က်ဴးေက်ာ္မ်ိဳးစိပ္ ျပႆနာႏွင့္ စုပ္ခြက္ငါးေတြကို ျမစ္ထဲ ေခ်ာင္းထဲ လႊတ္တာ ဘယ္ေလာက္ႀကီး အႏၲရာယ္မ်ားလဲဆိုတာ ဖတ္ၾကည္ေစခ်င္…

Why invasive species?သက္ရွိမ်ိဳးစိတ္ အမ်ားစုဟာ လူေတြရဲ့ အကူအညီမပါပဲ ပင္လယ္ေတြ၊ နယ္စပ္မ်ဥ္းေတြ ျဖတ္ေက်ာ္ၿပီး ခရီးေဝးေဝး မေရာက္နိုင္ဘူး။အဲလိုေရာက္ရွိသြားၿပီဆိုရင္ေတာ့ က်ဴးေက်ာ္မ်ိဳးစိတ္ (invasive species)လို႔ သတ္မွတ္နိုင္ၿပီ။က်ဴးေက်ာ္မ်ိဳးစိတ္ဆိုတာ တိရစၧာန္တမ်ိဳးထဲကို ဆိုလိုတာ မဟုတ္ဘူး။ အပင္လဲ ျဖစ္နိုင္သလို မွိုေတြ၊ ဘက္တီးရီးယားေတြလဲ ျဖစ္နိုင္တယ္။က်ဴးေက်ာ္မ်ိဳးစိတ္မွာ လူေတြက တမင္တကာ ေခၚေဆာင္လာတဲ့ အလွေမြးငါး၊ တြားသြားသတၱဝါနဲ႔ အပင္ေတြ ရွိသလို မရည္ရြယ္ပဲ ေရာက္လာတဲ့ မ်ိဳးစိတ္​ေတြလဲ ရွိတယ္။သေဘၤာေတြဟာ ပင္လယ္ထဲ ဟန္ခ်က္ညီညီ ခုတ္ေမာင္းနိုင္ဖို႔ ဝမ္းဗိုက္ထဲ ေရေလွာင္ကန္ႀကီးေတြ သယ္ေဆာင္ထားရတယ္။

အဲဒီေရေလွာင္ကန္ႀကီးေတြထဲက ေရဟာ အေသ မဟုတ္ဘူး။ ကုန္ပစၥည္း အေလးခ်ိန္ေပၚ မူတည္ၿပီး အေျပာင္းအလဲရွိတယ္။ကုန္ပစၥည္းမ်ားမ်ား တင္ေဆာင္ထားရင္ ေရနည္းနည္းသာ ျဖည့္ဖို႔လိုၿပီး ကုန္ပစၥည္းမပါ ခါလီသြားရတဲ့အခါမ်ိဳးမွာ ေရအျပည့္နီးပါး ျဖည့္ထားဖို႔လိုတယ္။ဒါမွသာ လိုအပ္တဲ့ ဟန္ခ်က္ညီမွုကို ရရွိနိုင္တယ္။ဆိပ္ကမ္းမွာ ကုန္ခ်ၿပီးေနာက္ သေဘၤာဟာ အေလးခ်ိန္ ေလ်ာ့သြားၿပီး ေရေပၚေပၚလာတယ္ဒီေတာ့ လိုအပ္တဲ့ ဟန္ခ်က္အေနအထားေရာက္ဖို႔ ဝမ္းဗိုက္ထဲ ေရေတြ အစားျပန္ျဖည့္ရတယ္။အဲဒီေနာက္ ပင္လယ္ကိုျဖတ္ၿပီး ေနာက္ဆိပ္ကမ္းတစ္ခုဆီ သြားတယ္။ ေနာက္ေရာက္တဲ့ ဆိပ္ကမ္းမွာ ကုန္ျပန္တင္မွာမို႔ ဝမ္းဗိုက္ထဲက ေရကို ျပန္ထုတ္ရ​​ျပန္တယ္။အဲဒီမွာ ျပႆနာ စတာပဲ။ ဟိုဘက္ဆိပ္ကမ္းက သယ္လာတဲ့ေရကို ဒီဘက္ဆိပ္ကမ္းမွာ ျပန္ထုတ္လို႔ မရဘူး။

ထုတ္ေတာ့ ဘာျဖစ္လဲ။ ထုတ္ရင္ အဖမ္းခံရမယ္။ ေရေလးထုတ္တာ ဖမ္းစရာလား။သေဘၤာဝမ္းဗိုက္ထဲက ေရမွာ ေထာင္ေပါင္းမ်ားစြာေသာ သက္ရွိမ်ိဳးစိတ္ေတြ ပါလာတယ္။ဘက္တီးရီးယားေတြ၊ ေသးငယ္တဲ့ ေက်ာရိုးမဲ့သတၱဝါေတြ၊ အျခားေရေနသတၱဝါေတြရဲ့ မ်ိဳးဥ၊ သားေလာင္းေတြေပါ့။၎သက္ရွိေတြဟာ အျခားတစ္နိုင္ငံရဲ့ ေရပိုင္နက္ထဲ ေရာက္တဲ့အခါ ေဒသမ်ိဳးရင္း သက္ရွိေတြကို ဒုကၡေပးတယ္။ ၎ေဒသရဲ့ ေဂဟစနစ္ကို ပ်က္စီးေစတယ္ဒီျပႆနာကို ေျဖရွင္းဖို႔ သေဘၤာေတြဟာ ပင္လယ္ထဲေရာက္ရင္ ေရကို အလဲအလွယ္ လုပ္ရတယ္။တဖက္ဆိပ္ကမ္းက သယ္ေဆာင္လာတဲ့ ေရခ်ိဳေတြကို စြန္႔ထုတ္ၿပီး ပင္လယ္ေရနဲ႔ အစားထိုးတယ္။ အဲဒီမွာ ေရခ်ိဳေန သက္ရွိမ်ိဳးစိတ္ေတြဟာ ေရငန္နဲ႔ေတြ႕ၿပီး ေသတယ္။ဒီလိုပဲ လဲလွယ္ထားတဲ့ ပင္လယ္ေရကို ေနာက္ဆိပ္ကမ္းေရာက္ေတာ့ ​ျပန္ထုတ္တယ္။

ေရငန္ေန မ်ိဳးစိတ္ေတြက ေရခ်ိဳနဲ႔ေတြ႕ရင္ ေသတယ္။ ဒါေၾကာင့္ က်ဴးေက်ာ္မ်ိဳးစိတ္ဆိုတာ ျဖစ္မလာေတာ့ဘူး။အကုန္အက်ခံနိုင္တဲ့ သေဘၤာပိုင္ရွင္ေတြက ballast water treatment plant တပ္ၾကတယ္(ေနာက္ပိုင္း ဥပေဒအရ သေဘၤာတိုင္း မျဖစ္မေန တပ္ရေတာ့မယ္)။ နည္းပညာသုံးၿပီး သေဘၤာဝမ္းဗိုက္ထဲက အေကာင္ေတြ သတ္တာေပါ့။UV rays ျဖတ္တာ၊ ultrasonic ျဖတ္တာ၊ ေအာက္စီဂ်င္ ဖယ္ထုတ္တာ၊ ဓာတုပိုးသတ္ေဆးရည္သုံးတာ စသျဖင့္ေပါ့။ဘာနည္းလမ္းပဲသုံးသုံး ေရထဲက အေကာင္ေတြ ေသရင္ရၿပီ။ ဒါဆို ပင္လယ္ထဲ ေရလဲလွယ္စရာ မလိုေတာ့ပဲ သေဘၤာအရာရွိေတြ အလုပ္ရွုပ္သက္သာသြားလိမ့္မယ္။သေဘၤာဝမ္းဗိုက္ထဲက အဏုဇီဝသက္ရွိေတြအျပင္ မရည္ရြယ္ပဲ ေရာက္လာတဲ့ က်ဴးေက်ာ္မ်ိဳးစိတ္ေတြလဲ ရွိေသးတယ္။သူတို႔ဟာ သေဘၤာနဲ႔ ေလယာဥ္ေတြရဲ့ ကုန္ပစၥည္းေတြမွာ ခိုကပ္လိုက္ပါလာတဲ့ ႂကြက္ေတြ၊ ေႁမြေတြေပါ့။

အေကာင္ေတြေၾကာင့္ ေဒသရင္း မ်ိဳးစိတ္ေတြ မ်ိဳးတုန္းကုန္တဲ့အထိ ျဖစ္ရပ္ဆိုးေတြ ရွိခဲ့ဖူးတယ္။က်ဴးေက်ာ္မ်ိဳးစိတ္ဆိုတာ ေခါင္းနဲ႔ ပန္းလိုပဲ။ အေျခအေန ႏွစ္မ်ိဳးပဲရွိတယ္။တမ်ိဳးက မူလေနထိုင္ရာ အရပ္ေဒသမွ အျခားတစ္ေနရာကို ေရာက္ရွိသြားတဲ့ မ်ိဳးစိတ္သစ္ဟာ ရွင္သန္နိုင္စြမ္း မရွိဘူး။ဒါမွမဟုတ္ ဆက္လက္မ်ိဳးပြားဖို႔ရာ မစြမ္းသာဘူး။ ေျပာင္းလဲသြားတဲ့ ရာသီဥတုဟာ သူ႔ခႏၶာကိုယ္နဲ႔ မကိုက္ညီဘူးလုံေလာက္တဲ့ အစာေရစာ ရွာမရဘူး။ ေဒသရင္း သက္ရွိတစ္ေကာင္ေကာင္ရဲ့ ဖမ္းယူစားေသာက္ျခင္းကို ခံရမယ္။ဒါေၾကာင့္ ေနရာသစ္ကို ေရာက္ရွိလာတဲ့ သက္ရွိအမ်ားစုဟာ ရွင္သန္နိုင္စြမ္းမရွိတာ ေတြ႕ရတယ္။ေနာက္အ​​ေျခအေနတမ်ိဳးက ေနရာသစ္ကို ေျခခ်လာတဲ့ သက္ရွိမ်ိဳးစိတ္ဟာ ပတ္ဝန္းက်င္သစ္ရဲ့ အားသာခ်က္ေတြေၾကာင့္ ရွင္သန္နိုင္စြမ္း ျမင့္မားလာတယ္။

