ထိုင္းက ဆိုင္ကယ္ ခိုးယူသူေတြ စစ္တပ္က လိုက္ဖမ္းရာမွ ထိုင္း ဘက္ကေန ျမန္မာ ဘက္ကို ေရကူး ထြက္ေျပး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်က မော်တော်ဆိုင်ကယ်တွေကို လုယက် ခိုးယူနေတဲ့ အုပ်စုတစ်စုဟာ ဇန်နဝါရီ ၁ ရက်နေ့က စစ်သားတွေ လက်ကနေ မြစ်ထဲခုန်ချ ရေကူးပြီး မြန်မာနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

မော်တော်ဆိုင်ကယ် ၆ စီးကို မြန်မာနိုင်ငံဘက် လှေနဲ့ တရားမဝင် သယ်ဆောင်ဖို့ ကြိုးစားနေတာကို ထိုင်းစစ်တပ် လုံခြုံရေး အရာရှိတွေက တွေ့ရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်း – မြန်မာနယ်စပ် တာ့ခ်ခရိုင်က မဲရမက် အပိုင်မှာ မြန်မာနိုင်ငံဘက် မော်တော်ဆိုင်ကယ်တွေကို လှေတွေနဲ့ သယ်ဆောင်ဖို့ ကြိုးစားနေတာကြောင့် စစ်သားတွေက တားဆီးဖို့ ကြိုးစားရာမှာ သံသယ ရှိသူတွေဟာ မြစ်ထဲကို ခုန်ချပြီး မြန်မာနိုင်ငံဘက် ရေကူး ထွက်ပြေးသွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီနောက် သူတို့ထားခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးခဲ့ရာမှာ ပိုင်ဆိုင်မှု အထောက်အထား မရှိကြောင်း တွေ့ရှိခဲ့တာကြောင့် သူတို့ဟာ လုယက်သူ ဒါမှမဟုတ် သူခိုးတွေ ဖြစ်တယ်လို့ သံသယရှိကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီနေ့မှာဘဲ တာ့ခ်ရိုင်၊ မဲဆောက်မြို့က စစ်သားတွေဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား (၁) ဦးနဲ့ မြန်မာနိုင်ငံသား (၁) ဦး ကို ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။

သတင်း၊ ဓာတ်ပုံ – The Nation

zawgyi

ထိုင္းႏိုင္ငံ၊ တာ့ခ္ခ႐ိုင္က ေမာ္ေတာ္ဆိုင္ကယ္ေတြကို လုယက္ ခိုးယူေနတဲ့ အုပ္စုတစ္စုဟာ ဇန္နဝါရီ ၁ ရက္ေန႔က စစ္သားေတြ လက္ကေန ျမစ္ထဲခုန္ခ် ေရကူးၿပီး ျမန္မာႏိုင္ငံဘက္ ထြက္ေျပးသြားတယ္လို႔ The Nation သတင္းက ေဖာ္ျပပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ ၆ စီးကို ျမန္မာႏိုင္ငံဘက္ ေလွနဲ႔ တရားမဝင္ သယ္ေဆာင္ဖို႔ ႀကိဳးစားေနတာကို ထိုင္းစစ္တပ္ လုံၿခဳံေရး အရာရွိေတြက ေတြ႕ရွိခဲ့တယ္လို႔ သတင္းက ဆိုပါတယ္။

ထိုင္း – ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္က မဲရမက္ အပိုင္မွာ ျမန္မာႏိုင္ငံဘက္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို ေလွေတြနဲ႔ သယ္ေဆာင္ဖို႔ ႀကိဳးစားေနတာေၾကာင့္ စစ္သားေတြက တားဆီးဖို႔ ႀကိဳးစားရာမွာ သံသယ ရွိသူေတြဟာ ျမစ္ထဲကို ခုန္ခ်ၿပီး ျမန္မာႏိုင္ငံဘက္ ေရကူး ထြက္ေျပးသြားခဲ့တာလို႔ ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ သူတို႔ထားခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြကို စစ္ေဆးခဲ့ရာမွာ ပိုင္ဆိုင္မႈ အေထာက္အထား မရွိေၾကာင္း ေတြ႕ရွိခဲ့တာေၾကာင့္ သူတို႔ဟာ လုယက္သူ ဒါမွမဟုတ္ သူခိုးေတြ ျဖစ္တယ္လို႔ သံသယရွိေၾကာင္း ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။

အဲဒီေန႔မွာဘဲ တာ့ခ္႐ိုင္၊ မဲေဆာက္ၿမိဳ႕က စစ္သားေတြဟာ နယ္စပ္ကို တရားမဝင္ ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ထိုင္းႏိုင္ငံသား (၁) ဦးနဲ႔ ျမန္မာႏိုင္ငံသား (၁) ဦး ကို ဖမ္းမိခဲ့တယ္လို႔ သတင္းမွာ ဆက္လက္ ေဖာ္ျပထားပါတယ္။

သတင္း၊ ဓာတ္ပုံ – The Nation

Leave a Reply

Your email address will not be published. Required fields are marked *