ျမန္ မာ့ တပ္ မေတ ာ္က အသုံ းျပဳ လ် က္ ရွိ တဲ့ ေမာင္ းသူ မဲ့ေ လယ ာ ဥ္ မ် ား…

လြ န္ခဲ့ေ သာ လအန ည္းငယ္မ် ားစြာက ျမန္မာ့ တပ္မေတ ာ္(ၾကည္း )သုံး Skylar UAV ပ်က္ က်ခဲ့သ ည့္ ဓါတ္ပုံ မ်ားသည္ လူမွုကြန္ ရက္မ် ားအေပၚတြင္ ျပန႔္ႏွံ့သြာ းခဲ့ရသည္။ထို ႔အတူ လြန္ခဲ့ေ သာ လအနည္ းငယ္တြင္း ကလည္း ၎ေမာင္းသူ မဲ့ေလယာဥ္စနစ္ သည္ပင္ လၽွင္ ေအေအ အၾကမ္းဖ က္အဖြဲ႕ မ်ားအေျချ ပဳတည္ ရွိရ ာ ရခိုင္ေဒသ ၌ ရာ သီဥတုဆို းရြားမွုေၾကာ င့္ ပ်က္က်ခဲ့ရ ၿပီး ပ်က္ခဲ့သည့္ UAV ဓါတ္ပုံမ်ာ းကို AA အၾကမ္းဖက္ အဖြဲ႕က ထုတ္ေဖာ္ျ ပသ ခဲ့သည္ ။Skyl ark-2 အမ်ိဳ းအစားသည္ ေန႔ည မေရြး၊ ရာသီ ဥတု မေရြး အကြ ာအေဝး ၆ ၀ ကီလို မီတာအ တြင္း အခ်ိ န္ႏွင့္တ စ္ေျပးညီ ကင္းေထာက္ လွမ္းနို င္ရ န္၊ အခ်က္ အလက္မ်ား စုေ ဆာင္းနိုင္သည့္ နည္း ဗ်ဴဟာေျမာက္ ေမာင္းသူမဲ့ေ လယာဥ္အမ်ိဳးအစားလ ည္းျဖစ္သည္။

၎၌ ဟန္ခ်က္ညီေဆာင္ရြက္နိုင္စြမ္းရွိသည့္ အာ႐ုံခံစနစ္ ၃ မ်ိဳးျဖစ္သည့္ ေရာင္စုံျမင္ CCD ေန႔ၾကည့္ကင္မရာ၊ တတိယေျမာက္မ်ိဳးဆက္အပူအာ႐ုံခံ ညၾကည့္ကင္မရာႏွင့္ ေလဆာမီးထိုးစနစ္တို႔ပါဝင္သည္။ထိုစနစ္မ်ားသည္ Skylark-2 စနစ္ကို ညအခ်ိန္တြင္၌သာမက အလင္းေရာင္နည္းပါးသည့္ အေျခအေနမ်ိဳး၌လည္း အသုံးခ်နိုင္ရန္ ေထာက္ပံ့ေပးနိုင္မည္ျဖစ္သည္။ထိန္းခ်ဳပ္မွုစနစ္အေနျဖင့္ GPS စနစ္ကိုတပ္ဆင္ထားသည္။Skylark-1 LEX စနစ္သည္ အေသးစား UAV ျဖစ္သည့္အတြက္ စစ္သည္တစ္ဦးခ်င္းအေနျဖင့္ လက္မွကိုင္တြယ္ပစ္လႊတ္နိုင္မည္ျဖစ္သည္။အကြာအေဝး ၂၀ ကီလိုမီတာေရာက္ရွိနိုင္ၿပီး Skylark-2 အမ်ိဳးအစားသည္ Rail-launched အမ်ိဳးအစားျဖစ္ကာ ၆၀ ကီလိုမီတာအထိေရာက္ရွိနိုင္မည္ျဖစ္သည္။

လက္ရွိအခ်ိန္တြင္ တပ္မေတာ္(ၾကည္း)၌ Skylark-1 LEX ႏွင့္ Skylark-2 UAV ၂ မ်ိဳးစလုံးကို နည္းဗ်ဴဟာအဆင့္ ( တပ္ရင္းမွသည္တပ္မ) အသုံးျပဳလ်က္ရွိသည္။ထို႔အျပင္ တပ္မေတာ္(ေလ) သည္လည္း စစ္ဆင္ေရးအဆင့္( ဌာနခ်ဳပ္မ်ားႏွင့္ တပ္ဖြဲ႕မ်ား) ၌ တ႐ုတ္နိုင္ငံထုတ္ CH-3A ေမာင္းသူမဲ့ေလယာဥ္မ်ားကို အသုံးျပဳေနသည္ဟုဆိုသည္။Skylark UAV မ်ားကို နည္းဗ်ဴဟာဆိုင္ရာအျဖစ္ ကမၻာအႏွံ့ တပ္မေတာ္မ်ား၌ အသုံးျပဳေနၿပီး ၎တပ္မေတာ္မ်ားတြင္ ဩစေၾတးလ်၊ ကေနဒါ၊ ခရိုေအးရွား၊ ခ်က္၊ ျပင္သစ္၊ ဟန္ေဂရီ၊ အစၥေရး၊ မက္ဆီဒိုးနီးယား၊ နယ္သာလန္၊ ပိုလန္၊ ဆလိုဗက္ကီးယား၊ ေတာင္ကိုရီးယားႏွင့္ ဆြီဒင္တို႔တြင္ အသီးသီး အသုံးျပဳလ်က္ရွိသည္။

defensenews.com ၏ အဆိုအရ ျမန္မာ့တပ္မေတာ္အေနျဖင့္ မဟာဗ်ဴဟာ အဆင့္၌ တ႐ုတ္ထုတ္ CH-4B UCAV စနစ္မ်ားကို ၂၀၁၆ ခုႏွစ္ကတည္းက အသုံးျပဳေနသည္ဟုသိရွိရသည္။ၾကည္းႏွင့္ေလတို႔နည္းတူ ေရတပ္သည္လည္း ေဒါင္လိုက္အတက္အဆင္းျပဳ လုပ္နိုင္သည့္ 100 Schiebel Vertical Takeoff and Landing (VTOL) Camcopter စနစ္မ်ားကို အသုံးျပဳလ်က္ရွိေနၿပီးလည္းျဖစ္သည္။အခ်က္အလက္မ်ားႏွင့္ပတ္သက္၍ အေသးစိတ္သိရွိရျခင္းမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္၏ ေမာင္းသူမဲ့ေလယာဥ္ပိုင္ဆိုင္မွုသည္ Skylark-1 LEX အမ်ိဳးအစား၌ ၁၂ – ၂၄ စီးအၾကား၊ Skylark-2 သည္လည္း ၁၂ – ၂၄ စီးအၾကား၊ CH-3A သည္လည္း ၈ – ၁၂ စီးအၾကား၊ CH-4B သည္လည္း ၄-၈ စီးအၾကား ႏွင့္ S-100 Camcopter သည္ ၄ – ၈ စီးအၾကား ပိုင္ဆိုင္ထားရွိသည္ဟု သိရွိရသည္။ထို႔အျပင္ ကင္းေထာက္ ေမာင္းသူမဲ့ေလယာဥ္စနစ္မ်ားႏွင့္ ပတ္သက္၍လည္း ကိုယ္ပိုင္သုေတသနျပဳ တီထြင္ေဆာင္ရြက္လ်က္ရွိေနနိုင္သည္ဟု ယူဆရသည္။

Ref-MDR
ေက်ာ္လင္း (အမိေျမ)
MyanmarNews24 အား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

unicode

လွန်ခဲ့သော လအနည်းငယ်များစွာက မြန်မာ့တပ်မတော်(ကြည်း)သုံး Skylark UAV ပျက်ကျခဲ့သည့် ဓါတ်ပုံများသည် လူမှုကွန်ရက်များအပေါ်တွင် ပြန့်နှံ့သွားခဲ့ရသည်။ထို့အတူ လွန်ခဲ့သော လအနည်းငယ်တွင်းကလည်း ၎င်းမောင်းသူမဲ့လေယာဉ်စနစ်သည်ပင်လျှင် အေအေ အကြမ်းဖက်အဖွဲ့များအခြေပြုတည်ရှိရာ ရခိုင်ဒေသ၌ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ရပြီး ပျက်ခဲ့သည့် UAV ဓါတ်ပုံများကို AA အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။Skylark-2 အမျိုးအစားသည် နေ့ညမရွေး၊ ရာသီဥတုမရွေး အကွာအဝေး ၆၀ ကီလိုမီတာအတွင်း အချိန်နှင့်တစ်ပြေးညီ ကင်းထောက်လှမ်းနိုင်ရန်၊ အချက် အလက်များ စုဆောင်းနိုင်သည့် နည်းဗျူဟာမြောက် မောင်းသူမဲ့လေယာဉ်အမျိုးအစားလည်းဖြစ်သည်။