မူလေနထိုင္ရာ အရပ္ေဒသထက္ အေကာင္ေရ တိုးပြားႏူန္း ဆတိုးျဖစ္လာတယ္။ဒီလိုေခါင္းနဲ႔ပန္း အေျခအေန ႏွစ္မ်ိဳးမွာ ဒုတိယတမ်ိဳးက ျဖစ္နိုင္ေခ် ၅~၁၅ ရာခိုင္ႏူန္းသာရွိတယ္။ရာခိုင္ႏူန္း နည္းေပမယ့္ ျဖစ္လာၿပီဆိုရင္လဲ ထိန္းခ်ဳပ္ရ အလြန္ခက္ခဲတယ္။က်ဴးေက်ာ္မ်ိဳးစိတ္ေတြဟာ ဘာေၾကာင့္ အဆမတန္ တိုးပြားလြယ္သလဲဆိုတာကို ေလ့လာစမ္းစစ္ၾကတယအဲဒီမွာ ျဖစ္နိုင္ေခ်တခုက ၿပိဳင္ဘက္နဲ႔ သားရဲေတြရန္က လြတ္ေျမာက္လာတာေၾကာင့္လို႔ ဆိုတယ္။ နယ္ေျမအသစ္၊ ကုန္းေျမတိုက္ႀကီးအသစ္ကို ေရာက္တဲ့အခါ အစာလုဖက္ မရွိ၊ ရန္သူသားရဲေတြလဲ မရွိတာေၾကာင့္ လြတ္လြတ္လပ္လပ္ ရွင္သန္ခြင့္ရသြားတယ္။၁၉၄၀ ခုႏွစ္ဝန္းက်င္က ပါပူးဝါး နယူးဂီနီနဲ႔ ၾသစေၾတးလ်ေျမာက္ပိုင္းမွာ ေနထိုင္က်က္စားတဲ့ အညိဳေရာင္ သစ္ပင္တက္ေႁမြ (brown tree snake) တမ်ိဳးဟာ ဂူအမ္ကၽြန္းကို ေရာက္ရွိလာခဲ့တယ္။

စစ္ဘက္သုံး ကုန္ပစၥည္းေတြနဲ႔ ခိုကပ္လိုက္ပါလာဟန္ရွိတယ္။ထိုအခ်ိန္က ဂူအမ္ကၽြန္းေပၚမွာ ေႁမြဆိုလို႔ တီေကာင္သာသာ မ်က္ကန္းေႁမြမ်ိဳးစိတ္ တမ်ိဳးသာရွိတယ္။ဒါေၾကာင့္ ကၽြန္းေပၚက သတၱဝါေတြဟာ အသစ္ေရာက္ရွိလာတဲ့ ေႁမြအတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္း မရွိခဲ့ဘူး။အစာၾကဴးတဲ့ အညိဳေရာင္ သစ္ပင္တက္ေႁမြဟာ ေဒသရင္း ငွက္ေတြကို အလြန္အကၽြံ ဖမ္းစားတယ္။အက်ိဳးဆက္အေနနဲ႔ ၁၉၈၄ ခုႏွစ္ေနာက္ပိုင္း guam flycatcher ငွက္ကို မ​ျမင္ရ​ေတာ့ဘူး။guam railဆိုတဲ့ မပ်ံသန္းနိုင္တဲ့ ငွက္တမ်ိဳးကေတာ့ ယခုအခါ မ်ိဳးစိတ္ေပ်ာက္မသြားေအာင္ ေလွာင္အိမ္နဲ႔ ဂ႐ုတစိုက္ ေမြးျမဴေနရၿပီ။

ေနာက္ၿပီး mariana fruit-doveဆိုတဲ့ ခိုမ်ိဳးစိတ္ဟာ ဂူအမ္မွာ မ်ိဳးတုန္းသြားခဲ့ၿပီ။၎ေႁမြ ေရာက္မလာခင္က ဂူအမ္မွာ နို႔တိုက္သတၱဝါမ်ိဳးစိတ္ (၃)မ်ိဳး ရွိခဲ့တယ္။ အားလုံး လင္းနို႔ေတြေပါ့။သူတို႔ထဲက marianas flying foxဆိုတဲ့ လင္းနို႔မ်ိဳးစိတ္တမ်ိဳးသာ ယေန႔ ေတြ႕ရေတာ့တယ္။သူလဲ မ်ိဳးတုန္းခါနီး အေျခအေနနဲ႔ ရင္ဆိုင္ေနရၿအညိဳေရာင္ သစ္ပင္တက္ေႁမြေတြဟာ ဘယ္ေလာက္ေတာင္ တိုးပြားလာသလဲဆိုရင္ တစ္ဧကကို ပ်မ္းမၽွအေကာင္ (၄၀)ခန္႔ ရွိမယ္လို႔ ခန္႔မွန္းတယ္။တကယ္ေတာ့ ဒီေႁမြဟာ မူလအရပ္ေဒသမွာ ဒီေလာက္ဆိုးသြမ္းေနတာ မဟုတ္ဘူး။ေနရာသစ္၊ အခြင့္အလမ္းသစ္ေၾကာင့္ ဆတက္ထမ္းပိုး တိုးပြားလာျခင္းျဖစ္တယ္။

