႐ုရွားတို႔၏ ေမာင္းသူမဲ့ ဒ႐ုန္း ႏွင့္ ဒုံးပ်ံမ်ားအေၾကာင္းတေစ့တေစာင္း

ပြည်ပသို့ရောင်းချရန်အလားအလာအများကြီးရှိသည့် ရုရှားတို့၏ နောက်ဆုံးထုတ် Orion ဟုအမည်ပေးထားသည့် အမေရိကန်လုပ် Predator ပုံစံ Drone မှ ပထမဆုံးဒုံးပျံပစ်ခတ် စမ်းသပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ Orion မောင်းသူမဲ့ဝေဟင်ယာဉ်သည် ပဲ့ထိန်းဒုံးကျည်များကိုပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်ခြင်းစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရဲ့ပထမဆုံး အပြည့်အဝတာဝန်ထမ်းဆောင်နိုင်တဲ့ လက်နက်တပ်ဆင်ထားတဲ့ drone တွေထုတ်လုပ်ဖို့ သိသာထင်ရှားတဲ့ခြေလှမ်းတစ်ခုကို လှမ်းတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ drone နှင့် guided glide bombs များကိုလဲစမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။ရုရှားရဲ့ပြောကြားရာမှာတော့ ဒီ guided bomb တွေကို ဆီးရီးယားစစ်မြေပြင်မှာ ၂၀၁၈ လောက်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ပိုပြီးအစွမ်းထက်တဲ့ ပဲထိန်းဒုံးကျည်တွေကိုတော့ အခုမှစပြီးစမ်းသပ်တာလို့ဆိုပါတယ်။

ဘယ်လိုဒုံးကျည် အမျိုးအစားကိုပစ်ခတ်ခဲ့တယ်လို့ မသိရှိရပေမယ့် အရွယ်အစားသေးငယ်တဲ့ ပဲထိန်းဒုံးကျည်လို့ အစီရင်ခံချက်တွေမှာဖော်ပြခဲ့တဲ့အတွက် ရုရှားတို့ရဲ့လက်ရှိ ပဲထိန်းပုံစံပြောင်း 57mm S-5 ဒုံးကျည်တွေဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။

ဤလက်နက်ဟာ အမေရိကန်ဒီဇိုင်း အဆင့်မြင့်တိကျသောလက်နက်စနစ် AGR-20A II (APKWS II) Advanced Precision Kill Weapon System II ဖြစ်တဲ့ Hydra 70 unguided rocket ကို လေဆာလမ်းညွှန်စနစ်တပ်ဆင်ထားသည် နှင့်ဆင်တူပါတယ်။

ရုရှားနိုင်ငံ၏ မောင်းသူမဲ့လေယာဉ်များအတွက် ပိုမိုခေတ်မီလမ်းညွှန်နိုင်သော ဒုံးကျည်များကိုရုရှား Tactical Missile Corporation (KTRV) ကတီထွင်လျှက်ရှိပါတယ်။ကုမ္ပဏီအနေဖြင့် မောင်းသူမဲ့ဝေဟင်ယာဉ်များ (UAVs) တွင် ပေါင် ၁၁၀ နှင့် ၂၂၀ ပေါင်ဒုံးကျည်များတပ်ဆင်နိုင်ရန် ထုတ်လုပ်လျှက်ရှိသော်လည်း လက်ရှိအချိန်ထိ ပေါင် ၁၁၀ Kh-50 ဒုံးကျည်များကိုသာ လူသိရှင်ကြားထုတ်ဖော်ပြသထားပါတယ်။

မကြာသေးမီကစမ်းသပ်မှုများ၌ အသုံးပြုထားသော လမ်းညွှန်ပဲ့ထိန်းဒုံးကျည်များတွင် Kronshtadt မှထုတ်ဖော်ပြသထားသော ၁၁၀ ပေါင်ရှိသောလက်နက် ၂ မျိုးပါ ဝင်နိုင်ပါတယ်။၎င်းတို့သည် KAB-50 နှင့် UPAB-50 တို့ဖြစ်နိုင်ပါတယ်။

KAB ကို လေဆာပဲထိန်းစနစ်နှင့် လမ်းကြောင်းတည့်မတ်ပေးတဲ့ ဗုံးအဖြစ်ဖန်တီးထားပြီး၊ UPAB ကတော့ universal gliding ဆိုသည့်အတိုင်း အကွားအဝေးအတော်အတန် အထိရောက်အောင် ပစ်ခတ်ပြီးသည့်အခါ ဒုံးကျည်မှ တောင်ပံများထပ်မံဖြန့်ကျက်ထားပါတယ်။

ဒါပေမယ့်ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ၂၀၂၁ ပြက္ခဒိန်တွင် Orion Drone ကို Kronshtadt ကထုတ်လုပ်တဲ့ ၄၄ ပေါင် KB-20 ဗုံး သယ်ဆောင်နေတဲ့ပုံကို ဖော်ပြထားပါတယ်။အဆိုပါဗုံးဟာ တူရကီ TB 2 drone များမှ ပစ်ခတ်သည့် MAM-L ဗုံးများနှင့်ဆင်တူပြီး အာမေနီးယား အဇာဘိုင်ဂျန်စစ်ပွဲတွင်အောင်မြင်မှုများရရှိခဲ့တဲ့ လက်နက်တွေဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလတွင် Kronshtadt ရဲ့ ပထမဆုံး Orion မောင်းသူမဲ့လေယာဉ်စနစ်ကို အဆိုပါ မောင်းသူမဲ့ လေယာဉ်သုံးစီးအပါအဝင် ရုရှားဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သို့သော်ထိုအချိန်တွင် Kronshtadt ကို မှာယူစဉ်က နည်းပညာသတ်မှတ်ချက်များတွင်မပါဝင်သော ထပ်ဆောင်းလိုအပ်ချက်များ ဝန်ကြီးဌာနမှ လိုချင်သေးသောကြောင့် drone များကို လွှဲပြောင်းပြီးနောက် ကုမ္ပဏီသို့ပြန်လည်ပို့ဆောင်စေပြီး မွန်းမံမှုများ ထပ်မံပြုလုပ်စေခဲ့ပါတယ်။

စုစုပေါင်းအလေးချိန်ပေါင် ၂,၂၅၀ ခန့်ရှိပြီး ၂၄ နာရီပျံသန်းတာဝန်ထမ်းဆောင်နိုင်သည့် ရုရှား ၏ Orion မောင်းသူမဲ့လေယာဉ်ဟာ အမေရိကန်တို့ရဲ့ 2018 ကအနားပေးခဲ့တဲ့ MQ-1 နှင့်သာယှဉ်နိုင်ပြီး လက်ရှိတွင် အမေရိကန်လေတပ်အနေဖြင့် ပေါင် ၁၀၅၀၀ အလေးချိန်ရှိ MQ-9 Reaper များကိုအသုံးပြုနေပါတယ်။

နောက်ထပ် MQ-9 ကိုအစားထိုးမည့် ဗျူဟာမြောက် မောင်းသူမဲ့လေယာဉ်ကိုလဲ လက်ရှိမှာ Develop လုပ်နေကောင်း လုပ်နေပြီဖြစ်လို့ drone နည်းပညာမှာတော့ ရုရှားအနေဖြင့် အနည်းငယ်နောက်ကျနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

မူရင်း စစ်သမိုင်းနှင့် စစ်လက်နက်များ အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။
မျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ျပည္ပသို႔ေရာင္းခ်ရန္အလားအလာအမ်ားႀကီးရွိသည့္ ႐ုရွားတို႔၏ ေနာက္ဆုံးထုတ္ Orion ဟုအမည္ေပးထားသည့္ အေမရိကန္လုပ္ Predator ပုံစံ Drone မွ ပထမဆုံးဒုံးပ်ံပစ္ခတ္ စမ္းသပ္ခဲ့ပါတယ္။

