“ထိုင္ဝမ္ဟာ အနီေရာင္မ်ဥ္းပဲ ၊ ေက်ာ္ရင္ စစ္ျဖစ္ၿပီလို႔သာမွတ္ ၊ ဘိုင္ဒင္ အိညက္အိညက္လုပ္ေနလို႔မရဘူး”

ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာန က ဂ်ိဳးဘိုင္ဒင္ ကို ထိုင္ဝမ္နဲ႔ ပတ္သက္ၿပီး မာမာထန္ထန္ေနစမ္းပါလို႔ ေသာၾကာေန႔က သတိေပးလိုက္ပါတယ္တ႐ုပ္ဟာ ထိုင္ဝမ္အေရးမွာ ရန္လိုလာတဲ့ပုံစံရွိလာတဲ့အတြက္ ထိုင္ဝမ္ကၽြန္းအႏၲရာယ္ကင္းဖို႔အေရးဟာ အနီေရာင္မ်ဥ္းပါးပါးေလး the thin red line ျဖစ္လာတယ္စည္းေက်ာ္တာနဲ႔အႏၲရာယ္ရွိလာမယ္လို႔ သတိေပးလိုက္တာပါပဲ

” ကၽြန္ေတာ္တို႔စိုးရိမ္ေနတယ္ တ႐ုပ္ဟာ ထိုင္ဝမ္အေပၚ သူ႔ရဲ့ရန္လိုမွုေတြကိုပိုပိုၿပီး ထုတ္ျပလာတယ္ေဟာင္ေကာင္ကိစၥနဲ႔ေတာင္မတူဘူးေနာက္ထပ္ပစ္မွတ္တစ္ခုဟာ လူတိုင္းစိတ္ပူေနၾကတဲ့ ထိုင္ဝမ္အေရးျဖစ္လာတယ္ ” လို႔ ကာကြယ္ေရး ဌာန ဒုဝန္ႀကီးYasuhide Nakayama ကရိုက္တာကိုေျပာျပခဲ့ပါတယ္

ရိုက္တာနဲ႔ အင္တာျဗဴးတစ္ခုမွာ Yasuhide Nakayama က ထရမ့္လက္ထက္ကလိုပဲ ထိုင္ဝမ္အေပၚမွာစည္းျခားထားဖို႔ ဘိုင္ဒင္ကို တိုက္တြန္းလိုပါတယ္လို႔ ေျပာခဲ့တယ္ထရမ့္ဟာဆိုရင္ တ႐ုပ္ေတြကသူတို႔လက္ေအာက္ခံလို႔ေျပာေနတဲ့ ထိုင္ဝမ္ကို လက္နက္ေတြ ေရာင္းေပးတယ္ ထိေတြ႕ဆက္ဆံမွုေတြပိုလုပ္ခဲ့တယ္လို႔ ဆိုပါတယ္

ထိုင္ဝမ္ဂ်ပန္ဆက္ဆံေရးဟာ ခုႏွစ္ပိုင္းေတြအတြင္းမွာ ပိုေခ်ာေမြ႕ေနၿပီး အစိုးရခ်င္းမပတ္သက္တဲ့ ဆက္ဆံမွုေတြမွာ ပိုၿပီးႀကီးထြားခဲ့ပါတယ္တိုက်ိဳအေနနဲ႔ one china ေပၚလစီကိုလက္ခံထားပါတယ္

ဂ်ပန္ဟာ သူ႔ရဲ့အိမ္နီးခ်င္းတ႐ုပ္နဲ႔ဆက္ဆံေရးကို ညင္သာစြာထိန္းညႇိထားသလို စစ္ေရးမဟာမိတ္ ဝါရွင္တန္နဲ႔လည္း မိတ္မပ်က္စတမ္း လက္တြဲထားနိုင္ခဲ့ပါတယ္ဂ်ပန္ဟာသူ႔ရဲ့ မဟာဗ်ဴဟာ အက်ိဳးစီးပြားနဲ႔ ပတ္သက္ေနတဲ့ ထိုင္ဝမ္ကိုမပစ္ပယ္နိုင္ပါဘူး

ဂ်ပန္တို႔ရဲ့ ကုန္သြယ္ေရးနဲ႔ စြမ္းအင္ျဖည့္တင္းေရး ၊ ပင္လယ္ေရေၾကာင္းလမ္းေပၚက ထိုင္ဝမ္ကၽြန္းကို ဂ်ပန္တို႔ မပစ္ပယ္နိုင္တာဟာ သိပ္မထူးဆန္းပါဘူး” ခုထိေတာ့ ဂ်ိဳးဘိုင္ဒင္ရဲ့ ထိုင္ဝမ္အေပၚ ရွင္းလင္းတဲ့ ေပၚလစီနဲ႔ရပ္တည္မွုေၾကညာခ်က္ကိုမေတြ႕ရေသးဘူး ၾကားခ်င္ပါတယ္ ခုကိုၾကားခ်င္ပါတယ္