စုပ္ခြက္ငါးေတြဟာ ခႏၶာကိုယ္ အေရျပား အလြန္ထူၿပီး အၾကမ္းခံနိုင္တယ္။ခႏၶာကိုယ္ ဆူးေတာင္ေတြကို ျဖန္႔ကားလိုက္ရင္ ေတာ္႐ုံသတၱဝါက မ်ိဳခ်လို႔ မရနိုင္ဘူး။
သို႔ေသာ္ မူလအရပ္ျဖစ္တဲ့ ေတာင္အေမရိက ျမစ္ေခ်ာင္းေတြမွာ သူတို႔ကို ဖမ္းဆီးစားေသာက္မယ့္ သတၱဝါေတြရွိတယ္။ငဟစ္ငွက္၊ ဖ်ံ၊ လိပ္၊ မိေက်ာင္းနဲ႔ ဧရာမ ငါးခူႀကီးေတြေပါ့။သို႔ေသာ္ က်ေနာ္တို႔ဆီက ျမစ္ေခ်ာင္း၊ အင္းအိုင္ေတြမွာ စုပ္ခြက္ငါးကို အျပန္အလွန္ ထိန္းေက်ာင္းနိုင္မယ့္ ေဂဟစနစ္ မရွိဘူး။သူတို႔ကို ဖမ္းစားမယ့္ ေလာက္ေလာက္လားလား သတၱဝါႀကီးေတြ မရွိတာေပါ့။စုပ္ခြက္ငါးေတြဟာ ေရညႇိအျပင္ အင္းဆက္သားေလာင္းေတြ၊ ေရေနသတၱဝါငယ္ေလးေတြကိုပါ ဖမ္းစားတယ္။ဒီသတၱဝါေလးငယ္ေလးေတြဟာ အျခားကုန္းေနေရေန သတၱဝါ၊ ခ႐ု၊ ကဏန္းပုဇြန္နဲ႔ ငါးေတြအတြက္ အစာအရင္းအျမစ္ေတြပဲ။

ဒါေတြကို သူတို႔ခ်ည္း စားျပစ္လိုက္ေတာ့ က်န္တဲ့အေကာင္ေတြ ငတ္ေသကုန္တာေပါ့။၁၈ဝ၀ ခုႏွစ္ဝန္းက်င္က အေမရိကမွာ အေမရိကန္ သစ္အယ္ပင္ေတြ အေျမာက္အမ်ား ရွိခဲ့တယ္။ေနာက္ေတာ့ ဂ်ပန္မွ ယူေဆာင္လာတဲ့ အာရွမ်ိဳးရင္း သစ္အယ္ပင္ေတြကို အေမရိကေျမမွာ စိုက္ပ်ိဳးတယ္။အဲဒီေနာက္ပိုင္း အေမရိကန္ သစ္အယ္ပင္ေတြ တျဖဳတ္ျဖဳတ္ ေသဆုံးကုန္ၾကတယ္။၁၉၅၀ ခုႏွစ္ေရာက္ေတာ့ ေဒသမ်ိဳး အေမရိကန္ သစ္အယ္ပင္ တစ္ပင္တေလေတာင္ မက်န္ခဲ့ဘူး။တခ်ိန္က (၄)ဘီလ်ံေလာက္ ေပါေပါမ်ားမ်ားရွိခဲ့တဲ့ အပင္ေတြအားလုံးဟာ ေသဆုံးသြားၿပီ။ပိုဆိုးတာက အေမရိကန္ သစ္အယ္ပင္ေတြကို မွီခိုေနတဲ့ ပိုးဖလံမ်ိဳးစိတ္ေပါင္းမ်ားစြာ တပါတည္း ေပ်ာက္ကြယ္သြားတယ္။

ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ဂ်ပန္သစ္အယ္ပင္မွာ ကပ္ပါလာတဲ့ Cryphonectria parasiticaဆိုတဲ့ မွိုတမ်ိဳးေၾကာင့္ပဲ။၎မွိုကို အာရွ သစ္အယ္ပင္ေတြက ခံနိုင္ရည္ရွိေပမယ့္ တႀကိမ္တခါမွ ေတြ႕ဆုံဖူးျခင္းမရွိတဲ့ အေမရိကန္ သစ္အယ္ပင္ေတြအတြက္ေတာ့ က်ဴးေက်ာ္မ်ိဳးစိတ္ မွိုကို တြန္းလွန္နိုင္စြမ္း မရွိခဲ့ဘူး။ဒါေၾကာင့္လဲ နိုင္ငံအစိုးရေတြက အလွေမြး တိရစၧာန္ေတြ၊ အပင္ေတြကို နယ္စပ္ျဖတ္ေက်ာ္ခြင့္ မေပးဘူး။ေမြးျမဴထားတဲ့ အိမ္ေမြးတိရစၧာန္ေတြကိုလဲ ေတာထဲျပန္မလႊတ္ရဘူး။က်ဴးေက်ာ္မ်ိဳးစိတ္ အႏၲရာယ္ဟာ ေဂဟစနစ္ကို ကေမာက္ကမ ျဖစ္ေစနိုင္တယ္။ဒါေၾကာင့္ က်ဴးေက်ာ္မ်ိဳးစိတ္ဟာ အလြန္ဆိုးဝါးတာပဲလို႔ ခင္ဗ်ားေတြးေနေလာက္ၿပီ။တကယ္ေတာ့ က်ေနာ္တို႔ လူေတြဟာ က်ဴးေက်ာ္မ်ိဳးစိတ္ေတြပါပဲ။

