Tsirkon Hypersonic Missile စနစ္မ်ားကို ၂၀၂၂ ခုႏွစ္၌ အေျမာက္အျမားစတင္ထုတ္လုပ္မည္

ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်သူ Alexei Krivoruchko က Krasnaya Zvezda သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်း၌ Tsirkon Hypersonic Missile စနစ်များကို ၂၀၂၂ ခုနှစ်၌ အမြောက်အမြားစတင်ထုတ်လုပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါစနစ်များကို 3S-14 Universal Naval Missile Launcher စနစ်များမှ ပစ်ခတ်နိုင်မည်ဖြစ်ပြီး ၎င်းကို Project 22350 ဖရီးဂိတ် များနှင့် Project 20380 ကော်ဗက်ယာဉ်များ၌ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။

#Borei-A နျူကလီးယားရေငုပ်သင်္ဘော ၂ စီးကို ၂၀၂၁ ခုနှစ်၌ ရေချမည် ရုရှားရေတပ်အနေဖြင့် ၂၀၂၇ ခုနှစ်မတိုင်မီ Borei-A နှင့် Yasen-M နျူကလီးယားရေငုပ်သင်္ဘောအရေအတွက် စုစုပေါင်း ၁၄ စီးကို တပ်တော်ဝင်နိုင်ရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။ အဆိုပါရေငုပ်သင်္ဘောများထဲမှ လာမည့်နှစ်၌ Borei-A အမျိုးအစား ၂ စီးကို ရေချမည်ဖြစ်သည်ဟု သိရှိရသည်။ ယခုနှစ်အတွက် အစိုးရနှင့်လက်မှတ်ရေးထိုးထားသည့် စာချုပ်အရ ၄ စီးကို တည်ဆောက်မည်ဖြစ်ပြီး ၂ စီးထက်မနည်း ပြီးစီးအောင်ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။ Project 955A သည် စတုတ္ထမြောက်မျိုးဆက် နျူကလီးယားရေငုပ် သင်္ဘောများလည်းဖြစ်ပြီး ဆူညံမှုကင်းမဲ့ကာ လှုပ်ရှားမှုကောင်းမွန်ရန် ဆောင်ရွက်ထားခြင်း၊ ရေပိုမိုငုပ်နိုင်ခြင်းနှင့် လက်နက်ထိန်းချုပ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရန် ပြုလုပ်မည်ဖြစ်သည်ဟုသိရှိရသည်။

#S-500 လေကာစနစ်များကို ၂၀၂၁ ခုနှစ်၌စတင်တပ်ဖြန့်အသုံးပြုမည် ရုရှားအနေဖြင့် ၂၀၂၁ ခုနှစ်တွင် နောက်ဆုံးပေါ်အဆင့်မြှင့်နည်းပညာများ အသုံးပြုထားသည့် S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို တပ်ဖြန့်အသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟုသိရှိရသည်။ ၎င်းစနစ်တွင် လှိုင်းအလျားမီတာနှုန်းအတွင်း အလုပ်လုပ်ဆောင်နိုင်မည့် Voronezh ရေဒါစနစ်လည်း ပါဝင်မည် ဖြစ်သည်ဟုဆိုသည်။ ရုရှားအနေဖြင့် S-500 စနစ်များကို နောက်ထပ် ၂၅ နှစ် အထိ အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ၎င်းသည် ၄၈၁.၂ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ထောက်လှမ်းနိုင်မည်ဖြစ်ရာ လက်ရှိအသုံးပြုနေသည့် မည်သည့်ကာကွယ်ရေးစနစ်ထက်မဆို ၈၀ ကီလိုမီတာ ပိုမိုထောက်လှမ်းခြေရာခံနိုင်မည်ဖြစ်သည်။

#Tu-160M ၏ ပထမဆုံးပျံသန်းမှုကို ၂၀၂၁ ခုနှစ်အကုန်၌ပြုလုပ်မည် ရုရှားအနေဖြင့် Tu-160 စနစ်များကို Tu-160M အဖြစ် အဆင့်မြှင့်တင်ကာ ပြန်လည်ထုတ်လုပ်ခြင်းကို ၂၀၁၅ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် NK-32-02 အင်ဂျင်စနစ်များကို အသုံးပြုထားသည်ဟုဆိုသည်။

