ကိုဗစ်ကြောင့် မဟုတ်ဘဲ လိုင်းပေါ်က ကိုဗစ် ကာကွယ်ဆေးတွေ သောက်လို့ ဘဝကူးသွားတဲ့ သူငယ်ချင်း

သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီးတော့ ကိုဗစ်နဲ့မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ သောက်လို့ ‌ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပြီ..

ကျွန်တော့်ဆေးဆိုင်မှာ လာဝယ်တဲ့သူတိုင်းကို နေ့စဉ်ရက်ဆက် မသောက်ဖို့၊ အလွန်အကျွံ့မသောက်ဖို့၊ ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ် ဒါလဲ ဝယ်နေ သောက်နေကြတုန်း..

တကယ်ဆို ဆရာဝန်တွေရဲ့ပြောစကားအရ Cevit, D3, Zinc တွေက နေ့စဉ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား၊ အဟာရရှိမယ့်အစားအစာစား၊ အိပ်ရေးဝဝ အိပ်တာနဲ့တင် လုံလောက်နေတာ သူများပြောတိုင်း ဝယ်သောက် အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲ သေသွားရတာတွေ..

လူ့ခန္ဓာကိုယ်ခုခံအား (immune) အတွက်လိုအပ်တာက တစ်နေ့ကို Cevit 200mg D3 500 iu, Zinc 20 mg ပဲ လိုတာ၊ အဟာရပြည့်တဲ့ အစားအစာမစားနိုင်လို့ ဆေးသောက်မယ်ဆိုရင်တောင် တစ်နေ့ကို Cevit 1000mg ထက်ပိုမသောက်သင့် BPI Cevit တစ်ပြားကို 100mg ပါတယ် Vicee, Vitacee ဆေးတွေ တစ်ပြားကို 500mg ပါတယ်..

ဗီတာမင် D3 က တကယ်ဆို နေပူစာနာရီဝက်လောက်လှုံ့ယုံနဲ့တင် ok၊ ပြဿနာရှိတာက Zinc Zinc တစ်ပြား 20mg ပါတဲ့အတွက် တစ်နေ့အလွန်ဆုံး တစ်ပြားသောက်သင့်ပေမယ့်… ပိုသောက်တဲ့သူတွေ အော့အန်တာ ဖျားနာတာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်..

Cevit ကို ချဉ်ပေါင်ရွက် မာလကာသီး လိမ်မော်သီး တွေကရ၊ D3 ကို နေပူစာလှုံယုံ နွားနို့သောက်ယုံမျှနဲ့ လုံလောက်ပေမယ့် ပုစွန်အခွံ့ကရတဲ့ Zinc ကိုကျတော့ ဆေးနဲ့ပဲဖြည့်ဆည်းကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရစေပါတယ်.. အဲ့ဒီဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏကိုသာ စုပ်ယူပြီး ပိုတာကို ကျောက်ကပ်က အလုပ်လုပ်ကာ စွန့်ထုတ်ရလို့ ကျောက်ကပ် အလုပ်ပိုလုပ်ရကာ လနဲ့ချည် ကြာတော့ ကျောက်ကပ်ပျက်စီးစေတာပါ။

ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်ထဲ ၂ လုံးပါပြီး အဲ့ဒီ ၂ လုံးစလုံးရဲ့ ၈၀% ပျက်စီးနေရင်တောင် ကိုယ်ခံအား ကောင်းတဲ့လူတွေ မသိသာပါဘူး သိတဲ့အချိန်ဆို နောက်ကျသွားပါပြီ။ ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေက တိတ်တဆိတ် လူသတ်သမားလို့ ခေါ်ကြပါတယ်။

အချုပ်အားဖြင့် Cevit, D3, Zinc ဆေးဝါးတွေကို ကိုဗစ်ရန်ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာသောက်ပါ.. ကိုယ်ခံအား အရမ်းကောင်းချင်လို့ တအား ပိုသောက်မိခဲ့ရင် ကိုဗစ်ကြောင့် မသေ ဆေးကြောင့် သေတတ်ပါကြောင်း.. ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ်‌ရေးသားလိုက်ပါတယ်..

source : Khin Win

zawgyi









source : Khin Win

Leave a Reply

Your email address will not be published. Required fields are marked *