လူေတြ စတင္ေျခခ်လာခ်ိန္မွာ အေမရိတိုက္ရွိ ဧရာမ တိရစၧာန္ႀကီးေတြ မ်ိဳးတုန္းကုန္တယ္။ၾသစေၾတးလ်၊ နယူးဇီလန္နဲ႔ ပစိတ္ဖိတ္ကၽြန္းေတြေပၚက မပ်ံသန္းနိုင္တဲ့ ငွက္ႀကီးေတြ ေပ်ာက္ကြယ္သြားတယ္။လူေတြပဲလားဆိုေတာ့ မဟုတ္ေသးဘူး။သူတို႔ရဲ့ အခ်စ္ေတာ္ ေခြးေလး၊ ေၾကာင္​ေလးေတြ။ သူတို႔ရဲ့ အာဟာရ ၾကက္၊ ဝက္၊ ဆိတ္၊ ႏြားေတြ။သူတို႔ကို အမွီျပဳၿပီး ခိုကပ္စားေသာက္ေနတဲ့ ႂကြက္၊ စာကေလးနဲ႔ ခိုေတြ။ ဒါေတြအားလုံးဟာ က်ဴးေက်ာ္မ်ိဳးစိတ္ေတြပါပဲ။

မူရင္းေရးသားသူ ဆရာ Khant Soe Naing အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။
မၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။

unicode

Why invasive species?သက်ရှိမျိုးစိတ် အများစုဟာ လူတွေရဲ့ အကူအညီမပါပဲ ပင်လယ်တွေ၊ နယ်စပ်မျဉ်းတွေ ဖြတ်ကျော်ပြီး ခရီးဝေးဝေး မရောက်နိုင်ဘူး။အဲလိုရောက်ရှိသွားပြီဆိုရင်တော့ ကျူးကျော်မျိုးစိတ် (invasive species)လို့ သတ်မှတ်နိုင်ပြီ။ကျူးကျော်မျိုးစိတ်ဆိုတာ တိရစ္ဆာန်တမျိုးထဲကို ဆိုလိုတာ မဟုတ်ဘူး။ အပင်လဲ ဖြစ်နိုင်သလို မှိုတွေ၊ ဘက်တီးရီးယားတွေလဲ ဖြစ်နိုင်တယ်။ကျူးကျော်မျိုးစိတ်မှာ လူတွေက တမင်တကာ ခေါ်ဆောင်လာတဲ့ အလှမွေးငါး၊ တွားသွားသတ္တဝါနဲ့ အပင်တွေ ရှိသလို မရည်ရွယ်ပဲ ရောက်လာတဲ့ မျိုးစိတ်တွေလဲ ရှိတယ်။သင်္ဘောတွေဟာ ပင်လယ်ထဲ ဟန်ချက်ညီညီ ခုတ်မောင်းနိုင်ဖို့ ဝမ်းဗိုက်ထဲ ရေလှောင်ကန်ကြီးတွေ သယ်ဆောင်ထားရတယ်။

အဲဒီရေလှောင်ကန်ကြီးတွေထဲက ရေဟာ အသေ မဟုတ်ဘူး။ ကုန်ပစ္စည်း အလေးချိန်ပေါ် မူတည်ပြီး အပြောင်းအလဲရှိတယ်။ကုန်ပစ္စည်းများများ တင်ဆောင်ထားရင် ရေနည်းနည်းသာ ဖြည့်ဖို့လိုပြီး ကုန်ပစ္စည်းမပါ ခါလီသွားရတဲ့အခါမျိုးမှာ ရေအပြည့်နီးပါး ဖြည့်ထားဖို့လိုတယ်။ဒါမှသာ လိုအပ်တဲ့ ဟန်ချက်ညီမှုကို ရရှိနိုင်တယ်။ဆိပ်ကမ်းမှာ ကုန်ချပြီးနောက် သင်္ဘောဟာ အလေးချိန် လျော့သွားပြီး ရေပေါ်ပေါ်လာတယ်ဒီတော့ လိုအပ်တဲ့ ဟန်ချက်အနေအထားရောက်ဖို့ ဝမ်းဗိုက်ထဲ ရေတွေ အစားပြန်ဖြည့်ရတယ်။အဲဒီနောက် ပင်လယ်ကိုဖြတ်ပြီး နောက်ဆိပ်ကမ်းတစ်ခုဆီ သွားတယ်။ နောက်ရောက်တဲ့ ဆိပ်ကမ်းမှာ ကုန်ပြန်တင်မှာမို့ ဝမ်းဗိုက်ထဲက ရေကို ပြန်ထုတ်ရပြန်တယ်။အဲဒီမှာ ပြဿနာ စတာပဲ။ ဟိုဘက်ဆိပ်ကမ်းက သယ်လာတဲ့ရေကို ဒီဘက်ဆိပ်ကမ်းမှာ ပြန်ထုတ်လို့ မရဘူး။