၎င်း၌ ဟန်ချက်ညီဆောင်ရွက်နိုင်စွမ်းရှိသည့် အာရုံခံစနစ် ၃ မျိုးဖြစ်သည့် ရောင်စုံမြင် CCD နေ့ကြည့်ကင်မရာ၊ တတိယမြောက်မျိုးဆက်အပူအာရုံခံ ညကြည့်ကင်မရာနှင့် လေဆာမီးထိုးစနစ်တို့ပါဝင်သည်။ထိုစနစ်များသည် Skylark-2 စနစ်ကို ညအချိန်တွင်၌သာမက အလင်းရောင်နည်းပါးသည့် အခြေအနေမျိုး၌လည်း အသုံးချနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ထိန်းချုပ်မှုစနစ်အနေဖြင့် GPS စနစ်ကိုတပ်ဆင်ထားသည်။Skylark-1 LEX စနစ်သည် အသေးစား UAV ဖြစ်သည့်အတွက် စစ်သည်တစ်ဦးချင်းအနေဖြင့် လက်မှကိုင်တွယ်ပစ်လွှတ်နိုင်မည်ဖြစ်သည်။အကွာအဝေး ၂၀ ကီလိုမီတာရောက်ရှိနိုင်ပြီး Skylark-2 အမျိုးအစားသည် Rail-launched အမျိုးအစားဖြစ်ကာ ၆၀ ကီလိုမီတာအထိရောက်ရှိနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် တပ်မတော်(ကြည်း)၌ Skylark-1 LEX နှင့် Skylark-2 UAV ၂ မျိုးစလုံးကို နည်းဗျူဟာအဆင့် ( တပ်ရင်းမှသည်တပ်မ) အသုံးပြုလျက်ရှိသည်။ထို့အပြင် တပ်မတော်(လေ) သည်လည်း စစ်ဆင်ရေးအဆင့်( ဌာနချုပ်များနှင့် တပ်ဖွဲ့များ) ၌ တရုတ်နိုင်ငံထုတ် CH-3A မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်ဟုဆိုသည်။Skylark UAV များကို နည်းဗျူဟာဆိုင်ရာအဖြစ် ကမ္ဘာအနှံ့ တပ်မတော်များ၌ အသုံးပြုနေပြီး ၎င်းတပ်မတော်များတွင် ဩစတြေးလျ၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အစ္စရေး၊ မက်ဆီဒိုးနီးယား၊ နယ်သာလန်၊ ပိုလန်၊ ဆလိုဗက်ကီးယား၊ တောင်ကိုရီးယားနှင့် ဆွီဒင်တို့တွင် အသီးသီး အသုံးပြုလျက်ရှိသည်။

defensenews.com ၏ အဆိုအရ မြန်မာ့တပ်မတော်အနေဖြင့် မဟာဗျူဟာ အဆင့်၌ တရုတ်ထုတ် CH-4B UCAV စနစ်များကို ၂၀၁၆ ခုနှစ်ကတည်းက အသုံးပြုနေသည်ဟုသိရှိရသည်။ကြည်းနှင့်လေတို့နည်းတူ ရေတပ်သည်လည်း ဒေါင်လိုက်အတက်အဆင်းပြု လုပ်နိုင်သည့် 100 Schiebel Vertical Takeoff and Landing (VTOL) Camcopter စနစ်များကို အသုံးပြုလျက်ရှိနေပြီးလည်းဖြစ်သည်။အချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိရခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်၏ မောင်းသူမဲ့လေယာဉ်ပိုင်ဆိုင်မှုသည် Skylark-1 LEX အမျိုးအစား၌ ၁၂ – ၂၄ စီးအကြား၊ Skylark-2 သည်လည်း ၁၂ – ၂၄ စီးအကြား၊ CH-3A သည်လည်း ၈ – ၁၂ စီးအကြား၊ CH-4B သည်လည်း ၄-၈ စီးအကြား နှင့် S-100 Camcopter သည် ၄ – ၈ စီးအကြား ပိုင်ဆိုင်ထားရှိသည်ဟု သိရှိရသည်။ထို့အပြင် ကင်းထောက် မောင်းသူမဲ့လေယာဉ်စနစ်များနှင့် ပတ်သက်၍လည်း ကိုယ်ပိုင်သုတေသနပြု တီထွင်ဆောင်ရွက်လျက်ရှိနေနိုင်သည်ဟု ယူဆရသည်။

Ref-MDR
ကျော်လင်း (အမိမြေ)
MyanmarNews24 အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *