တော်ဝင်ရေတပ်ရဲ့ မကြာသေးမီကမှ တပ်တော်ဝင်ပြုလုပ်ခဲ့သော လေယာဉ်တင်သင်္ဘောသစ် HMS Queen Elizabeth ဦးဆောင်သော လေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်ဟာ သူမရဲ့ ပထမဆုံးစစ်ဆင်ရေးတာဝန်အတွက် အခြေပြုကာ HMNB Portsmouth မှ လက်ရှိအငြင်းပွားရေပြင် တောင်တရုတ်ပင်လယ်သို့ ဦးတည်တပ်ဖြန့်ထွက်ခွာလာပြီ ဖြစ်ပါတယ်။
ယခုခရီးစဉ်တွင် သူမဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်ပင်လယ်များသို့ သွားရောက်တပ်ဖြန့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက အဆိုပါသင်္ဘောကြီးရဲ့ ပထမဆုံးရှေ့တန်းစစ်ဆင်ရေးတာဝန်ဟာ တောင်တရုတ်ပင်လယ်မှာ ဖြစ်တယ်လို့ တော်ဝင်နိုင်ငံခြားရေးဝန်ကြီး Williamson က ဆိုထားပြီးသားဖြစ်တာကြောင့် တရုတ်ကတော့ ယခုကဲ့သို့ စေလွှတ်လိုက်ခြင်းအတွက် နေတိုးအဖွဲ့ကို အပြစ်တင်ပြောဆိုလိုက်ပါတယ်။
၎င်းတို့အနေနဲ့ မိမိတို့အချုပ်အခြာအာဏာပိုင်နက်ရေပြင်ကို တစ်လက်မမှ အထိမခံဘဲ ကျူးကျော်ဝင်ရောက်လာသူတွေကို လိုအပ်သလို တုန့်ပြန်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဘယ်လိုများ လုပ်ဆောင်မလဲဆိုတာကတော့ စောင့်ကြည့်ရမဲ့အနေအထားပါ။ယခုခရီးစဉ်အတွင်း HMS Queen Elizabeth အနေနဲ့ ဂျပန်နိုင်ငံ Ryukyu ကျွန်းအနီးတွင် အမေရိကန်နဲ့ ဂျပန်ကာကွယ်ရေးရေတပ်များနဲ့ ပူးတွဲစစ်ဆင်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
source : Expand Your Knowledge
zawgyi
ေတာ္ဝင္ေရတပ္ရဲ႕ မၾကာေသးမီကမွ တပ္ေတာ္ဝင္ျပဳလုပ္ခဲ့ေသာ ေလယာဥ္တင္သေဘၤာသစ္ HMS Queen Elizabeth ဦးေဆာင္ေသာ ေလယာဥ္တင္တိုက္ခိုက္ေရးေရယာဥ္အုပ္ဟာ သူမရဲ႕ ပထမဆုံးစစ္ဆင္ေရးတာဝန္အတြက္ အေျချပဳကာ HMNB Portsmouth မွ လက္ရွိအျငင္းပြားေရျပင္ ေတာင္တ႐ုတ္ပင္လယ္သို႔ ဦးတည္တပ္ျဖန႔္ထြက္ခြာလာၿပီ ျဖစ္ပါတယ္။
ယခုခရီးစဥ္တြင္ သူမဟာ ပစိဖိတ္သမုဒၵရာနဲ႔ ဆက္စပ္ပင္လယ္မ်ားသို႔ သြားေရာက္တပ္ျဖန႔္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၉ ကတည္းက အဆိုပါသေဘၤာႀကီးရဲ႕ ပထမဆုံးေရွ႕တန္းစစ္ဆင္ေရးတာဝန္ဟာ ေတာင္တ႐ုတ္ပင္လယ္မွာ ျဖစ္တယ္လို႔ ေတာ္ဝင္ႏိုင္ငံျခားေရးဝန္ႀကီး Williamson က ဆိုထားၿပီးသားျဖစ္တာေၾကာင့္ တ႐ုတ္ကေတာ့ ယခုကဲ့သို႔ ေစလႊတ္လိုက္ျခင္းအတြက္ ေနတိုးအဖြဲ႕ကို အျပစ္တင္ေျပာဆိုလိုက္ပါတယ္။
၎တို႔အေနနဲ႔ မိမိတို႔အခ်ဳပ္အျခာအာဏာပိုင္နက္ေရျပင္ကို တစ္လက္မမွ အထိမခံဘဲ က်ဴးေက်ာ္ဝင္ေရာက္လာသူေတြကို လိုအပ္သလို တုန႔္ျပန္လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ ေၾကညာထားပါတယ္။
ဘယ္လိုမ်ား လုပ္ေဆာင္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမဲ့အေနအထားပါ။ယခုခရီးစဥ္အတြင္း HMS Queen Elizabeth အေနနဲ႔ ဂ်ပန္ႏိုင္ငံ Ryukyu ကြၽန္းအနီးတြင္ အေမရိကန္နဲ႔ ဂ်ပန္ကာကြယ္ေရးေရတပ္မ်ားနဲ႔ ပူးတြဲစစ္ဆင္မႈေတြ ျပဳလုပ္မယ္လို႔ သိရပါတယ္။
source : Expand Your Knowledge