အေမရိကန္ႏိုင္ငံ Boston က ဆရာဝန္တစ္ေယာက္ဟာ Moderna ရဲ႕ ကိုဗစ္ ကာကြယ္ေဆးထိုးၿပီးေနာက္ ျပင္းထန္တဲ့ ဓာတ္မတည့္မႈျဖစ္ခဲ့ပါတယ္။
Boston Medical Center က geriatric oncology fellow ျဖစ္သူ Dr. Hossein Sadrzadeh ဟာ ပုဇြန္ဂဏန္းစတာေတြနဲ႔ ဓာတ္မတည့္သူပါ။ သူဟာ Moderna ရဲ႕ကာကြယ္ေဆးကို ၾကာသပေတးေန႔က ထိုးၿပီးၿပီးခ်င္းမၾကာခင္မွာပဲ မူးေဝလာျခင္း၊ ႏွလုံးခုန္ျမန္လာျခင္းေတြ ျဖစ္လာခဲ့ပါတယ္။
သူ႔ကိုအေရးေပၚကိုေခၚသြားကာ ကုသေပးခဲ့ၿပီး ေနာက္ေန႔မွာ ေဆး႐ုံဆင္းခြင့္ေပးခဲ့ပါတယ္။ ဒါဟာ Moderna ကာကြယ္ေဆးထိုးၿပီး ပထမဆုံးျဖစ္တဲ့ ျပင္းထန္တဲ့ဓာတ္မတည့္မႈပါ။
ၿပီးခဲ့တဲ့အပတ္က အေမရိကန္ FDA ရဲ႕အရာရွိအေျပာအရ အေမရိကန္မွာ Pfizer ရဲ႕ကာကြယ္ေဆးနဲ႔ ဓာတ္မတည့္မႈ (၅) မႈရွိခဲ့လို႔ FDA က စုံစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ ကာကြယ္ေဆးကို အစားအေသာက္ေဆးဝါးတို႔နဲ႔ ဓာတ္မတည့္သူမ်ားထိုးရင္ သတိထားပါ။
CRD – Richard Myo Thant (26-12-2020)
Unicode
အမေရိကန်နိုင်ငံ Boston က ဆရာဝန်တစ်ယောက်ဟာ Moderna ရဲ့ ကိုဗစ် ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ပါတယ်။
Boston Medical Center က geriatric oncology fellow ဖြစ်သူ Dr. Hossein Sadrzadeh ဟာ ပုဇွန်ဂဏန်းစတာတွေနဲ့ ဓာတ်မတည့်သူပါ။ သူဟာ Moderna ရဲ့ကာကွယ်ဆေးကို ကြာသပတေးနေ့က ထိုးပြီးပြီးချင်းမကြာခင်မှာပဲ မူးဝေလာခြင်း၊ နှလုံးခုန်မြန်လာခြင်းတွေ ဖြစ်လာခဲ့ပါတယ်။
သူ့ကိုအရေးပေါ်ကိုခေါ်သွားကာ ကုသပေးခဲ့ပြီး နောက်နေ့မှာ ဆေးရုံဆင်းခွင့်ပေးခဲ့ပါတယ်။ ဒါဟာ Moderna ကာကွယ်ဆေးထိုးပြီး ပထမဆုံးဖြစ်တဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှုပါ။
ပြီးခဲ့တဲ့အပတ်က အမေရိကန် FDA ရဲ့အရာရှိအပြောအရ အမေရိကန်မှာ Pfizer ရဲ့ကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှု (၅) မှုရှိခဲ့လို့ FDA က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးကို အစားအသောက်ဆေးဝါးတို့နဲ့ ဓာတ်မတည့်သူများထိုးရင် သတိထားပါ။
CRD – Richard Myo Thant (26-12-2020)