ဒါမွ ကၽြန္ေတာ္တို႔လည္း ထိုင္ဝမ္အေပၚဘယ္လို ဆက္သြားရမယ္ ဆိုတာျပင္ဆင္နိုင္မယ္ ” လို႔ Yasuhide Nakayama ကေျပာပါတယ္ေရြးေကာက္ပြဲယွဥ္ၿပိဳင္ေနတုန္းက ဘိုင္ဒင္က ထိုင္ဝမ္နဲ႔ အပါအဝင္ စိတ္တူသေဘာတူဒီမိုကေရစီနိုင္ငံေတြနဲ႔ဆက္ဆံေရးပိုမိုေကာင္းေအာင္ ျမႇင့္တင္သြားမယ္လို႔ ေႂကြးေၾကာ္ခဲ့ဖူးပါတယ္

ၿပီးခဲ့တဲ့ဆယ္စုႏွစ္ကာလေတြမွာဘိုင္ဒင္ဟာ ဆီးနိတ္အမတ္ဘဝမွာ US အေနနဲ႔ထိုင္ဝမ္ကိုကာကြယ္ေပးဖို႔တာဝန္ရွိမရွိ ေမးခြန္းထုတ္ခဲ့ဖူး ပါတယ္ဘိုင္ဒင္ရဲ့ သမၼတတာဝန္လႊဲေျပာင္းေရး အဖြဲ႕ ဝင္ တစ္ေယာက္က ေတာ့ အေမရိကန္ရဲ့ထိုင္ဝမ္အေပၚ ေထာက္ခံမွုဟာ ခိုင္မာတယ့္မူဝါဒရွိတယ္ ႏွစ္ဖက္သေဘာမၽွတယ္လို႔ ေျပာခဲ့ပါတယ္

တ႐ုပ္ဟာ ထိုင္ဝမ္ကိုလက္နက္ေရာင္းခ်မွုနဲ႔ပတ္သက္ၿပီး US ကိုမေက်နပ္တဲ့အျပင္ အဆင့္ျမင့္ အရာရွိႀကီးေတြတရားဝင္သြားေရာက္လည္ပတ္ဆက္ဆံေနမွုေတြအေပၚ ကန႔္ကြက္ေနခဲ့ပါတယ္တ႐ုပ္ဟာ ဒီမိုကေရစီစနစ္က်င့္သုံးေနတဲ့ထိုင္ဝမ္ကို သူ႔ရဲ့ အစိတ္အပိုင္းျပည္နယ္တစ္ခုအျဖစ္ သတ္မွတ္သေဘာထားတာျဖစ္ပါတယ္ဒီသေဘာထားအတြက္ ထိုင္ဝမ္ကို ျပည္မႀကီးလက္ေအာက္ျပန္ေရာက္ေစဖို႔ အင္အားမသုံးပါဘူးလို႔ အာမမခံထားပါဘူး

‘RED LINE’

” ထိုင္ဝမ္ဟာတ႐ုပ္ျပည္ရဲ့ျပည္တြင္းအေရး ျဖစ္တယ္” လို႔ တ႐ုပ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ Wang Wenbin က ေသာၾကာေန႔ကေျပာပါတယ္

” ဘယ္နိုင္ငံမဆို ဘယ္သူမဆို တ႐ုပ္ျပည္ရဲ့ ျပည္တြင္းအေရးဝင္စြက္ဖက္မွုေတြကို ျပင္းျပင္းထန္ထန္ဆန႔္က်င္ပါတယ္ ” လို႔ Wang Wenbin ကေျပာခဲ့ပါတယ္

ထိုင္ဝမ္ရဲ့ နိုင္ငံျခားေရးက ေျပာခြင့္ရသူ Joanne Ou က အေမရိကန္ရဲ့ freedom and democracy ဆိုတဲ့စကားရပ္အေပၚတူညီတဲ့အျမင္ရွိၿပီး ေထာက္ခံမွုေပးေနတဲ့အေပၚကိုးကားၿပီး ” ထိုင္ဝမ္အေနနဲ႔ ဘိုင္ဒင္အစိုးရနဲ႔ အတူလက္တြဲၿပီးေရွ႕ဆက္ဖို႔ေမၽွာ္လင့္ပါတယ္ ထိုင္ဝမ္အေမရိကန္ ဆက္ဆံေရး ပိုမိုတိုးတက္လာေစဖို႔ လက္ရွိဆက္ဆံေရးကို ပိုခိုင္မာေအာင္လုပ္ေဆာင္သြားမယ္” လို႔ေျပာခဲ့ပါတယ္

