အေမရိကန္နဲ႔ တ႐ုတ္ဆက္ဆံေရး လမ္းဆုံလမ္းခြသစ္ေရာက္လာၿပီလို႔ တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ေျပာ…

အေမရိကန္နဲ႔ တ႐ုတ္ ဆက္ဆံေရးဟာ အခက္အခဲ ကေသာင္းကနင္းေတြ ရွိခဲ့ၿပီးတဲ့ေနာက္ အေမရိကန္အစိုးရသစ္ လက္ထက္မွာ ပိုေကာင္းတဲ့လမ္းေၾကာင္းေပၚ ေရာက္ေစမယ့္ လမ္းဆုံလမ္းခြသစ္ေပၚ ေရာက္လာေနၿပီလို႔ တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ဇန္နဝါရီ ၂ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ထရမ့္အစိုးရလက္ထက္မွာ ကုန္သြယ္ေရး၊ လူ႔အခြင့္အေရးကအစ ကိုဗစ္အေရးထိ တ႐ုတ္နဲ႔ အျငင္းပြားခဲ့ၿပီး ကမၻာ့စီးပြားအင္အားႀကီး ႏွစ္နိုင္ငံအၾကားမွာ တင္းမာမွုေတြ ျမင့္တက္ခဲ့ပါတယ္။ ၿပီးခဲ့သည့္ ႏွစ္ပိုင္းေတြအတြင္း အေမရိကန္ရဲ့ တ႐ုတ္အေပၚ မူဝါဒေတြဟာ ႏွစ္ဦးႏွစ္ဖက္လုံးသာမက တစ္ကမၻာလုံးကိုပါ နစ္နာေစခဲ့တယ္လို႔ ဝမ္ယီက ဆိုပါတယ္။

အခုေတာ့ ႏွစ္ဖက္လုံး ေမၽွာ္လင့္ခ်က္ တံခါးေပါက္သစ္ေတြဖြင့္လွစ္ၿပီး ေဆြးေႏြးမွုအသစ္ေတြ လုပ္နိုင္မယ့္ အခြင့္အလမ္းေတြ ျပန္ေပၚလာပါၿပီလို႔ ဝမ္ယီက ဆင္ဟြာအပါအဝင္ တ႐ုတ္မီဒီယာေတြနဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။တ႐ုတ္က ေရြးခ်ယ္ထားတဲ့ လူမွုစနစ္နဲ႔ ဖြံ့ၿဖိဳးမွုပုံစံကို အေမရိကန္က ေလးစားရမွာျဖစ္တဲ့အေၾကာင္း၊ အေမရိကန္ကသာ သင္ခန္းစာယူတတ္ရင္ လက္ရွိအခက္အခဲေတြ ေျပလည္သြားမွာျဖစ္တဲ့အေၾကာင္းလည္း ဝမ္ယီက ဆိုပါတယ္။

သတင္း – Reuters
CRD_နိုင္ငံတကာသတင္း

unicode

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ အခက်အခဲ ကသောင်းကနင်းတွေ ရှိခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရသစ် လက်ထက်မှာ ပိုကောင်းတဲ့လမ်းကြောင်းပေါ် ရောက်စေမယ့် လမ်းဆုံလမ်းခွသစ်ပေါ် ရောက်လာနေပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထရမ့်အစိုးရလက်ထက်မှာ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးကအစ ကိုဗစ်အရေးထိ တရုတ်နဲ့ အငြင်းပွားခဲ့ပြီး ကမ္ဘာ့စီးပွားအင်အားကြီး နှစ်နိုင်ငံအကြားမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့သည့် နှစ်ပိုင်းတွေအတွင်း အမေရိကန်ရဲ့ တရုတ်အပေါ် မူဝါဒတွေဟာ နှစ်ဦးနှစ်ဖက်လုံးသာမက တစ်ကမ္ဘာလုံးကိုပါ နစ်နာစေခဲ့တယ်လို့ ဝမ်ယီက ဆိုပါတယ်။

အခုတော့ နှစ်ဖက်လုံး မျှော်လင့်ချက် တံခါးပေါက်သစ်တွေဖွင့်လှစ်ပြီး ဆွေးနွေးမှုအသစ်တွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပြန်ပေါ်လာပါပြီလို့ ဝမ်ယီက ဆင်ဟွာအပါအဝင် တရုတ်မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။တရုတ်က ရွေးချယ်ထားတဲ့ လူမှုစနစ်နဲ့ ဖွံ့ဖြိုးမှုပုံစံကို အမေရိကန်က လေးစားရမှာဖြစ်တဲ့အကြောင်း၊ အမေရိကန်ကသာ သင်ခန်းစာယူတတ်ရင် လက်ရှိအခက်အခဲတွေ ပြေလည်သွားမှာဖြစ်တဲ့အကြောင်းလည်း ဝမ်ယီက ဆိုပါတယ်။

သတင်း – Reuters
CRD_နိုင်ငံတကာသတင်း

Leave a Reply

Your email address will not be published. Required fields are marked *