#တာဝေးပျံ UCAV များကို ၂၀၂၁ ခုနှစ်၌ ရုရှားကြည်းတပ်အတွက်ထောက်ပံ့ပေးမည် အဆိုပါဒရုန်းစနစ်များကို နည်းဗျူဟာမြောက်လေယာဉ်စနစ်များအပေါ်တွင် တင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သလို ၎င်းမှလက်နက်စနစ်များကိုလည်း ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်ဟုသိရှိရသည်။

#စမ်းသပ်မှုပြီးဆုံးခြင်းမတိုင်မီ Armata တင့်ကားများကို အမြောက်အမြားထုတ်လုပ်မည် T-14 နှင့် T-15 ကဲ့သို့ လက်နက်စနစ်များကို သယ်ဆောင်နိုင်သည့် Armata တင့်ကားများ၏ စမ်းသပ်မောင်းနှင်နေမှုပြီးဆုံးခြင်းမတိုင်မီ အမြောက်အမြား ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေပြီဖြစ်သည်ဟုသိရှိရသည်။ ထိုသို့ဆောင်ရွက် ခြင်းသည် ပေးပို့ရမည့်အချိန်တိုတောင်းသည့်အတွက် အဆင်သင့်ဖြစ်နေနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ရုရှားတပ်ဖွဲ့များအတွက် စစ်လက်နက်ပစ္စည်း အသုံးချမှုကို အရှိန်မပြက်စေရန်အတွက်လည်းဖြစ်ကြောင်းသိရှိရသည်။

source : MyanmarNews24

zawgyi

႐ုရွားဒုတိယကာကြယ္ေရးဝန္ႀကီးျဖစ္သူ Alexei Krivoruchko က Krasnaya Zvezda သတင္းစာႏွင့္ေတြ႕ဆုံေမးျမန္းခန္း၌ Tsirkon Hypersonic Missile စနစ္မ်ားကို ၂၀၂၂ ခုႏွစ္၌ အေျမာက္အျမားစတင္ထုတ္လုပ္မည္ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။ အဆိုပါစနစ္မ်ားကို 3S-14 Universal Naval Missile Launcher စနစ္မ်ားမွ ပစ္ခတ္ႏိုင္မည္ျဖစ္ၿပီး ၎ကို Project 22350 ဖရီးဂိတ္ မ်ားႏွင့္ Project 20380 ေကာ္ဗက္ယာဥ္မ်ား၌ တပ္ဆင္အသုံးျပဳႏိုင္မည္ျဖစ္သည္။

#Borei-A န်ဴကလီးယားေရငုပ္သေဘၤာ ၂ စီးကို ၂၀၂၁ ခုႏွစ္၌ ေရခ်မည္ ႐ုရွားေရတပ္အေနျဖင့္ ၂၀၂၇ ခုႏွစ္မတိုင္မီ Borei-A ႏွင့္ Yasen-M န်ဴကလီးယားေရငုပ္သေဘၤာအေရအတြက္ စုစုေပါင္း ၁၄ စီးကို တပ္ေတာ္ဝင္ႏိုင္ရန္စီစဥ္ထားျခင္းလည္းျဖစ္သည္။ အဆိုပါေရငုပ္သေဘၤာမ်ားထဲမွ လာမည့္ႏွစ္၌ Borei-A အမ်ိဳးအစား ၂ စီးကို ေရခ်မည္ျဖစ္သည္ဟု သိရွိရသည္။ ယခုႏွစ္အတြက္ အစိုးရႏွင့္လက္မွတ္ေရးထိုးထားသည့္ စာခ်ဳပ္အရ ၄ စီးကို တည္ေဆာက္မည္ျဖစ္ၿပီး ၂ စီးထက္မနည္း ၿပီးစီးေအာင္ျပဳလုပ္မည္ျဖစ္သည္ဟု ဆိုသည္။ Project 955A သည္ စတုတၳေျမာက္မ်ိဳးဆက္ န်ဴကလီးယားေရငုပ္ သေဘၤာမ်ားလည္းျဖစ္ၿပီး ဆူညံမႈကင္းမဲ့ကာ လႈပ္ရွားမႈေကာင္းမြန္ရန္ ေဆာင္႐ြက္ထားျခင္း၊ ေရပိုမိုငုပ္ႏိုင္ျခင္းႏွင့္ လက္နက္ထိန္းခ်ဳပ္မႈစနစ္မ်ား တိုးတက္ေကာင္းမြန္ေစရန္ ျပဳလုပ္မည္ျဖစ္သည္ဟုသိရွိရသည္။

