင့္အေရးကို ျပည္သူေတြရင္ခုန္ခံစားၾကရပါလိမ့္အုံးမည္။ 😂

Ref: ST
Credit. Zin Min Nyein

unicode

အရည်ပျော်သွားတဲ့ စင်ကာပူအမြန်ရထားဘူတာကြီးဒီဇိုင်း။ဒီကနေ့ကြေငြာလိုက်တဲ့သတင်းအရ ၃၅၀ ကီလိုမီတာအရှည် မလေးရှား-စင်ကာပူအထူးအမြန်ရထားလမ်းစီမံကိန်းဟာ ပျက်ပြယ်ခဲ့ရပါပြီ။ဒီရထားစီမံကိန်းဟာ ကန်ဒေါ်လာ ၂၅ ဘီလီယံတန်ပြီး မလေးရှားဖက်ကနေ ၂ ကြိမ်တိုင်တိုင် နောက်ဆုတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ရပြီး နောက်ဆုံးမှာ သူတို့ဖက်က လိုချင်သလို ညှိနှိုင်းမရကြတဲ့အဆုံး ပျက်ခဲ့ကြရတာပါ။ဒီရထားလမ်းပြီးရင် မြို့တော် ၂ ခုအကြား ခရီးသွားကြာချိန် ၉၀ မိနစ်အထိ လျှော့ချပေးသွားနိုင်မှာပါ။လက်ရှိအနေအထားအရ ဒီ ၃၅၀ ကီလိုမီတာခရီးကို ကားဖြင့်သွားရင် ၄ နာရီကျော်အောင် မောင်းရပြီး၊ လေယာဉ်နဲ့ဆို ၅ နာရီအထိ ကြာနိုင်ပါသတဲ့။

စီမံကိန်းဟာ ၂၀၁၃ ခုနှစ်ကတည်းက သန္ဓေတည်ခဲ့ပြီး၊ ၂၀၁၆ မှာ တရားဝင်လက်မှတ်ရေးထိုးခဲ့တာမို့ စင်ကာပူအစိုးရဖက်က ခုလိုဘူတာဒီဇိုင်း၊ ရထားလမ်းဒီဇိုင်းခတွေ၊ မြေဝယ်ရတာတွေ၊ စီမံကိန်းကြီးကြပ်ဖို့ ပညာရှင်တွေခန့်ထားခဲ့တာတွေ၊ဆောက်လုပ်မယ့်သူတွေကို တင်ဒါခေါ်ပြီးသားမို့ မကြာခဏ နောက်ဆုတ်ရလို့ ကတိပျက်စရိတ်တွေ၊ မြေတူးပြီးသားနေရာတွေကို မြေပြန်ဖို့စရိတ်တွေ စသဖြင့် ဒီစီမံကိန်းအတွက် ငွေသန်းရာချီကာ သုံးပြီးနေလို့ မလေးရှားဖက်ကနေ စာချုပ်အရ ကုန်ကျစရိတ်တွေအတွက် လျော်ကြေးတောင်းခံသွားတော့မှာပါ။မလေးရှားဖက်က မီဒီယာတွေရဲ့အဆိုအရ ဒီစီမံကိန်းကို သူတို့ဖာသာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊

ရထားလမ်းကို စင်ကာပူတဖက်ကမ်းက ဂျိုဟိုးမြို့မှာ ဂိတ်ဆုံးစေမယ်လို့ ဆိုပါတယ်။မြန်မာပြည်မှာသာ ရွှေလီ-မန်း-နေပြည်တော်-ကျောက်ဖြူအမြန်ရထားလမ်းကို BRI အောက်က ဆောက်ဖြစ်ခဲ့ရင်တော့ စင်ကာပူကိုထပ်ကျော်တက်မယ့် အထူးအခွင့်အရေးကို ပြည်သူတွေရင်ခုန်ခံစားကြရပါလိမ့်အုံးမည်။ 😂

Ref: ST
Credit. Zin Min Nyein

Leave a Reply

Your email address will not be published. Required fields are marked *