ထုတ်တော့ ဘာဖြစ်လဲ။ ထုတ်ရင် အဖမ်းခံရမယ်။ ရေလေးထုတ်တာ ဖမ်းစရာလား။သင်္ဘောဝမ်းဗိုက်ထဲက ရေမှာ ထောင်ပေါင်းများစွာသော သက်ရှိမျိုးစိတ်တွေ ပါလာတယ်။ဘက်တီးရီးယားတွေ၊ သေးငယ်တဲ့ ကျောရိုးမဲ့သတ္တဝါတွေ၊ အခြားရေနေသတ္တဝါတွေရဲ့ မျိုးဥ၊ သားလောင်းတွေပေါ့။၎င်းသက်ရှိတွေဟာ အခြားတစ်နိုင်ငံရဲ့ ရေပိုင်နက်ထဲ ရောက်တဲ့အခါ ဒေသမျိုးရင်း သက်ရှိတွေကို ဒုက္ခပေးတယ်။ ၎င်းဒေသရဲ့ ဂေဟစနစ်ကို ပျက်စီးစေတယ်ဒီပြဿနာကို ဖြေရှင်းဖို့ သင်္ဘောတွေဟာ ပင်လယ်ထဲရောက်ရင် ရေကို အလဲအလှယ် လုပ်ရတယ်။တဖက်ဆိပ်ကမ်းက သယ်ဆောင်လာတဲ့ ရေချိုတွေကို စွန့်ထုတ်ပြီး ပင်လယ်ရေနဲ့ အစားထိုးတယ်။ အဲဒီမှာ ရေချိုနေ သက်ရှိမျိုးစိတ်တွေဟာ ရေငန်နဲ့တွေ့ပြီး သေတယ်။ဒီလိုပဲ လဲလှယ်ထားတဲ့ ပင်လယ်ရေကို နောက်ဆိပ်ကမ်းရောက်တော့ ပြန်ထုတ်တယ်။

ရေငန်နေ မျိုးစိတ်တွေက ရေချိုနဲ့တွေ့ရင် သေတယ်။ ဒါကြောင့် ကျူးကျော်မျိုးစိတ်ဆိုတာ ဖြစ်မလာတော့ဘူး။အကုန်အကျခံနိုင်တဲ့ သင်္ဘောပိုင်ရှင်တွေက ballast water treatment plant တပ်ကြတယ်(နောက်ပိုင်း ဥပဒေအရ သင်္ဘောတိုင်း မဖြစ်မနေ တပ်ရတော့မယ်)။ နည်းပညာသုံးပြီး သင်္ဘောဝမ်းဗိုက်ထဲက အကောင်တွေ သတ်တာပေါ့။UV rays ဖြတ်တာ၊ ultrasonic ဖြတ်တာ၊ အောက်စီဂျင် ဖယ်ထုတ်တာ၊ ဓာတုပိုးသတ်ဆေးရည်သုံးတာ စသဖြင့်ပေါ့။ဘာနည်းလမ်းပဲသုံးသုံး ရေထဲက အကောင်တွေ သေရင်ရပြီ။ ဒါဆို ပင်လယ်ထဲ ရေလဲလှယ်စရာ မလိုတော့ပဲ သင်္ဘောအရာရှိတွေ အလုပ်ရှုပ်သက်သာသွားလိမ့်မယ်။သင်္ဘောဝမ်းဗိုက်ထဲက အဏုဇီဝသက်ရှိတွေအပြင် မရည်ရွယ်ပဲ ရောက်လာတဲ့ ကျူးကျော်မျိုးစိတ်တွေလဲ ရှိသေးတယ်။သူတို့ဟာ သင်္ဘောနဲ့ လေယာဉ်တွေရဲ့ ကုန်ပစ္စည်းတွေမှာ ခိုကပ်လိုက်ပါလာတဲ့ ကြွက်တွေ၊ မြွေတွေပေါ့။

အကောင်တွေကြောင့် ဒေသရင်း မျိုးစိတ်တွေ မျိုးတုန်းကုန်တဲ့အထိ ဖြစ်ရပ်ဆိုးတွေ ရှိခဲ့ဖူးတယ်။ကျူးကျော်မျိုးစိတ်ဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ။ အခြေအနေ နှစ်မျိုးပဲရှိတယ်။တမျိုးက မူလနေထိုင်ရာ အရပ်ဒေသမှ အခြားတစ်နေရာကို ရောက်ရှိသွားတဲ့ မျိုးစိတ်သစ်ဟာ ရှင်သန်နိုင်စွမ်း မရှိဘူး။ဒါမှမဟုတ် ဆက်လက်မျိုးပွားဖို့ရာ မစွမ်းသာဘူး။ ပြောင်းလဲသွားတဲ့ ရာသီဥတုဟာ သူ့ခန္ဓာကိုယ်နဲ့ မကိုက်ညီဘူးလုံလောက်တဲ့ အစာရေစာ ရှာမရဘူး။ ဒေသရင်း သက်ရှိတစ်ကောင်ကောင်ရဲ့ ဖမ်းယူစားသောက်ခြင်းကို ခံရမယ်။ဒါကြောင့် နေရာသစ်ကို ရောက်ရှိလာတဲ့ သက်ရှိအများစုဟာ ရှင်သန်နိုင်စွမ်းမရှိတာ တွေ့ရတယ်။နောက်အခြေအနေတမျိုးက နေရာသစ်ကို ခြေချလာတဲ့ သက်ရှိမျိုးစိတ်ဟာ ပတ်ဝန်းကျင်သစ်ရဲ့ အားသာချက်တွေကြောင့် ရှင်သန်နိုင်စွမ်း မြင့်မားလာတယ်။

မူလနေထိုင်ရာ အရပ်ဒေသထက် အကောင်ရေ တိုးပွားနူန်း ဆတိုးဖြစ်လာတယ်။ဒီလိုခေါင်းနဲ့ပန်း အခြေအနေ နှစ်မျိုးမှာ ဒုတိယတမျိုးက ဖြစ်နိုင်ချေ ၅~၁၅ ရာခိုင်နူန်းသာရှိတယ်။ရာခိုင်နူန်း နည်းပေမယ့် ဖြစ်လာပြီဆိုရင်လဲ ထိန်းချုပ်ရ အလွန်ခက်ခဲတယ်။ကျူးကျော်မျိုးစိတ်တွေဟာ ဘာကြောင့် အဆမတန် တိုးပွားလွယ်သလဲဆိုတာကို လေ့လာစမ်းစစ်ကြတယအဲဒီမှာ ဖြစ်နိုင်ချေတခုက ပြိုင်ဘက်နဲ့ သားရဲတွေရန်က လွတ်မြောက်လာတာကြောင့်လို့ ဆိုတယ်။ နယ်မြေအသစ်၊ ကုန်းမြေတိုက်ကြီးအသစ်ကို ရောက်တဲ့အခါ အစာလုဖက် မရှိ၊ ရန်သူသားရဲတွေလဲ မရှိတာကြောင့် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရသွားတယ်။၁၉၄၀ ခုနှစ်ဝန်းကျင်က ပါပူးဝါး နယူးဂီနီနဲ့ သြစတြေးလျမြောက်ပိုင်းမှာ နေထိုင်ကျက်စားတဲ့ အညိုရောင် သစ်ပင်တက်မြွေ (brown tree snake) တမျိုးဟာ ဂူအမ်ကျွန်းကို ရောက်ရှိလာခဲ့တယ်။

စစ်ဘက်သုံး ကုန်ပစ္စည်းတွေနဲ့ ခိုကပ်လိုက်ပါလာဟန်ရှိတယ်။ထိုအချိန်က ဂူအမ်ကျွန်းပေါ်မှာ မြွေဆိုလို့ တီကောင်သာသာ မျက်ကန်းမြွေမျိုးစိတ် တမျိုးသာရှိတယ်။ဒါကြောင့် ကျွန်းပေါ်က သတ္တဝါတွေဟာ အသစ်ရောက်ရှိလာတဲ့ မြွေအတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ဘူး။အစာကြူးတဲ့ အညိုရောင် သစ်ပင်တက်မြွေဟာ ဒေသရင်း ငှက်တွေကို အလွန်အကျွံ ဖမ်းစားတယ်။အကျိုးဆက်အနေနဲ့ ၁၉၈၄ ခုနှစ်နောက်ပိုင်း guam flycatcher ငှက်ကို မမြင်ရတော့ဘူး။guam railဆိုတဲ့ မပျံသန်းနိုင်တဲ့ ငှက်တမျိုးကတော့ ယခုအခါ မျိုးစိတ်ပျောက်မသွားအောင် လှောင်အိမ်နဲ့ ဂရုတစိုက် မွေးမြူနေရပြီ။

နောက်ပြီး mariana fruit-doveဆိုတဲ့ ခိုမျိုးစိတ်ဟာ ဂူအမ်မှာ မျိုးတုန်းသွားခဲ့ပြီ။၎င်းမြွေ ရောက်မလာခင်က ဂူအမ်မှာ နို့တိုက်သတ္တဝါမျိုးစိတ် (၃)မျိုး ရှိခဲ့တယ်။ အားလုံး လင်းနို့တွေပေါ့။သူတို့ထဲက marianas flying foxဆိုတဲ့ လင်းနို့မျိုးစိတ်တမျိုးသာ ယနေ့ တွေ့ရတော့တယ်။သူလဲ မျိုးတုန်းခါနီး အခြေအနေနဲ့ ရင်ဆိုင်နေရအြညိုရောင် သစ်ပင်တက်မြွေတွေဟာ ဘယ်လောက်တောင် တိုးပွားလာသလဲဆိုရင် တစ်ဧကကို ပျမ်းမျှအကောင် (၄၀)ခန့် ရှိမယ်လို့ ခန့်မှန်းတယ်။တကယ်တော့ ဒီမြွေဟာ မူလအရပ်ဒေသမှာ ဒီလောက်ဆိုးသွမ်းနေတာ မဟုတ်ဘူး။နေရာသစ်၊ အခွင့်အလမ်းသစ်ကြောင့် ဆတက်ထမ်းပိုး တိုးပွားလာခြင်းဖြစ်တယ်။