တိုက်ိဳက အေမရိကန္သံ႐ုံး အရာရွိေတြကို ဂ်ပန္ကာကြယ္ေရးက ေျပာလိုက္တဲ့အေပၚ မွတ္ခ်က္ေပးဖို႔ရာ ဆက္သြယ္ခဲ့ေပမယ့္ ခရစ္မတ္ကာလနီးေနလို႔ ေမးခြင့္မရခဲ့ပါဘူး” တ႐ုပ္နဲ႔ထိုင္ဝမ္အၾကားမွာ အနီေရာင္မ်ဥ္းကေလး ျခားေနတယ္ ” လို နာကာရာမ ကေျပာခဲ့ပါတယ္

ဒီစကားဟာ အေမရိကန္သမၼတ အိုဘားမား က ဆီးရီးယား ရဲ့ ဓါတုလက္နက္အသုံးျပဳမွု ကိစၥမွာေျပာခဲ့တဲ့စကားပါဒမတ္စကပ္ဟာမ်ဥ္းကေလးကိုေက်ာ္ခဲ့တယ္ ဆိုတဲ့စကားရပ္ပါပဲအဲ့သည္အခ်ိန္က ဘိုင္ဒင္ဟာ ဒုသမၼတျဖစ္ခဲ့ပါတယ္တ႐ုပ္ေတြသာ ဒီစည္းအနီေရာင္ကိုေက်ာ္ခဲ့ရင္ ဂ်ိဳးဘိုင္ဒင္ဘာလုပ္မလဲ လို႔ နာကာရာမကေမးလိုက္ပါတယ္

“အေမရိကန္ေတြဟာ ဒီမိုကေရစီနိုင္ငံေတြရဲ့ ေခါင္းေဆာင္ပါ ကၽြန္ေတာ့္ရင္ထဲကေျပာခ်င္ေနတာရွိတယ္

( အေမရိက မာမာထန္ထန္ေနျပစမ္းပါ ) လို႔ဆိုတာပါပဲ ”

တ႐ုပ္တိုက္ေလယာဥ္ေတြဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ျပေနတာမ်ားၿပီ ထိုင္ဝမ္ရဲ့ သည္းခံနိုင္မွုကိုေသြးတိုးစမ္းေနတယ္လို႔ အေမရိကန္နဲ႔ထိုင္ဝမ္ စစ္တပ္အရာရွိေတြက ေျပာကုန္ပါၿပီတ႐ုပ္ေလယာဥ္တင္သေဘၤာအုပ္စု ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းလာတဲ့အတြက္ ထိုင္ဝမ္ဟာသူ႔ရဲ့ေနဗီနဲ႔ ေလတပ္ကို တနဂၤေႏြေန႔ကတပ္ျဖန႔္ထားခဲ့ရၿပီးျဖစ္ပါတယ္

ဂ်ပန္ကာကြယ္ေရးဌာနက ဒီစကားမ်ိဳးအလကားေျပာတယ္လို႔ ကမၻာက မထင္ၾကပါဘူးဘိုင္ဒင္ဟာ က်မ္းမက်ိန္ခင္မွာပဲ ဖိအားေပးခံေနရပါၿပီ

pi lon ဆရာအား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။
Ref reuters japan times

Unicode

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန က ဂျိုးဘိုင်ဒင် ကို ထိုင်ဝမ်နဲ့ ပတ်သက်ပြီး မာမာထန်ထန်နေစမ်းပါလို့ သောကြာနေ့က သတိပေးလိုက်ပါတယ်

တရုပ်ဟာ ထိုင်ဝမ်အရေးမှာ ရန်လိုလာတဲ့ပုံစံရှိလာတဲ့အတွက် ထိုင်ဝမ်ကျွန်းအန္တရာယ်ကင်းဖို့အရေးဟာ အနီရောင်မျဉ်းပါးပါးလေး the thin red line ဖြစ်လာတယ်စည်းကျော်တာနဲ့အန္တရာယ်ရှိလာမယ်လို့ သတိပေးလိုက်တာပါပဲ

” ကျွန်တော်တို့စိုးရိမ်နေတယ် တရုပ်ဟာ ထိုင်ဝမ်အပေါ် သူ့ရဲ့ရန်လိုမှုတွေကိုပိုပိုပြီး ထုတ်ပြလာတယ်ဟောင်ကောင်ကိစ္စနဲ့တောင်မတူဘူးနောက်ထပ်ပစ်မှတ်တစ်ခုဟာ လူတိုင်းစိတ်ပူနေကြတဲ့ ထိုင်ဝမ်အရေးဖြစ်လာတယ် ” လို့ ကာကွယ်ရေး ဌာန ဒုဝန်ကြီးYasuhide Nakayama ကရိုက်တာကိုပြောပြခဲ့ပါတယ်

ရိုက်တာနဲ့ အင်တာဗြူးတစ်ခုမှာ Yasuhide Nakayama က ထရမ့်လက်ထက်ကလိုပဲ ထိုင်ဝမ်အပေါ်မှာစည်းခြားထားဖို့ ဘိုင်ဒင်ကို တိုက်တွန်းလိုပါတယ်လို့ ပြောခဲ့တယ်ထရမ့်ဟာဆိုရင် တရုပ်တွေကသူတို့လက်အောက်ခံလို့ပြောနေတဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းပေးတယ် ထိတွေ့ဆက်ဆံမှုတွေပိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်

ထိုင်ဝမ်ဂျပန်ဆက်ဆံရေးဟာ ခုနှစ်ပိုင်းတွေအတွင်းမှာ ပိုချောမွေ့နေပြီး အစိုးရချင်းမပတ်သက်တဲ့ ဆက်ဆံမှုတွေမှာ ပိုပြီးကြီးထွားခဲ့ပါတယ်တိုကျိုအနေနဲ့ one china ပေါ်လစီကိုလက်ခံထားပါတယ်

ဂျပန်ဟာ သူ့ရဲ့အိမ်နီးချင်းတရုပ်နဲ့ဆက်ဆံရေးကို ညင်သာစွာထိန်းညှိထားသလို စစ်ရေးမဟာမိတ် ဝါရှင်တန်နဲ့လည်း မိတ်မပျက်စတမ်း လက်တွဲထားနိုင်ခဲ့ပါတယ်ဂျပန်ဟာသူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ ထိုင်ဝမ်ကိုမပစ်ပယ်နိုင်ပါဘူး

ဂျပန်တို့ရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဖြည့်တင်းရေး ၊ ပင်လယ်ရေကြောင်းလမ်းပေါ်က ထိုင်ဝမ်ကျွန်းကို ဂျပန်တို့ မပစ်ပယ်နိုင်တာဟာ သိပ်မထူးဆန်းပါဘူး” ခုထိတော့ ဂျိုးဘိုင်ဒင်ရဲ့ ထိုင်ဝမ်အပေါ် ရှင်းလင်းတဲ့ ပေါ်လစီနဲ့ရပ်တည်မှုကြေညာချက်ကိုမတွေ့ရသေးဘူး ကြားချင်ပါတယ် ခုကိုကြားချင်ပါတယ်

ဒါမှ ကျွန်တော်တို့လည်း ထိုင်ဝမ်အပေါ်ဘယ်လို ဆက်သွားရမယ် ဆိုတာပြင်ဆင်နိုင်မယ် ” လို့ Yasuhide Nakayama ကပြောပါတယ်ရွေးကောက်ပွဲယှဉ်ပြိုင်နေတုန်းက ဘိုင်ဒင်က ထိုင်ဝမ်နဲ့ အပါအဝင် စိတ်တူသဘောတူဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးပိုမိုကောင်းအောင် မြှင့်တင်သွားမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်
ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလတွေမှာဘိုင်ဒင်ဟာ ဆီးနိတ်အမတ်ဘဝမှာ US အနေနဲ့ထိုင်ဝမ်ကိုကာကွယ်ပေးဖို့တာဝန်ရှိမရှိ မေးခွန်းထုတ်ခဲ့ဖူး ပါတယ်ဘိုင်ဒင်ရဲ့ သမ္မတတာဝန်လွှဲပြောင်းရေး အဖွဲ့ ဝင် တစ်ယောက်က တော့ အမေရိကန်ရဲ့ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ ခိုင်မာတယ့်မူဝါဒရှိတယ် နှစ်ဖက်သဘောမျှတယ်လို့ ပြောခဲ့ပါတယ်

တရုပ်ဟာ ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး US ကိုမကျေနပ်တဲ့အပြင် အဆင့်မြင့် အရာရှိကြီးတွေတရားဝင်သွားရောက်လည်ပတ်ဆက်ဆံနေမှုတွေအပေါ် ကန့်ကွက်နေခဲ့ပါတယ်တရုပ်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ထိုင်ဝမ်ကို သူ့ရဲ့ အစိတ်အပိုင်းပြည်နယ်တစ်ခုအဖြစ် သတ်မှတ်သဘောထားတာဖြစ်ပါတယ်ဒီသဘောထားအတွက် ထိုင်ဝမ်ကို ပြည်မကြီးလက်အောက်ပြန်ရောက်စေဖို့ အင်အားမသုံးပါဘူးလို့ အာမမခံထားပါဘူး

