Oxford ကိုဗစ္ ကာကြယ္ေဆးကို အိႏၵိယႏိုင္ငံမွာ ခြင့္ျပဳမိန႔္ေပးလိုက္ၿပီ (ျမန္မာအတြက္ နီးလာပါၿပီ)

အိန္ဒိယနိုင်ငံမှာ Central Drugs Standard Control Organization (CDSCO) ဆိုတာရှိပါတယ်။ ဗဟိုဆေးပစ္စည်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့အစည်းပါ။ အဲ့ဒီအဖွဲ့အစည်းကနေပြီး ခွင့်ပြုချက်ပေးခဲ့တာပါကမ္ဘာ့လူဦးရေဒုတိယအထူထပ်ဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေးကိုအမြန်ထိုးပေးချင်နေပါပြီ။ ကိုဗစ်ကာကွယ်ဆေးကို မြန်မြန်ထိုးပေးကာ မြန်မြန်ကာကွယ်နိုင်လေ ရောဂါကပ်ဆိုးကြီးကနေ မြန်မြန်ရုန်းထွက်နိုင်ကာ မြန်မြန်စီးပွားရေးနလံထူနိုင်လေ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာ ယူကေနဲ့ အာဂျင်တီးနားပြီးရင် Oxford ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နောက်အပတ်ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၆ ရက်နေ့ကစတင်ပြီး ကာကွယ်ဆေးထိုးပေးမယ်လို့ သတင်းထွက်နေပါတယ်။ လောလောဆယ် အဲ့ဒီကာကွယ်ဆေးကို အိန္ဒိယရဲ့ Serum Institue က ထုတ်လုပ်ပေးနေပါတယ်။

Serum Institue of India ရဲ့လက်ထဲမှာ လောလောဆယ် stock အနေနဲ့ doses သန်း ၅၀ စာရှိပါတယ်။ Serum Institue of India ဟာ အိန္ဒိယပြည်တွင်းအတွက် အရင်ဦးစားပေးထုတ်လုပ်မှာဖြစ်ပါတယ်။ဒုတိယဦးစားပေးကတော့ တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေဖြစ်ပါတယ်။ ကျနော်တို့ဟာ အိန္ဒိယနဲ့အိမ်နီးချင်းဖြစ်တာကြောင့် ဦးစားပေးခံရမှာသေချာပါတယ်ယူကေနိုင်ငံမှာတော့ AstraZeneca ဟာ နောက်အပတ်ကစပြီး ၁ ပတ်ကို doses ၂ သန်းနှုန်းနဲ့ ယူကေမှာ အင်တိုက်အားတိုက်ဖြန့်ဖြူးပေးမယ်လို့ဆိုပါတယ်။ ယူကေအစိုးရဟာ ကူးစက်မှုမြင့်တဲ့ ဗီဇကွဲအသစ်ကြောင့်စိုးရိမ်နေပြီး ကာကွယ်ဆေးကိုမြန်မြန်ထိုးပေးဖို့လုပ်နေတာဖြစ်ပါတယ်။

သူတို့ဆီမှာကျယ်ကျယ်ပြန့်ပြန့်ထိုးဖြစ်လေ ကျနော်တို့အတွက်ကောင်းလေပါ။ ကိုယ့်အလှည့်မရောက်ခင် ကာကွယ်ဆေးကိုကျယ်ကျယ်ပြန့်ပြန့်လေ့လာစမ်းသပ်ပြီးသားဖြစ်သွားပါမယ်။ ဒီလိုပဲကြံဖန်စိတ်ဖြေရတာပေါ့။

Richard Myo Thant (2-1-2021)

zawgyi

အိႏၵိယႏိုင္ငံမွာ Central Drugs Standard Control Organization (CDSCO) ဆိုတာရွိပါတယ္။ ဗဟိုေဆးပစၥည္းအရည္အေသြးထိန္းသိမ္းေရးအဖြဲ႕အစည္းပါ။ အဲ့ဒီအဖြဲ႕အစည္းကေနၿပီး ခြင့္ျပဳခ်က္ေပးခဲ့တာပါကမာၻ႔လူဦးေရဒုတိယအထူထပ္ဆုံးျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ ကာကြယ္ေဆးကိုအျမန္ထိုးေပးခ်င္ေနပါၿပီ။ ကိုဗစ္ကာကြယ္ေဆးကို ျမန္ျမန္ထိုးေပးကာ ျမန္ျမန္ကာကြယ္ႏိုင္ေလ ေရာဂါကပ္ဆိုးႀကီးကေန ျမန္ျမန္႐ုန္းထြက္ႏိုင္ကာ ျမန္ျမန္စီးပြားေရးနလံထူႏိုင္ေလ ျဖစ္ပါတယ္။အိႏၵိယႏိုင္ငံဟာ ယူေကနဲ႔ အာဂ်င္တီးနားၿပီးရင္ Oxford ကာကြယ္ေဆးကို အေရးေပၚအသုံးျပဳခြင့္ေပးခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ေနာက္အပတ္ဗုဒၶဟူးေန႔ ဇန္နဝါရီလ ၆ ရက္ေန႔ကစတင္ၿပီး ကာကြယ္ေဆးထိုးေပးမယ္လို႔ သတင္းထြက္ေနပါတယ္။ ေလာေလာဆယ္ အဲ့ဒီကာကြယ္ေဆးကို အိႏၵိယရဲ႕ Serum Institue က ထုတ္လုပ္ေပးေနပါတယ္။

Serum Institue of India ရဲ႕လက္ထဲမွာ ေလာေလာဆယ္ stock အေနနဲ႔ doses သန္း ၅၀ စာရွိပါတယ္။ Serum Institue of India ဟာ အိႏၵိယျပည္တြင္းအတြက္ အရင္ဦးစားေပးထုတ္လုပ္မွာျဖစ္ပါတယ္။ဒုတိယဦးစားေပးကေတာ့ ေတာင္အာရွႏိုင္ငံေတြနဲ႔ အာဖရိကႏိုင္ငံေတြျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ အိႏၵိယနဲ႔အိမ္နီးခ်င္းျဖစ္တာေၾကာင့္ ဦးစားေပးခံရမွာေသခ်ာပါတယ္ယူေကႏိုင္ငံမွာေတာ့ AstraZeneca ဟာ ေနာက္အပတ္ကစၿပီး ၁ ပတ္ကို doses ၂ သန္းႏႈန္းနဲ႔ ယူေကမွာ အင္တိုက္အားတိုက္ျဖန႔္ျဖဴးေပးမယ္လို႔ဆိုပါတယ္။ ယူေကအစိုးရဟာ ကူးစက္မႈျမင့္တဲ့ ဗီဇကြဲအသစ္ေၾကာင့္စိုးရိမ္ေနၿပီး ကာကြယ္ေဆးကိုျမန္ျမန္ထိုးေပးဖို႔လုပ္ေနတာျဖစ္ပါတယ္။

သူတို႔ဆီမွာက်ယ္က်ယ္ျပန႔္ျပန႔္ထိုးျဖစ္ေလ က်ေနာ္တို႔အတြက္ေကာင္းေလပါ။ ကိုယ့္အလွည့္မေရာက္ခင္ ကာကြယ္ေဆးကိုက်ယ္က်ယ္ျပန႔္ျပန႔္ေလ့လာစမ္းသပ္ၿပီးသားျဖစ္သြားပါမယ္။ ဒီလိုပဲႀကံဖန္စိတ္ေျဖရတာေပါ့။

Richard Myo Thant (2-1-2021)

Leave a Reply

Your email address will not be published. Required fields are marked *