႐ုရွားနိုင္ငံ၏ Orion ေမာင္းသူမဲ့ေဝဟင္ယာဥ္သည္ ပဲ့ထိန္းဒုံးက်ည္မ်ားကိုပထမဆုံးအႀကိမ္အျဖစ္ ပစ္ခတ္ျခင္းစမ္းသပ္ခဲ့ျခင္းျဖစ္ၿပီး နိုင္ငံရဲ့ပထမဆုံး အျပည့္အဝတာဝန္ထမ္းေဆာင္နိုင္တဲ့ လက္နက္တပ္ဆင္ထားတဲ့ drone ေတြထုတ္လုပ္ဖို႔ သိသာထင္ရွားတဲ့ေျခလွမ္းတစ္ခုကို လွမ္းတက္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

အဆိုပါ drone ႏွင့္ guided glide bombs မ်ားကိုလဲစမ္းသပ္ပစ္ခတ္ခဲ့ပါေသးတယ္။႐ုရွားရဲ့ေျပာၾကားရာမွာေတာ့ ဒီ guided bomb ေတြကို ဆီးရီးယားစစ္ေျမျပင္မွာ ၂၀၁၈ ေလာက္ကတည္းက အသုံးျပဳခဲ့တာျဖစ္ၿပီး ပိုၿပီးအစြမ္းထက္တဲ့ ပဲထိန္းဒုံးက်ည္ေတြကိုေတာ့ အခုမွစၿပီးစမ္းသပ္တာလို႔ဆိုပါတယ္။

ဘယ္လိုဒုံးက်ည္ အမ်ိဳးအစားကိုပစ္ခတ္ခဲ့တယ္လို႔ မသိရွိရေပမယ့္ အရြယ္အစားေသးငယ္တဲ့ ပဲထိန္းဒုံးက်ည္လို႔ အစီရင္ခံခ်က္ေတြမွာေဖာ္ျပခဲ့တဲ့အတြက္ ႐ုရွားတို႔ရဲ့လက္ရွိ ပဲထိန္းပုံစံေျပာင္း 57mm S-5 ဒုံးက်ည္ေတြျဖစ္နိုင္တယ္လို႔သုံးသပ္ၾကပါတယ္။

ဤလက္နက္ဟာ အေမရိကန္ဒီဇိုင္း အဆင့္ျမင့္တိက်ေသာလက္နက္စနစ္ AGR-20A II (APKWS II) Advanced Precision Kill Weapon System II ျဖစ္တဲ့ Hydra 70 unguided rocket ကို ေလဆာလမ္းညႊန္စနစ္တပ္ဆင္ထားသည္ ႏွင့္ဆင္တူပါတယ္။

႐ုရွားနိုင္ငံ၏ ေမာင္းသူမဲ့ေလယာဥ္မ်ားအတြက္ ပိုမိုေခတ္မီလမ္းညႊန္နိုင္ေသာ ဒုံးက်ည္မ်ားကို႐ုရွား Tactical Missile Corporation (KTRV) ကတီထြင္လၽွက္ရွိပါတယ္။ကုမၸဏီအေနျဖင့္ ေမာင္းသူမဲ့ေဝဟင္ယာဥ္မ်ား (UAVs) တြင္ ေပါင္ ၁၁၀ ႏွင့္ ၂၂၀ ေပါင္ဒုံးက်ည္မ်ားတပ္ဆင္နိုင္ရန္ ထုတ္လုပ္လၽွက္ရွိေသာ္လည္း လက္ရွိအခ်ိန္ထိ ေပါင္ ၁၁၀ Kh-50 ဒုံးက်ည္မ်ားကိုသာ လူသိရွင္ၾကားထုတ္ေဖာ္ျပသထားပါတယ္။

မၾကာေသးမီကစမ္းသပ္မွုမ်ား၌ အသုံးျပဳထားေသာ လမ္းညႊန္ပဲ့ထိန္းဒုံးက်ည္မ်ားတြင္ Kronshtadt မွထုတ္ေဖာ္ျပသထားေသာ ၁၁၀ ေပါင္ရွိေသာလက္နက္ ၂ မ်ိဳးပါ ၀င္နိုင္ပါတယ္။၎တို႔သည္ KAB-50 ႏွင့္ UPAB-50 တို႔ျဖစ္နိုင္ပါတယ္။