‘RED LINE’

” ထိုင်ဝမ်ဟာတရုပ်ပြည်ရဲ့ပြည်တွင်းအရေး ဖြစ်တယ်” လို့ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က သောကြာနေ့ကပြောပါတယ်

” ဘယ်နိုင်ငံမဆို ဘယ်သူမဆို တရုပ်ပြည်ရဲ့ ပြည်တွင်းအရေးဝင်စွက်ဖက်မှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ် ” လို့ Wang Wenbin ကပြောခဲ့ပါတယ်

ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးက ပြောခွင့်ရသူ Joanne Ou က အမေရိကန်ရဲ့ freedom and democracy ဆိုတဲ့စကားရပ်အပေါ်တူညီတဲ့အမြင်ရှိပြီး ထောက်ခံမှုပေးနေတဲ့အပေါ်ကိုးကားပြီး ” ထိုင်ဝမ်အနေနဲ့ ဘိုင်ဒင်အစိုးရနဲ့ အတူလက်တွဲပြီးရှေ့ဆက်ဖို့မျှော်လင့်ပါတယ် ထိုင်ဝမ်အမေရိကန် ဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ လက်ရှိဆက်ဆံရေးကို ပိုခိုင်မာအောင်လုပ်ဆောင်သွားမယ်” လို့ပြောခဲ့ပါတယ်

တိုကျိုက အမေရိကန်သံရုံး အရာရှိတွေကို ဂျပန်ကာကွယ်ရေးက ပြောလိုက်တဲ့အပေါ် မှတ်ချက်ပေးဖို့ရာ ဆက်သွယ်ခဲ့ပေမယ့် ခရစ်မတ်ကာလနီးနေလို့ မေးခွင့်မရခဲ့ပါဘူး

” တရုပ်နဲ့ထိုင်ဝမ်အကြားမှာ အနီရောင်မျဉ်းကလေး ခြားနေတယ် ” လို နာကာရာမ ကပြောခဲ့ပါတယ်

ဒီစကားဟာ အမေရိကန်သမ္မတ အိုဘားမား က ဆီးရီးယား ရဲ့ ဓါတုလက်နက်အသုံးပြုမှု ကိစ္စမှာပြောခဲ့တဲ့စကားပါဒမတ်စကပ်ဟာမျဉ်းကလေးကိုကျော်ခဲ့တယ် ဆိုတဲ့စကားရပ်ပါပဲအဲ့သည်အချိန်က ဘိုင်ဒင်ဟာ ဒုသမ္မတဖြစ်ခဲ့ပါတယ်တရုပ်တွေသာ ဒီစည်းအနီရောင်ကိုကျော်ခဲ့ရင် ဂျိုးဘိုင်ဒင်ဘာလုပ်မလဲ လို့ နာကာရာမကမေးလိုက်ပါတယ်

“အမေရိကန်တွေဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ခေါင်းဆောင်ပါ ကျွန်တော့်ရင်ထဲကပြောချင်နေတာရှိတယ်

( အမေရိက မာမာထန်ထန်နေပြစမ်းပါ ) လို့ဆိုတာပါပဲ ”

တရုပ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြနေတာများပြီ ထိုင်ဝမ်ရဲ့ သည်းခံနိုင်မှုကိုသွေးတိုးစမ်းနေတယ်လို့ အမေရိကန်နဲ့ထိုင်ဝမ် စစ်တပ်အရာရှိတွေက ပြောကုန်ပါပြီတရုပ်လေယာဉ်တင်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလာတဲ့အတွက် ထိုင်ဝမ်ဟာသူ့ရဲ့နေဗီနဲ့ လေတပ်ကို တနင်္ဂနွေနေ့ကတပ်ဖြန့်ထားခဲ့ရပြီးဖြစ်ပါတယ်

ဂျပန်ကာကွယ်ရေးဌာနက ဒီစကားမျိုးအလကားပြောတယ်လို့ ကမ္ဘာက မထင်ကြပါဘူးဘိုင်ဒင်ဟာ ကျမ်းမကျိန်ခင်မှာပဲ ဖိအားပေးခံနေရပါပြီ

pi lon ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။
Ref reuters japan times

Leave a Reply

Your email address will not be published. Required fields are marked *