#S-500 ေလကာစနစ္မ်ားကို ၂၀၂၁ ခုႏွစ္၌စတင္တပ္ျဖန႔္အသုံးျပဳမည္ ႐ုရွားအေနျဖင့္ ၂၀၂၁ ခုႏွစ္တြင္ ေနာက္ဆုံးေပၚအဆင့္ျမႇင့္နည္းပညာမ်ား အသုံးျပဳထားသည့္ S-500 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို တပ္ျဖန႔္အသုံးျပဳႏိုင္ရန္ စီစဥ္ထားသည္ဟုသိရွိရသည္။ ၎စနစ္တြင္ လႈိင္းအလ်ားမီတာႏႈန္းအတြင္း အလုပ္လုပ္ေဆာင္ႏိုင္မည့္ Voronezh ေရဒါစနစ္လည္း ပါဝင္မည္ ျဖစ္သည္ဟုဆိုသည္။ ႐ုရွားအေနျဖင့္ S-500 စနစ္မ်ားကို ေနာက္ထပ္ ၂၅ ႏွစ္ အထိ အသုံးျပဳရန္ ရည္႐ြယ္ထားျခင္းျဖစ္ၿပီး ၎သည္ ၄၈၁.၂ ကီလိုမီတာအကြာအေဝးရွိ ပစ္မွတ္ကို ေထာက္လွမ္းႏိုင္မည္ျဖစ္ရာ လက္ရွိအသုံးျပဳေနသည့္ မည္သည့္ကာကြယ္ေရးစနစ္ထက္မဆို ၈၀ ကီလိုမီတာ ပိုမိုေထာက္လွမ္းေျခရာခံႏိုင္မည္ျဖစ္သည္။

#Tu-160M ၏ ပထမဆုံးပ်ံသန္းမႈကို ၂၀၂၁ ခုႏွစ္အကုန္၌ျပဳလုပ္မည္ ႐ုရွားအေနျဖင့္ Tu-160 စနစ္မ်ားကို Tu-160M အျဖစ္ အဆင့္ျမႇင့္တင္ကာ ျပန္လည္ထုတ္လုပ္ျခင္းကို ၂၀၁၅ ခုႏွစ္က စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ၎တြင္ NK-32-02 အင္ဂ်င္စနစ္မ်ားကို အသုံးျပဳထားသည္ဟုဆိုသည္။

#တာေဝးပ်ံ UCAV မ်ားကို ၂၀၂၁ ခုႏွစ္၌ ႐ုရွားၾကည္းတပ္အတြက္ေထာက္ပံ့ေပးမည္ အဆိုပါဒ႐ုန္းစနစ္မ်ားကို နည္းဗ်ဴဟာေျမာက္ေလယာဥ္စနစ္မ်ားအေပၚတြင္ တင္ေဆာင္အသုံးျပဳႏိုင္မည္ျဖစ္သလို ၎မွလက္နက္စနစ္မ်ားကိုလည္း ပစ္ခတ္တိုက္ခိုက္ႏိုင္မည္ျဖစ္သည္ဟုသိရွိရသည္။

#စမ္းသပ္မႈၿပီးဆုံးျခင္းမတိုင္မီ Armata တင့္ကားမ်ားကို အေျမာက္အျမားထုတ္လုပ္မည္ T-14 ႏွင့္ T-15 ကဲ့သို႔ လက္နက္စနစ္မ်ားကို သယ္ေဆာင္ႏိုင္သည့္ Armata တင့္ကားမ်ား၏ စမ္းသပ္ေမာင္းႏွင္ေနမႈၿပီးဆုံးျခင္းမတိုင္မီ အေျမာက္အျမား ထုတ္လုပ္ျခင္းကို ေဆာင္႐ြက္ေနၿပီျဖစ္သည္ဟုသိရွိရသည္။ ထိုသို႔ေဆာင္႐ြက္ ျခင္းသည္ ေပးပို႔ရမည့္အခ်ိန္တိုေတာင္းသည့္အတြက္ အဆင္သင့္ျဖစ္ေနႏိုင္ေစရန္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ႐ုရွားတပ္ဖြဲ႕မ်ားအတြက္ စစ္လက္နက္ပစၥည္း အသုံးခ်မႈကို အရွိန္မျပက္ေစရန္အတြက္လည္းျဖစ္ေၾကာင္းသိရွိရသည္။

source : MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *