ကုန်း/ရေနှစ် သွယ်တိုက်ပွဲ ဝင်စစ်ဆင်မှု လေ့ကျင့်ခန်းဆောင်ရွက် လာသော ထိုင်းတော်ဝင်ရေတပ်




CRD_YARMANYA NEWS

unicode

ထိုင်းတော်ဝင်ရေတပ်ကုန်း/ရေနှစ်သွယ်တိုက်ပွဲဝင်စစ်ဆင်မှုလေ့ကျင့်ခန်းဆောင်ရွက်လာမည့်၂၀၂၁ဘဏ္ဍာရေးနှစ်အတွက်စစ်နည်းဗျူဟာမြောက်လေ့ကျင့်မှုတစ်ရပ်အနေနဲ့ထိုင်းတော်ဝင်ရေတပ်ဟာကုန်း/ရေနှစ်သွယ်တိုက်ပွဲဝင်စစ်ဆင်မှုလေ့ကျင့်ခန်းအားဒီဇင်ဘာလ၂၂မှ၂၅ရက်အထိကျင်းပပြုလုပ်ခဲ့ပါတယ်။ယခုလေ့ကျင့်ခန်းအားဆိုရင်ထိုင်းရေကြောင်းလေတပ်ဖွဲ့နဲ့ရေတပ်အထူးတပ်ဖွဲ့တို့၁၉၉၀ဒီဇင်ဘာ၇မှ၉ရက်နေ့အထိပူးပေါင်းဆောင်ရွက်ခဲ့သည့်လေ့ကျင့်ခန်းပြီးလျှင်ဒုတိယမြောက်အလားတူလေ့ကျင့်မှုဖြစ်တယ်လို့သိရပါတယ်။ယခုလေ့ကျင့်ခန်းမှာကမ်းတက်မရိန်းတပ်ဖွဲ့မှAAV7A1ကုန်း/ရေနှစ်သွယ်ကမ်းတက်တိုက်ခိုက်ရေးယာဉ်၆စီးနဲ့အတူထိုင်းတော်ဝင်ရေတပ်မှSichangClassကမ်းထိုးရေယာဉ်ကြီးHTMSSichang(721)၊

HTMSSurin(722)၊LPDအမျိုးအစားHTMSAugThong(791)နဲ့kaeoအတန်းအစားကမ်းထိုးရေယာဉ်HTMSThongLang(772)တို့ပါဝင်ခဲ့ပြီးCoastalDefenseနဲ့လေကြောင်းရန်ကာကွယ်ရေးထိန်းချုပ်ထရက်ကားများအားပို့ဆောင်ခြင်း၊ဘက်စုံသုံးရဟတ်ယာဉ်SuperLynx300များဖြင့်SARနဲ့ASWအတွက်ပျံသန်းစစ်ဆင်ခြင်းတို့အားဆောင်ရွက်ခဲ့ကြပါတယ်။လက်ရှိမှာတော့ထိုင်းရေတပ်ဟာကမ်းတက်စစ်ဆင်မှုကိုပိုမိုအားဖြည့်နိုင်ရန်အတွက်တရုတ်ထုတ်Type071ELPDတစ်စီးအားမှာယူထားပြီး၂၀၂၃တွင်ရရှိမယ်လို့သိရပါတယ်။ယခုလေ့ကျင့်ခန်းအားမူလကအိမ်နီးချင်းရေတပ်များ၊တပ်ဖွဲ့တွင်းUnitများအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ခဲ့သော်လည်း

Covid19ကြောင့်အစီအစဉ်အားဖျက်သိမ်းခြင်း၊အချိန်ရွှေ့ဆိုင်းခြင်းနဲ့အစီအစဉ်ပြန်လည်ရေးဆွဲမှုများပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့၂၀၂၀အတွင်းမှာတော့ထိုင်းရေတပ်အနေနဲ့Panyeeအတန်းအစားတွဲဆွဲရေယာဉ်HTMSLipe(858)နဲ့M-36အတန်းအစားကင်းလှည့်ရေယာဉ်Tor114နဲ့Tor115တို့အားတပ်တော်ဝင်ပြုလုပ်ခဲ့ပါတယ်။

CRD_YARMANYA NEWS

Leave a Reply

Your email address will not be published. Required fields are marked *