စုပ်ခွက်ငါးတွေဟာ ခန္ဓာကိုယ် အရေပြား အလွန်ထူပြီး အကြမ်းခံနိုင်တယ်။ခန္ဓာကိုယ် ဆူးတောင်တွေကို ဖြန့်ကားလိုက်ရင် တော်ရုံသတ္တဝါက မျိုချလို့ မရနိုင်ဘူး။
သို့သော် မူလအရပ်ဖြစ်တဲ့ တောင်အမေရိက မြစ်ချောင်းတွေမှာ သူတို့ကို ဖမ်းဆီးစားသောက်မယ့် သတ္တဝါတွေရှိတယ်။ငဟစ်ငှက်၊ ဖျံ၊ လိပ်၊ မိကျောင်းနဲ့ ဧရာမ ငါးခူကြီးတွေပေါ့။သို့သော် ကျနော်တို့ဆီက မြစ်ချောင်း၊ အင်းအိုင်တွေမှာ စုပ်ခွက်ငါးကို အပြန်အလှန် ထိန်းကျောင်းနိုင်မယ့် ဂေဟစနစ် မရှိဘူး။သူတို့ကို ဖမ်းစားမယ့် လောက်လောက်လားလား သတ္တဝါကြီးတွေ မရှိတာပေါ့။စုပ်ခွက်ငါးတွေဟာ ရေညှိအပြင် အင်းဆက်သားလောင်းတွေ၊ ရေနေသတ္တဝါငယ်လေးတွေကိုပါ ဖမ်းစားတယ်။ဒီသတ္တဝါလေးငယ်လေးတွေဟာ အခြားကုန်းနေရေနေ သတ္တဝါ၊ ခရု၊ ကဏန်းပုဇွန်နဲ့ ငါးတွေအတွက် အစာအရင်းအမြစ်တွေပဲ။

ဒါတွေကို သူတို့ချည်း စားပြစ်လိုက်တော့ ကျန်တဲ့အကောင်တွေ ငတ်သေကုန်တာပေါ့။၁၈ဝ၀ ခုနှစ်ဝန်းကျင်က အမေရိကမှာ အမေရိကန် သစ်အယ်ပင်တွေ အမြောက်အများ ရှိခဲ့တယ်။နောက်တော့ ဂျပန်မှ ယူဆောင်လာတဲ့ အာရှမျိုးရင်း သစ်အယ်ပင်တွေကို အမေရိကမြေမှာ စိုက်ပျိုးတယ်။အဲဒီနောက်ပိုင်း အမေရိကန် သစ်အယ်ပင်တွေ တဖြုတ်ဖြုတ် သေဆုံးကုန်ကြတယ်။၁၉၅၀ ခုနှစ်ရောက်တော့ ဒေသမျိုး အမေရိကန် သစ်အယ်ပင် တစ်ပင်တလေတောင် မကျန်ခဲ့ဘူး။တချိန်က (၄)ဘီလျံလောက် ပေါပေါများများရှိခဲ့တဲ့ အပင်တွေအားလုံးဟာ သေဆုံးသွားပြီ။ပိုဆိုးတာက အမေရိကန် သစ်အယ်ပင်တွေကို မှီခိုနေတဲ့ ပိုးဖလံမျိုးစိတ်ပေါင်းများစွာ တပါတည်း ပျောက်ကွယ်သွားတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ဂျပန်သစ်အယ်ပင်မှာ ကပ်ပါလာတဲ့ Cryphonectria parasiticaဆိုတဲ့ မှိုတမျိုးကြောင့်ပဲ။၎င်းမှိုကို အာရှ သစ်အယ်ပင်တွေက ခံနိုင်ရည်ရှိပေမယ့် တကြိမ်တခါမှ တွေ့ဆုံဖူးခြင်းမရှိတဲ့ အမေရိကန် သစ်အယ်ပင်တွေအတွက်တော့ ကျူးကျော်မျိုးစိတ် မှိုကို တွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး။ဒါကြောင့်လဲ နိုင်ငံအစိုးရတွေက အလှမွေး တိရစ္ဆာန်တွေ၊ အပင်တွေကို နယ်စပ်ဖြတ်ကျော်ခွင့် မပေးဘူး။မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလဲ တောထဲပြန်မလွှတ်ရဘူး။ကျူးကျော်မျိုးစိတ် အန္တရာယ်ဟာ ဂေဟစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်တယ်။ဒါကြောင့် ကျူးကျော်မျိုးစိတ်ဟာ အလွန်ဆိုးဝါးတာပဲလို့ ခင်ဗျားတွေးနေလောက်ပြီ။တကယ်တော့ ကျနော်တို့ လူတွေဟာ ကျူးကျော်မျိုးစိတ်တွေပါပဲ။

လူတွေ စတင်ခြေချလာချိန်မှာ အမေရိတိုက်ရှိ ဧရာမ တိရစ္ဆာန်ကြီးတွေ မျိုးတုန်းကုန်တယ်။သြစတြေးလျ၊ နယူးဇီလန်နဲ့ ပစိတ်ဖိတ်ကျွန်းတွေပေါ်က မပျံသန်းနိုင်တဲ့ ငှက်ကြီးတွေ ပျောက်ကွယ်သွားတယ်။လူတွေပဲလားဆိုတော့ မဟုတ်သေးဘူး။သူတို့ရဲ့ အချစ်တော် ခွေးလေး၊ ကြောင်လေးတွေ။ သူတို့ရဲ့ အာဟာရ ကြက်၊ ဝက်၊ ဆိတ်၊ နွားတွေ။သူတို့ကို အမှီပြုပြီး ခိုကပ်စားသောက်နေတဲ့ ကြွက်၊ စာကလေးနဲ့ ခိုတွေ။ ဒါတွေအားလုံးဟာ ကျူးကျော်မျိုးစိတ်တွေပါပဲ။

မူရင်းရေးသားသူ ဆရာ Khant Soe Naing အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။
မျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *