ဗီယက္နမ္မွာ မ်ိဳးဇီဇကြဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားသူ ပထမဆုံး ေတြ႕ရွိ

ဗြိတိန်နိုင်ငံတစ်ဝန်း အလျင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသော ပထမဆုံး ပြည်ပပြန် ကူးစက်လူနာတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့(ဇန်နဝါရီ ၂) မှာ ပြောဆိုပါတယ်။ မျိုးကွဲဗိုင်းရပ်စ် ကူးစက်ထားသူဟာ ဗြိတိန်ကနေ ဗီယက်နမ်ကို ပြန်ဝင်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမဟာ နိုင်ငံကို ရောက်ချိန်မှာ ကွာရန်တင်းဝင်ခဲ့ကာ ဒီဇင်ဘာ ၂၄ ရက်မှာ ဗိုင်းရပ်စ် positive တွေ့ရှိထားခဲ့တာဖြစ်တယ်လို့ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

သုတေသီတွေဟာ လူနာရဲ့ တို့ဖတ်နမူနာတွေကို မျိုးဗီဇအစီအစဉ် စစ်ဆေးမှုလုပ်ခဲ့ပြီးနောက် VOC 202012/01 လို့ သိကြတဲ့ ဗိုင်းရပ်စ် မူကွဲဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ မူကွဲဗိုင်းရပ်စ်မှာ မျိုးဗီဇ ပြောင်းလဲခြင်းပါဝင်နေပြီး သီအိုရီအရ ဗိုင်းရပ်စ်ဟာ လူတွေအကြား ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်လာနိုင်ခြေကို ဟန့်တားဖို့အတွက် ကမ္ဘာတစ်ဝန်းက နိုင်ငံများဟာ ဗြိတိန်နဲ့ ခရီးသွားလာ ဆက်သွယ်မှုတွေကို ဖြတ်တောက်ခဲ့ကြပါတယ်။ ယင်း မူကွဲဗိုင်းရပ်စ်ဟာ မူလဗိုင်းရပ်စ်တွေထက် ကူးစက်နိုင်ခြေ ၄၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ပိုမြန်ကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။

ဗီယက်နမ်ဟာ ကပ်ရောဂါဖြစ်စဉ်ကြောင့် ဗြိတိန်မှာ ပိတ်မိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို လေကြောင်းက ပြန်ခေါ်နေတဲ့ အစီအစဉ်ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဗီယက်နမ် အစိုးရဟာ တင်းကြပ်တဲ့ ကွာရန်တင်းနဲ့ ထိတွေ့ဆက်စပ်သူ ခြေရာခံခြင်း အစီအမံတွေဆောင်ရွက်ခဲ့ခြင်းဖြင့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်လှုပ်ရှားလည်ပတ်ခွင့်ပြုရာမှာ အခြားအာရှနိုင်ငံတွေထက် များစွာ မြန်ဆန်ခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၁၄၇၄ ဦးဖြစ်ကာ သေဆုံးသူ ၃၅ ဦးဖြစ်ကြောင်း သိရပါတယ်။

crd..CNA

zawgyi

ၿဗိတိန္ႏိုင္ငံတစ္ဝန္း အလ်င္အျမန္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ မ်ိဳးဗီဇကြဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားေသာ ပထမဆုံး ျပည္ပျပန္ ကူးစက္လူနာေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔(ဇန္နဝါရီ ၂) မွာ ေျပာဆိုပါတယ္။ မ်ိဳးကြဲဗိုင္းရပ္စ္ ကူးစက္ထားသူဟာ ၿဗိတိန္ကေန ဗီယက္နမ္ကို ျပန္ဝင္လာတဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး သူမဟာ ႏိုင္ငံကို ေရာက္ခ်ိန္မွာ ကြာရန္တင္းဝင္ခဲ့ကာ ဒီဇင္ဘာ ၂၄ ရက္မွာ ဗိုင္းရပ္စ္ positive ေတြ႕ရွိထားခဲ့တာျဖစ္တယ္လို႔ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာဆိုပါတယ္။

သုေတသီေတြဟာ လူနာရဲ႕ တို႔ဖတ္နမူနာေတြကို မ်ိဳးဗီဇအစီအစဥ္ စစ္ေဆးမႈလုပ္ခဲ့ၿပီးေနာက္ VOC 202012/01 လို႔ သိၾကတဲ့ ဗိုင္းရပ္စ္ မူကြဲျဖစ္ေနတယ္ဆိုတာ ေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။ မူကြဲဗိုင္းရပ္စ္မွာ မ်ိဳးဗီဇ ေျပာင္းလဲျခင္းပါဝင္ေနၿပီး သီအိုရီအရ ဗိုင္းရပ္စ္ဟာ လူေတြအၾကား ပိုမိုလြယ္ကူစြာ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္တဲ့ပုံစံျဖစ္တယ္လို႔ ဆိုပါတယ္။ ဗိုင္းရပ္စ္ မ်ိဳးကြဲသစ္ ကူးစက္လာႏိုင္ေျခကို ဟန္႔တားဖို႔အတြက္ ကမာၻတစ္ဝန္းက ႏိုင္ငံမ်ားဟာ ၿဗိတိန္နဲ႔ ခရီးသြားလာ ဆက္သြယ္မႈေတြကို ျဖတ္ေတာက္ခဲ့ၾကပါတယ္။ ယင္း မူကြဲဗိုင္းရပ္စ္ဟာ မူလဗိုင္းရပ္စ္ေတြထက္ ကူးစက္ႏိုင္ေျခ ၄၀ ကေန ၇၀ ရာခိုင္ႏႈန္းအထိ ပိုျမန္ေၾကာင္း သိပၸံပညာရွင္ေတြက ေျပာဆိုပါတယ္။

ဗီယက္နမ္ဟာ ကပ္ေရာဂါျဖစ္စဥ္ေၾကာင့္ ၿဗိတိန္မွာ ပိတ္မိေနတဲ့ ၎တို႔ႏိုင္ငံသားေတြကို ေလေၾကာင္းက ျပန္ေခၚေနတဲ့ အစီအစဥ္ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ ဗီယက္နမ္ အစိုးရဟာ တင္းၾကပ္တဲ့ ကြာရန္တင္းနဲ႔ ထိေတြ႕ဆက္စပ္သူ ေျခရာခံျခင္း အစီအမံေတြေဆာင္႐ြက္ခဲ့ျခင္းျဖင့္ ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈကို အလ်င္အျမန္ ထိန္းခ်ဳပ္ႏိုင္ခဲ့တာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္လႈပ္ရွားလည္ပတ္ခြင့္ျပဳရာမွာ အျခားအာရွႏိုင္ငံေတြထက္ မ်ားစြာ ျမန္ဆန္ခဲ့ပါတယ္။ ဗီယက္နမ္ရဲ႕ လက္ရွိအထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ စုစုေပါင္း ၁၄၇၄ ဦးျဖစ္ကာ ေသဆုံးသူ ၃၅ ဦးျဖစ္ေၾကာင္း သိရပါတယ္။

crd..CNA

Leave a Reply

Your email address will not be published. Required fields are marked *