KAB ကို ေလဆာပဲထိန္းစနစ္ႏွင့္ လမ္းေၾကာင္းတည့္မတ္ေပးတဲ့ ဗုံးအျဖစ္ဖန္တီးထားၿပီး၊ UPAB ကေတာ့ universal gliding ဆိုသည့္အတိုင္း အကြားအေဝးအေတာ္အတန္ အထိေရာက္ေအာင္ ပစ္ခတ္ၿပီးသည့္အခါ ဒုံးက်ည္မွ ေတာင္ပံမ်ားထပ္မံျဖန႔္က်က္ထားပါတယ္။

ဒါေပမယ့္႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ၂၀၂၁ ျပကၡဒိန္တြင္ Orion Drone ကို Kronshtadt ကထုတ္လုပ္တဲ့ ၄၄ ေပါင္ KB-20 ဗုံး သယ္ေဆာင္ေနတဲ့ပုံကို ေဖာ္ျပထားပါတယ္။အဆိုပါဗုံးဟာ တူရကီ TB 2 drone မ်ားမွ ပစ္ခတ္သည့္ MAM-L ဗုံးမ်ားႏွင့္ဆင္တူၿပီး အာေမနီးယား အဇာဘိုင္ဂ်န္စစ္ပြဲတြင္ေအာင္ျမင္မွုမ်ားရရွိခဲ့တဲ့ လက္နက္ေတြျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ဧၿပီလတြင္ Kronshtadt ရဲ့ ပထမဆုံး Orion ေမာင္းသူမဲ့ေလယာဥ္စနစ္ကို အဆိုပါ ေမာင္းသူမဲ့ ေလယာဥ္သုံးစီးအပါအ၀င္ ႐ုရွားဝန္ႀကီးဌာနသို႔လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

သို႔ေသာ္ထိုအခ်ိန္တြင္ Kronshtadt ကို မွာယူစဥ္က နည္းပညာသတ္မွတ္ခ်က္မ်ားတြင္မပါ၀င္ေသာ ထပ္ေဆာင္းလိုအပ္ခ်က္မ်ား ၀န္ႀကီးဌာနမွ လိုခ်င္ေသးေသာေၾကာင့္ drone မ်ားကို လႊဲေျပာင္းၿပီးေနာက္ ကုမၸဏီသို႔ျပန္လည္ပို႔ေဆာင္ေစၿပီး မြန္းမံမွုမ်ား ထပ္မံျပဳလုပ္ေစခဲ့ပါတယ္။

စုစုေပါင္းအေလးခ်ိန္ေပါင္ ၂,၂၅၀ ခန႔္ရွိၿပီး ၂၄ နာရီပ်ံသန္းတာဝန္ထမ္းေဆာင္နိုင္သည့္ ႐ုရွား ၏ Orion ေမာင္းသူမဲ့ေလယာဥ္ဟာ အေမရိကန္တို႔ရဲ့ 2018 ကအနားေပးခဲ့တဲ့ MQ-1 ႏွင့္သာယွဥ္နိုင္ၿပီး လက္ရွိတြင္ အေမရိကန္ေလတပ္အေနျဖင့္ ေပါင္ ၁၀၅၀၀ အေလးခ်ိန္ရွိ MQ-9 Reaper မ်ားကိုအသုံးျပဳေနပါတယ္။

ေနာက္ထပ္ MQ-9 ကိုအစားထိုးမည့္ ဗ်ဴဟာေျမာက္ ေမာင္းသူမဲ့ေလယာဥ္ကိုလဲ လက္ရွိမွာ Develop လုပ္ေနေကာင္း လုပ္ေနၿပီျဖစ္လို႔ drone နည္းပညာမွာေတာ့ ႐ုရွားအေနျဖင့္ အနည္းငယ္ေနာက္က်ေနတယ္လို႔ဆိုရမွာပဲျဖစ္ပါတယ္။

မူရင္း စစ္သမိုင္းႏွင့္ စစ္လက္နက္မ်ား အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။
မၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *