လာနီညာေၾကာင့္ ျမန္မာျပည္တြင္ အေအးပိုၿပီး အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမည္

ယခုနှစ် (၂၀၂၁) နှစ်ဆန်းပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် လာနီညာကြောင့် မြန်မာတွင် အအေးပိုခြင်း နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာ သွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်လို့ မိုးဇလက သတိပေးထားပါတယ်။

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော လာနီညာအခြေအနေတွင် ရှိနေပြီး နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်။

ပြီးနောက် ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
crd

zawgyi

ယခုႏွစ္ (၂၀၂၁) ႏွစ္ဆန္းပိုင္းတြင္ ျဖစ္ေပၚႏိုင္သည့္ လာနီညာေၾကာင့္ ျမန္မာတြင္ အေအးပိုျခင္း ႏွင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဇန္နဝါရီလႏွင့္ ေဖေဖာ္ဝါရီလအတြင္း ‌ျဖစ္ေပၚလာႏိုင္သည့္ လာနီညာျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္ အက်ိဳးသက္ေရာက္မႈမွာ ေယဘုယ်အားျဖင့္ အေရွ႕ေျမာက္ မုတ္သုံေလ အားေကာင္းမႈေၾကာင့္ ျမန္မာႏိုင္ငံတြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလႈိင္းမ်ား တိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာ သြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဉတုျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့ရွိပါတယ္လို႔ မိုးဇလက သတိေပးထားပါတယ္။

အီေကြတာအနီးရွိ အပူပိုင္း ပစိဖိတ္သမုဒၵရာ၏ ပင္လယ္ေရ မ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားအရ လက္ရွိတြင္ အားအသင့္အတင့္ရွိေသာ လာနီညာအေျခအေနတြင္ ရွိေနၿပီး ႏိုင္ငံတကာ မိုးေလဝသဌာနမ်ား၏ သခ်ၤာပုံစံျပဳ ေမာ္ဒယ္မ်ား ခန႔္မွန္းခ်က္အရ ဇန္နဝါရီလအတြင္း အားအသင့္အတင့္ရွိေသာ လာနီညာ အဆင့္တြင္ ဆက္လက္တည္ရွိႏိုင္သည္။

ၿပီးေနာက္ ေဖေဖာ္ဝါရီလတြင္ အားအနည္းငယ္ရွိေသာ လာနီညာ အဆင့္သို႔ ေရာက္ရွိႏိုင္သည္ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *